ချန်ပီယံလိဂ်ကနေ ဂျူဗီ ပြုတ်မှာ သေခြာသွားလို့ သူဖောင်းထုခဲ့တဲ့ မန်ချက်နဲ့ ယူရိုပါလိဂ်မှာ ပြန်တွေ့တော့မယ်

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ မန်ယူကနေ ဂျူဗင်တပ်ဆီ တစ်ကျော့ပြန် ရောက်ရှိသွားခဲ့တဲ့

ပေါ့ဂ်ဘာဟာ အသင်းအတွက် တစ်ပွဲမှတောင် မကစားပေးရသေးပေမယ့် သူ့အသင်းကတော့

ချန်ပီယံလိဂ်မှာ အုပ်စုအဆင့် ပွဲ (၅)ပွဲအပြီးမှာတင် ပြိုင်ပွဲကို နှုတ်ဆက်ခဲ့လိုက်ရပါပြီ။

အဲဒီပြင်သစ်သားဟာ မန်ယူနဲ့ ခါးခါးသီးသီးလမ်းခွဲမှုအပြီးမှာ

စီးရီးအေကို ပြန်ရောက်လာပေမယ့် အဲဒီမှာ တစ်မိနစ်မှကို မကစားရသေးတာပါ။

အခုတော့ ၂၉ နှစ်အရွယ် ကစားသမားဟာ ယူရိုပါလိဂ်မှာ အသင်းဟောင်း

မန်ယူနဲ့ပြန်တွေ့နိုင်နေပါတယ်။ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့အင်္ဂါညချန်ပီယံလိဂ်မှာ

ဘင်ဖီကာကို ၄-၃ နဲ့ရှုံးပြီး အုပ်စုကထွက်ဖို့ သေချာသွားခဲ့တာပါ။

အိုးလေဒီတို့အနေနဲ့ ၂၀၁၃-၁၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်

ချန်ပီယံလိဂ်အုပ်စုက ပထမဆုံးထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရာသီတစ်ခုအတွင်းမှာ ချန်ပီယံလိဂ်အုပ်စု ၄ ပွဲရှုံးခဲ့တာကလည်း

သူတို့အတွက် ပထမဆုံးအကြိမ်အဖြစ်ခဲ့တာပါ။ အခုတော့ ဂျူဗင်တပ်ဟာ

ယူရိုပါလိဂ်ဆင်းကန်ရနိုင်တဲ့အနေအထားရောက်နေပါတယ်။

ဒါတောင်မှ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ တွေ့ဆုံရအုံးမှာ ဖြစ်သလို

အဆင့်(၄)နေရာမှာရှိနေတဲ့ မက္ကဘီဟိုင်ဖာ အသင်း နဲ့ကလည်း အမှတ်တူ ဂိုးကွာခြားချက်သာရှိတာကြောင့်

အခက်မသင့်ရင့် ဥရောပပြိုင်ပွဲတွေကနေ စောစောစီးစီး နှုတ်ဆက်သွားရမယ့် အနေအထားလည်းရှိနေပါသေးတယ်။

ချန်ပီယံလိဂ်အုပ်စုက ပြုတ်တဲ့အသင်းတွေဟာ ယူရိုပါလိဂ်မှာ

၃၂ အသင်းအဆင့်က စကန်ရမှာပါ။ ယူရိုပါလိဂ်မှာတော့ အုပ်စုထိပ်ဆုံး

အသင်းတွေဟာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်မှာဖြစ်ပြီး

အုပ်စုဒုတိယအသင်းတွေကတော့ ၃၂ သင်းအဆင့်မှာ ချန်ပီယံလိဂ်

အုပ်စုတတိယအသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။

မန်ယူဟာ ယူရိုပါလိဂ်က သူတို့အုပ်စုမှာ ဒုတိယဖြစ်ပြီး ဇယားထိပ်က ဆိုစီဒက်နဲ့ ၃ မှတ်ကွာနေပါတယ်။

zawgyi

မန္ခ်က္ကို ပုတ္ခတ္ေျပာဆိုခဲ့တဲ့ ေပါ့ဘာ – ခ်န္ပီယံလိဂ္ကေန ဂ်ဴဗီ ျပဳတ္မွာ ေသျခာသြားလို႔

