ချန်ပီယံလိဂ်ကြောင့်နာကျင်ခံစားနေတဲ့ ဇာဗီးအတွက် ထောက်ခံအားပေးမှုတွေလိုအပ်တယ်

ဘာစီလိုနာပရိသတ်တွေအနေနဲ့ လာမယ့်အယ်လ်ကလက်စီကိုပွဲစဉ်မှာ နည်းပြဇာဗီးကို ထောက်ခံအားပေးကြဖို့ အသင်းဥက္ကဌလာပေါ်တာဘက်က ကမ်းလှမ်းလာခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာရှုံထွက်ရောက်ဖို့ အခြေအနေကောင်းမရှိပေမဲ့ ဒီရာသီ လာလီဂါမှာရှုံးပွဲ မရှိသေးသလို လွန်ခဲ့တဲ့ ၁၂လ အတွင်းမှာ ဇာဗီးရဲ့စွမ်းဆောင်ရည်တွေက အသင်းအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ လာပေါ်တာက ယုံကြည်နေတာဖြစ်တယ်။

စပိန်သတင်းစာ Marca နဲ့တွေ့ဆုံမှုမှာတော့ လာပေါ်တာက “ပရိသတ်တွေကို ယုံကြည်ဖို့ပြောချင်ပါတယ်။

ကျွန်တော်တို့မှာ ပျော်ရွှင်မှုကိုပေးစွမ်းနိုင်တဲ့ အသင်းကောင်းတစ်သင်းရှိပါတယ်။

ပရိသတ်က ဇာဗီးကိုထောက်ခံရမယ်။ ငါတို့က သူ့ကိုပံ့ပိုးရမယ်။ ဇာဗီးဟာ ကလပ်အသင်းအကြောင်းနဲ့ နည်းစနစ်ပိုင်းကို အကောင်းဆုံးသိရှိပြီး ထူးချွန်သူဖြစ်ကြောင်း သက်သေပြထားနိုင်ပါတယ်။

အရာအားလုံးပိုကောင်းလာဖို့ရှိပြီး သူကကျွန်တော်တို့ အတွက်အောင်မြင်မှုတွေအများကြီး ပေးစွမ်းပါလိမ့်မယ်။

ကျွန်တော်တို့အမြဲတမ်း စကားပြောဖြစ်တယ်။ ပွဲပြီးတဲ့အခါတိုင်း ကျွန်တော်တို့စကားပြောလေ့ရှိသလို ချန်ပီယံလိဂ်ပွဲအပြီးမှာ သူ့ကိုဝမ်းနည်းပြီးနာကျင်ခံစားနေရတဲ့ပုံစံနဲ့တွေ့ခဲ့ရပါတယ်။

သူဟာအရာရာတိုင်းကို အကောင်းဘက်တွေးမြင်တတ်ပါတယ်။

ဒါက ကျွန်တော်သဘောကျတဲ့ အချက်ပါ။ ကျွန်တော့်ဘက်ကတော့ ချန်ပီယံလိဂ်အကြောင်းမတွေးဘဲ လာလီဂါကိုအာရုံစိုက်ဖို့ ပြောခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။

(Zawgyi)

ခ်န္ပီယံလိဂ္ေၾကာင့္နာက်င္ခံစားေနတဲ့ ဇာဗီအတြက္ ေထာက္ခံအားေပးမႈေတြလိုအပ္တယ္

ဘာစီလိုနာပရိသတ္ေတြအေနနဲ႔ လာမယ့္အယ္လ္ကလက္စီကိုပြဲစဥ္မွာ နည္းျပဇာဗီကို ေထာက္ခံအားေပးၾကဖို႔ အသင္းဥကၠဌလာေပၚတာဘက္က ကမ္းလွမ္းလာခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာရႈံထြက္ေရာက္ဖို႔ အေျခအေနေကာင္းမရွိေပမဲ့ ဒီရာသီ လာလီဂါမွာရႈံးပြဲ မရွိေသးသလို လြန္ခဲ့တဲ့ ၁၂လ အတြင္းမွာ ဇာဗီရဲ႕စြမ္းေဆာင္ရည္ေတြက အသင္းအေပၚ သက္ေရာက္မႈရွိခဲ့တယ္လို႔ လာေပၚတာက ယုံၾကည္ေနတာျဖစ္တယ္။

စပိန္သတင္းစာ Marca နဲ႔ေတြ႕ဆုံမႈမွာေတာ့ လာေပၚတာက “ပရိသတ္ေတြကို ယုံၾကည္ဖို႔ေျပာခ်င္ပါတယ္။

ကြၽန္ေတာ္တို႔မွာ ေပ်ာ္႐ႊင္မႈကိုေပးစြမ္းႏိုင္တဲ့ အသင္းေကာင္းတစ္သင္းရွိပါတယ္။ ပရိသတ္က ဇာဗီကိုေထာက္ခံရမယ္။ ငါတို႔က သူ႔ကိုပံ့ပိုးရမယ္။ ဇာဗီဟာ ကလပ္အ သင္းအေၾကာင္းနဲ႔ နည္းစနစ္ပိုင္းကို အေကာင္းဆုံးသိရွိၿပီး ထူးခြၽန္သူျဖစ္ေၾကာင္း သက္ေသျပထားႏိုင္ပါတယ္။

အရာအားလုံးပိုေကာင္းလာဖို႔ရွိၿပီး သူကကြၽန္ေတာ္တို႔ အတြက္ေအာင္ျမင္မႈေတြအမ်ားႀကီး ေပးစြမ္းပါလိမ့္မယ္။

ကြၽန္ေတာ္တို႔အၿမဲတမ္း စကားေျပာျဖစ္တယ္။ ပြဲၿပီးတဲ့အခါတိုင္း ကြၽန္ေတာ္တို႔စကားေျပာေလ့ရွိသလို ခ်န္ပီယံလိဂ္ပြဲအၿပီးမွာ သူ႔ကိုဝမ္းနည္းၿပီးနာက်င္ခံစားေနရတဲ့ပုံစံနဲ႔ေတြ႕ခဲ့ရပါတယ္။

သူဟာအရာရာတိုင္းကို အေကာင္းဘက္ေတြးျမင္တတ္ပါတယ္။ ဒါက ကြၽန္ေတာ္သ ေဘာက်တဲ့ အခ်က္ပါ။ ကြၽန္ေတာ့္ဘက္ကေတာ့ ခ်န္ပီယံလိဂ္အေၾကာင္းမေတြးဘဲ လာလီဂါကိုအာ႐ုံစိုက္ဖို႔ ေျပာခဲ့ပါတယ္” လို႔ ဆိုခဲ့ပါတယ္။