ချန်ပီယံဖြစ်ရေးအိပ်မက် အတော်လေး မှေးမှိန်သွားပြီဖြစ်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်၂၃အဖြစ်

ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ

တောင်ပံကစားသမား ဇီရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်

ချေပဂိုး တစ်ဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့်

၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ပွဲစဉ်မှာ သရေရလဒ်သာ ရခဲ့တာကြောင့်

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့

ပရီးမီးယားလိဂ် ၅ပွဲမှာ ၁ပွဲနိုင် ၃ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့

မှတ်တမ်းဆိုး တစ်ခုကို ရခဲ့သလို ချန်ပီယံဖြစ်ရေး

အိပ်မက်ကလည်း အတော်လေး မှေးမှိန်သွားခဲ့ပါတယ်။

မနေ့ည က ပွဲမှာလူကာကူရဲ့ စွမ်းဆောင်ရည် ဟာ သာမန် အဆင့်သာ ရှိခဲ့ပြီး ၊

လူစားလဲခံရခါနီးမှာမှ ပထမ အကြိမ်

ဂိုးပေါက် တည့်အောင် ကန်သွင်းနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ၎င်းအပေါ် အသင်းဖော်တွေမှလည်း

လုံလောက်တဲ့ ပံ့ပိုးမှုတွေ မပေးနိုင်ခဲ့သလို ၊

ကိုယ်တိုင်လည်း အများကြီး ကြိုးစားပေးခဲ့ခြင်း မရှိပါဘူး ။

မနေ့ည က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့

တူချယ်လ် ဟာ ခြေစွမ်း မပေါ်လွင်ခဲ့တဲ့ လူကာကူ အပေါ်

အပြစ်တင် ဝေဖန်ဖို့ ငြင်းဆိုတဲ့ အနေနဲ့ ” ကျွန်တော် ဟာ

ဒီနေ့ပွဲက ဘယ်အသင်းသား တစ်ဦးတစ်ယောက်ရဲ့

စွမ်းဆောင်ရည်ကိုမှ မှတ်ချက်ပြု ဆွေးနွေးသွားမှာ မဟုတ်ပါဘူး ။ ”

” ရိုမီလူနဲ့ ပတ်သက်ပြီး အပြင်မှာ မေးခွန်းများစွာ ထုတ်နေကြတာတွေ ရှိသလို ၊

အဖြေပေါင်း များစွာလည်း ရှိနေပါတယ် ။ ဒါပေမယ့် ရိုမီလူ ဟာ

အခုလို ရလဒ် မတည်ငြိမ်ရခြင်းရဲ့

အဓိက ပြဿနာ မဟုတ်တာတော့ သေချာပါတယ် ။

သူဟာ ဖြေရှင်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ပါတယ်  ” လို့ ပြောကြားခဲ့ပါတယ် ။

zawgyi

ခ်န္ပီယံျဖစ္ေရးအိပ္မက္ အေတာ္ေလး ေမွးမွိန္သြားၿပီျဖစ္တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္၂၃အျဖစ္

ဘ႐ိုက္တန္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားခဲ့ရာ

ေတာင္ပံကစားသမား ဇီရက္ဇ္ရဲ႕ သြင္းဂိုးနဲ႔ ပြဲကို ဦးေဆာင္ႏိုင္ခဲ့ေပမယ့္

ေခ်ပဂိုး တစ္ဂိုး ျပန္လည္ ခြင့္ျပဳေပးခဲ့ရတာေၾကာင့္

၁-၁ ဆိုတဲ့ ရလဒ္နဲ႔ သေရတစ္မွတ္သာ ရရွိခဲ့ပါတယ္။

ဘ႐ိုက္တန္နဲ႔ ပြဲစဥ္မွာ သေရရလဒ္သာ ရခဲ့တာေၾကာင့္

ခ်ယ္လ္ဆီးအသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့

ပရီးမီးယားလိဂ္ ၅ပြဲမွာ ၁ပြဲႏိုင္ ၃ပြဲသေရ ၁ပြဲရႈံး ဆိုတဲ့

မွတ္တမ္းဆိုး တစ္ခုကို ရခဲ့သလို ခ်န္ပီယံျဖစ္ေရး

အိပ္မက္ကလည္း အေတာ္ေလး ေမွးမွိန္သြားခဲ့ပါတယ္။

မေန႔ည က ပြဲမွာလူကာကူရဲ႕ စြမ္းေဆာင္ရည္ ဟာ သာမန္ အဆင့္သာ ရွိခဲ့ၿပီး ၊

လူစားလဲခံရခါနီးမွာမွ ပထမ အႀကိမ္

ဂိုးေပါက္ တည့္ေအာင္ ကန္သြင္းႏိုင္ခဲ့ပါတယ္ ။

ဒါ့အျပင္ ၎အေပၚ အသင္းေဖာ္ေတြမွလည္း

လုံေလာက္တဲ့ ပံ့ပိုးမႈေတြ မေပးႏိုင္ခဲ့သလို ၊

ကိုယ္တိုင္လည္း အမ်ားႀကီး ႀကိဳးစားေပးခဲ့ျခင္း မရွိပါဘူး ။

မေန႔ည က ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့

တူခ်ယ္လ္ ဟာ ေျခစြမ္း မေပၚလြင္ခဲ့တဲ့ လူကာကူ အေပၚ

အျပစ္တင္ ေဝဖန္ဖို႔ ျငင္းဆိုတဲ့ အေနနဲ႔ ” ကြၽန္ေတာ္ ဟာ

ဒီေန႔ပြဲက ဘယ္အသင္းသား တစ္ဦးတစ္ေယာက္ရဲ႕

စြမ္းေဆာင္ရည္ကိုမွ မွတ္ခ်က္ျပဳ ေဆြးေႏြးသြားမွာ မဟုတ္ပါဘူး ။ ”

” ႐ိုမီလူနဲ႔ ပတ္သက္ၿပီး အျပင္မွာ ေမးခြန္းမ်ားစြာ ထုတ္ေနၾကတာေတြ ရွိသလို ၊

အေျဖေပါင္း မ်ားစြာလည္း ရွိေနပါတယ္ ။ ဒါေပမယ့္ ႐ိုမီလူ ဟာ

အခုလို ရလဒ္ မတည္ၿငိမ္ရျခင္းရဲ႕

အဓိက ျပႆနာ မဟုတ္တာေတာ့ ေသခ်ာပါတယ္ ။

သူဟာ ေျဖရွင္းခ်က္ရဲ႕ တစ္စိတ္တစ္ပိုင္းမွာ ပါဝင္ပါတယ္  ” လို႔ ေျပာၾကားခဲ့ပါတယ္ ။