သူေဖာင္းထုခဲ့တဲ့ မန္ခ်က္နဲ႔ ယူ႐ိုပါလိဂ္မွာ ျပန္ေတြ႕ေတာ့မယ္

ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ မန္ယူကေန ဂ်ဴဗင္တပ္ဆီ တစ္ေက်ာ့ျပန္ ေရာက္ရွိသြားခဲ့တဲ့

ေပါ့ဂ္ဘာဟာ အသင္းအတြက္ တစ္ပြဲမွေတာင္ မကစားေပးရေသးေပမယ့္ သူ႔အသင္းကေတာ့

ခ်န္ပီယံလိဂ္မွာ အုပ္စုအဆင့္ ပြဲ (၅)ပြဲအၿပီးမွာတင္ ၿပိဳင္ပြဲကို ႏႈတ္ဆက္ခဲ့လိုက္ရပါၿပီ။

အဲဒီျပင္သစ္သားဟာ မန္ယူနဲ႔ ခါးခါးသီးသီးလမ္းခြဲမႈအၿပီးမွာ

စီးရီးေအကို ျပန္ေရာက္လာေပမယ့္ အဲဒီမွာ တစ္မိနစ္မွကို မကစားရေသးတာပါ။

အခုေတာ့ ၂၉ ႏွစ္အ႐ြယ္ ကစားသမားဟာ ယူ႐ိုပါလိဂ္မွာ အသင္းေဟာင္း

မန္ယူနဲ႔ျပန္ေတြ႕ႏိုင္ေနပါတယ္။ ဂ်ဴဗင္တပ္ဟာ ၿပီးခဲ့တဲ့အဂၤါညခ်န္ပီယံလိဂ္မွာ

ဘင္ဖီကာကို ၄-၃ နဲ႔ရႈံးၿပီး အုပ္စုကထြက္ဖို႔ ေသခ်ာသြားခဲ့တာပါ။

အိုးေလဒီတို႔အေနနဲ႔ ၂၀၁၃-၁၄ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္

ခ်န္ပီယံလိဂ္အုပ္စုက ပထမဆုံးထြက္ခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ရာသီတစ္ခုအတြင္းမွာ ခ်န္ပီယံလိဂ္အုပ္စု ၄ ပြဲရႈံးခဲ့တာကလည္း

သူတို႔အတြက္ ပထမဆုံးအႀကိမ္အျဖစ္ခဲ့တာပါ။ အခုေတာ့ ဂ်ဴဗင္တပ္ဟာ

ယူ႐ိုပါလိဂ္ဆင္းကန္ရႏိုင္တဲ့အေနအထားေရာက္ေနပါတယ္။

ဒါေတာင္မွ အုပ္စုအဆင့္ေနာက္ဆုံးပြဲစဥ္မွာ ပီအက္စ္ဂ်ီနဲ႔ ေတြ႕ဆုံရအုံးမွာ ျဖစ္သလို

အဆင့္(၄)ေနရာမွာရွိေနတဲ့ မကၠဘီဟိုင္ဖာ အသင္း နဲ႔ကလည္း အမွတ္တူ ဂိုးကြာျခားခ်က္သာရွိတာေၾကာင့္

အခက္မသင့္ရင့္ ဥေရာပၿပိဳင္ပြဲေတြကေန ေစာေစာစီးစီး ႏႈတ္ဆက္သြားရမယ့္ အေနအထားလည္းရွိေနပါေသးတယ္။

ခ်န္ပီယံလိဂ္အုပ္စုက ျပဳတ္တဲ့အသင္းေတြဟာ ယူ႐ိုပါလိဂ္မွာ

၃၂ အသင္းအဆင့္က စကန္ရမွာပါ။ ယူ႐ိုပါလိဂ္မွာေတာ့ အုပ္စုထိပ္ဆုံး

အသင္းေတြဟာ ၁၆ သင္းအဆင့္ကို တိုက္႐ိုက္တက္မွာျဖစ္ၿပီး

အုပ္စုဒုတိယအသင္းေတြကေတာ့ ၃၂ သင္းအဆင့္မွာ ခ်န္ပီယံလိဂ္

အုပ္စုတတိယအသင္းေတြနဲ႔ ရင္ဆိုင္ရမွာပါ။ မန္ယူဟာ ယူ႐ိုပါလိဂ္က

သူတို႔အုပ္စုမွာ ဒုတိယျဖစ္ၿပီး ဇယားထိပ္က ဆိုစီဒက္နဲ႔ ၃ မွတ္ကြာေနပါတယ္။