ချန်ပီယံလိဂ်ကပြုတ်ပြီး ယူနိုက်တက်နဲ့ထပ်တွေ့တာဟာ နောက်တစ်ကြိမ်ကံဆိုးခြင်းဖြစ်သလို ရော်နယ်ဒိုကခြားနားမှုတွေကိုပြုလုပ်နိုင်ဆဲပဲလို့ ဇာဗီပြောဆို

ယူရိုပါလိဂ် ၃၂နှစ်သင်းအဆင့်မှာ မန်ယူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ရှိနေတဲ့အတွက် ဘာစီလိုနာနည်းပြဇာဗီဟာ မပျော်မရွှင်ဖြစ်နေပါတယ်။

ဘာကာဟာ ယူနိုက်တက်နဲ့ နှစ်ကျော့စလုံးအသေအလဲကစားရနိုင်တယ်လို့ စပိန်သားကယူဆနေသလို ဆိုးရွားလွန်းတဲ့မဲခွဲမှုပဲလို့ တံဆိပ်ကပ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ကထွက်ခဲ့ရတဲ့နောက် ယူရိုပါလိဂ်မှာ သမိုင်းကြောင်းအစဉ်အလာကောင်းတဲ့

ယူနိုက်တက်နဲ့တွေ့ဆုံတာက ဘာစီလိုနာအတွက်ကံမကောင်းခြင်းပဲလို့ ဇာဗီကဖွင့်ဟခဲ့တာဖြစ်တယ်။

မဲခွဲပွဲနဲ့ပတ်သတ်တဲ့ သူ့ရဲ့အမြင်ကိုထုတ်ပြောခဲ့ရာမှာတော့ ဇာဗီက “ဒါဟာ အခက်ခဲဆုံးပြိုင်ဘက်နဲ့ထပ်တွေ့တာပါ။

ဒါပေမဲ့ အခုလိုအခြေအနေမျိုးက ကျွန်တော်တို့ကိုစောင့်ကြိုနေမှာပါပဲ။

သူတို့က သမိုင်းကြောင်းကောင်းတဲ့ပြိုင်ဘက်၊ တန်ဟတ်နဲ့အတူကြီးထွားလာပြီး ထိပ်တန်းကစားသမားကောင်းတွေအများကြီးရှိ နေတယ်။

ဒါဟာကျွန်တော်တို့အတွက် အဆိုးရွားဆုံးမဲခွဲမှုရလဒ်ပါ။ နောက်တစ်ခါ လာပြန်ပါပြီ။ ကံမကောင်းဘူးဗျာ” လို့ ပြောဆိုခဲ့ပါတယ်။

ဟဲဗီးဝိတ်နှစ်သင်းတွေ့ဆုံ မှုဖြစ်ပြီး ဘာစီလိုနာက ဇာဗီဦးဆောင်မှုအောက်မှာရုန်းကန်နေရဆဲဖြစ်သလို

ယူနိုက်တက်ဟာလည်း တန်ဟတ်လက်အောက်မှာတိုးတက်ဖို့အတွက်အရှိန်ယူနေ ရဆဲဖြစ်တယ်။

ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းက လက်ရှိမှာအတော်လေးအားနည်းပြီး ဖြေရှင်းစရာများစွာရှိနေပေမဲ့

ဒီနှစ်သင်းတွေ့ဆုံမှုဟာ ကြားနေသူတွေအတွက်တော့ အရမ်းစွဲမက်ဖို့ကောင်းတဲ့ ကစားပွဲနှစ်ပွဲကိုစောင့်ကြည့်ပြီးခံတွင်းတွေ့မှာအသေအချာ ပါပဲ။

ဒါ့အပြင် ရီးရဲလ်ကစားသမားဘ၀မှာ ဘာစီလိုနာဘက်ကို ဂိုး ၂၀အထိသွင်းခဲ့တဲ့ ရော်နယ်ဒိုနဲ့တကျော့ပြန်ရင်ဆိုင်ရမှာနဲ့ပတ်သတ်လို့ ဇာဗီက

“ဘာစီလိုနာဟာ ယူရိုပါလိဂ်ချန်ပီယံမဖြစ်ခဲ့ဖူးပါဘူး။ ဒါကစိန်ခေါ်မှုဖြစ်ပြီး အနိုင်ရဖို့ကြိုးစားသွားမှာပါ။

ရော်နယ်ဒိုကျဆင်းနေပြီလား။ ကျွန်တော့်အတွက်တော့ သူဟာ ကြီးကျယ်တဲ့ကစားသမားဖြစ်ပြီး

ကမ္ဘာ့ဘောလုံးလောကရဲ့ခေတ်တစ်ခေတ်ကို အမှတ်သားပြုခဲ့သလို ခြားနားမှုတွေလုပ်နိုင်စွမ်းရှိသေးတယ်လို့ထင်ပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ကျပဳတ္ၿပီး ယူႏိုက္တက္နဲ႔ထပ္ေတြ႕တာဟာ ေနာက္တစ္ႀကိမ္ကံဆိုးျခင္းျဖစ္သလို ေရာ္နယ္ဒိုကျခားနားမႈေတြကိုျပဳလုပ္ႏိုင္ဆဲပဲလို႔ ဇာဗီေျပာဆို

ယူ႐ိုပါလိဂ္ ၃၂ႏွစ္သင္းအဆင့္မွာ မန္ယူနဲ႔ထိပ္တိုက္ရင္ဆိုင္ဖို႔ရွိေနတဲ့အတြက္ ဘာစီလိုနာနည္းျပဇာဗီဟာ မေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။

ဘာကာဟာ ယူႏိုက္တက္နဲ႔ ႏွစ္ေက်ာ့စလုံးအေသအလဲကစားရႏိုင္တယ္လို႔ စပိန္သားကယူဆေနသလို ဆိုး႐ြားလြန္းတဲ့မဲခြဲမႈပဲလို႔ တံဆိပ္ကပ္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ကထြက္ခဲ့ရတဲ့ေနာက္ ယူ႐ိုပါလိဂ္မွာ သမိုင္းေၾကာင္းအစဥ္အလာေကာင္းတဲ့

ယူႏိုက္တက္နဲ႔ေတြ႕ဆုံတာက ဘာစီလိုနာအတြက္ကံမေကာင္းျခင္းပဲလို႔ ဇာဗီကဖြင့္ဟခဲ့တာျဖစ္တယ္။

မဲခြဲပြဲနဲ႔ပတ္သတ္တဲ့ သူ႔ရဲ႕အျမင္ကိုထုတ္ေျပာခဲ့ရာမွာေတာ့ ဇာဗီက “ဒါဟာ အခက္ခဲဆုံးၿပိဳင္ဘက္နဲ႔ထပ္ေတြ႕တာပါ။

ဒါေပမဲ့ အခုလိုအေျခအေနမ်ိဳးက ကြၽန္ေတာ္တို႔ကိုေစာင့္ႀကိဳေနမွာပါပဲ။

သူတို႔က သမိုင္းေၾကာင္းေကာင္းတဲ့ၿပိဳင္ဘက္၊ တန္ဟတ္နဲ႔အတူႀကီးထြားလာၿပီး ထိပ္တန္းကစားသမားေကာင္းေတြအမ်ားႀကီးရွိ ေနတယ္။

ဒါဟာကြၽန္ေတာ္တို႔အတြက္ အဆိုး႐ြားဆုံးမဲခြဲမႈရလဒ္ပါ။ ေနာက္တစ္ခါ လာျပန္ပါၿပီ။ ကံမေကာင္းဘူးဗ်ာ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဟဲဗီးဝိတ္ႏွစ္သင္းေတြ႕ဆုံ မႈျဖစ္ၿပီး ဘာစီလိုနာက ဇာဗီဦးေဆာင္မႈေအာက္မွာ႐ုန္းကန္ေနရဆဲျဖစ္သလို

ယူႏိုက္တက္ဟာလည္း တန္ဟတ္လက္ေအာက္မွာတိုးတက္ဖို႔အတြက္အရွိန္ယူေန ရဆဲျဖစ္တယ္။

ယူႏိုက္တက္ရဲ႕တိုက္စစ္ပိုင္းက လက္ရွိမွာအေတာ္ေလးအားနည္းၿပီး ေျဖရွင္းစရာမ်ားစြာရွိေနေပမဲ့

ဒီႏွစ္သင္းေတြ႕ဆုံမႈဟာ ၾကားေနသူေတြအတြက္ေတာ့ အရမ္းစြဲမက္ဖို႔ေကာင္းတဲ့ ကစားပြဲႏွစ္ပြဲကိုေစာင့္ၾကည့္ၿပီးခံတြင္းေတြ႕မွာအေသအခ်ာ ပါပဲ။

ဒါ့အျပင္ ရီးရဲလ္ကစားသမားဘ၀မွာ ဘာစီလိုနာဘက္ကို ဂိုး ၂၀အထိသြင္းခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔တေက်ာ့ျပန္ရင္ဆိုင္ရမွာနဲ႔ပတ္သတ္လို႔ ဇာဗီက

“ဘာစီလိုနာဟာ ယူ႐ိုပါလိဂ္ခ်န္ပီယံမျဖစ္ခဲ့ဖူးပါဘူး။ ဒါကစိန္ေခၚမႈျဖစ္ၿပီး အႏိုင္ရဖို႔ႀကိဳးစားသြားမွာပါ။

ေရာ္နယ္ဒိုက်ဆင္းေနၿပီလား။ ကြၽန္ေတာ့္အတြက္ေတာ့ သူဟာ ႀကီးက်ယ္တဲ့ကစားသမားျဖစ္ၿပီး

ကမာၻ႔ေဘာလုံးေလာကရဲ႕ေခတ္တစ္ေခတ္ကို အမွတ္သားျပဳခဲ့သလို ျခားနားမႈေတြလုပ္ႏိုင္စြမ္းရွိေသးတယ္လို႔ထင္ပါတယ္” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။