ချန်ပီယံဖြစ်နိုင်တယ်လို့ ပထမဆုံးအကြိမ် ဝန်ခံလိုက်တဲ့ အာတီတာ

လန်ဒန်ဒါဘီမှာ ချဲလ်ဆီးကိုအနိုင်ရခဲ့ပြီးနောက် ဂန်းနားတွေ ချန်ပီယံသဖူဆောင်းနိုင်တယ်လို့ အာတီတာက ပထမဆုံးအကြိမ်ဝန်ခံလိုက်ပါတယ်။

ဒီရာသီအတွင်း အာဆင်နယ်အသင် းစွမ်းဆောင်ရည်တွေမထင်မှတ်လောက်အောင် တိုးတက်ခဲ့ပေမဲ့ ချန်ပီယံဆုနဲ့ပတ်သတ်ရင်တော့

အာတီတာဘက်က အတော်လေးသတိထားပြီး ပြောဆိုခဲ့တာမြင်ရမှာပါ။ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့နောက်မှာတော့ ဒီကိစ္စဖြစ်လာနိုင် တယ်ဆိုတာကို

စပိန်သားက လက်ခံလိုက်ပါပြီ။ “ဒီနေ့အထိတော့ အမြင်မတူတာတွေရှိနေဆဲပါ။ ဘောလုံးမှာက ဒီနေ့နဲ့မနက်ဖြန်ဆိုတာ ကွဲပြားခြားနားပါတယ်။ ဒီညတော့ပျော်ကြစို့။

နောက်ထပ်စိတ်လှုပ်ရှားစရာက အသင်းနဲ့အတူ နောက်တစ်ဆင့် ထပ်တက်ဖို့ပါပဲ။ ထိပ်ဆုံးနေရာကို ယာယီလက်လွှတ်ပေးလိုက်ရလို့ ဒီပွဲမှာဖိအားရှိခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကိုလာပြီး ဒီပွဲအနိုင်ယူဖို့ပြင်ဆင်ခဲ့တာမှန်ပေမဲ့ ဒီမှာအနိုင်ရဖို့ဆိုတာက ကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ ဒါကိုပြီးမြောက်အောင် လုပ်နိုင်လို့ ဝမ်းသာပါတယ်”

လို့ အာတီတာကဆိုခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုနဲ့ပတ်သတ်ရင်တော့ စပိန်သားသာ မန်စီးတီးကိုထိတ်လန့်တဲ့ပုံစံရှိနေဆဲပါ။

“၆နှစ်တာအတွင်း မန်စီးတီးလုပ်ပြခဲ့တာတွေက အလွန်လေးစားဖို့ ကောင်းတယ်။ သူတို့ဟာ အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးအသင်းနဲ့အတူ

ပွဲတိုင်းမှာခြေစွမ်းတသမတ်တည်းရှိခဲ့တယ်။ ကျွန်တော်တို့ကတော့ အသင်းလိုက်အနေနဲ့ပြိုင်ဆိုင်မှုပိုအားကောင်းလာပေမဲ့ ခရီးရှည်ဆက်သွားရဦးမှာပါ”

လို့ အာတီတာက ဖွင့်ဟခဲ့ပါတယ်။ လတ်တလောမှာတော့ လန်ဒန်ဒါဘီပွဲအနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ မြို့ခံပြိုင်ဘက်ချဲလ်ဆီးကို ၁၃မှတ်ဖြတ် နိုင်ခဲ့ပြီး

အမှတ်ပေးဇယားကိုပုံမှန်အတိုင်းဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

(Zawgyi)

ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ပထမဆုံးအႀကိမ္ဝန္ခံလိုက္ၿပီး ဒီည…ေပ်ာ္ၾကစို႔လို႔ ဒြန႔္ခဲ့တဲ့ အာတီတာက ဆရာေဟာင္းပက္ကိုေတာ့ အေၾကာက္ပိုျပခဲ့တယ္

လန္ဒန္ဒါဘီမွာ ခ်ဲလ္ဆီးကိုအႏိုင္ရခဲ့ၿပီးေနာက္ ဂန္းနားေတြခ်န္ပီယံသဖူေဆာင္းႏိုင္ တယ္လို႔ အာတီတာကပထမဆုံးအႀကိမ္ဝန္ခံလိုက္ပါတယ္။ ဒီရာသီအတြင္း

အာဆင္နယ္အသင္းစြမ္းေဆာင္ရည္ေတြမထင္မွတ္ေလာက္ေအာင္တိုးတက္ခဲ့ေပမဲ့ ခ်န္ပီယံဆုနဲ႔ပတ္သတ္ရင္ေတာ့ အာတီတာဘက္ကအေတာ္ေလးသတိထားၿပီး

ေျပာဆိုခဲ့တာျမင္ရမွာပါ။ ခ်ဲလ္ဆီးကိုအႏိုင္ရခဲ့တဲ့ေနာက္မွာေတာ့ ဒီကိစၥျဖစ္လာႏိုင္ တယ္ဆိုတာကို စပိန္သားကလက္ခံလိုက္ပါၿပီ။ “ဒီေန႔အထိေတာ့

အျမင္မတူတာေတြရွိေနဆဲပါ။ ေဘာလုံးမွာက ဒီေန႔နဲ႔မနက္ျဖန္ဆိုတာ ကြဲျပားျခားနားပါတယ္။ ဒီညေတာ့ေပ်ာ္ၾကစို႔။ ေနာက္ထပ္စိတ္လႈပ္ရွားစရာက

အသင္းနဲ႔အတူ ေနာက္တစ္ဆင့္ထပ္တက္ဖို႔ပါပဲ။ ထိပ္ဆုံးေနရာကို ယာယီလက္လႊတ္ေပးလိုက္ရလို႔ ဒီပြဲမွာဖိအားရွိခဲ့ပါတယ္။ စတမ္းဖို႔ဒ္ဘရစ္ခ်္ကိုလာၿပီး

ဒီပြဲအႏိုင္ယူဖို႔ျပင္ဆင္ခဲ့တာမွန္ေပမဲ့ ဒီမွာအႏိုင္ရဖို႔ဆိုတာက ကြဲျပားတဲ့ဇာတ္လမ္းတစ္ပုဒ္လိုပါပဲ။ ဒါကိုၿပီးေျမာက္ေအာင္ လုပ္ႏိုင္လို႔ ဝမ္းသာပါတယ္” လို႔

အာတီတာကဆိုခဲ့ပါတယ္။ ဒါေပမဲ့ ခ်န္ပီယံဆုနဲ႔ပတ္သတ္ရင္ေတာ့ စပိန္သားသာ မန္စီးတီးကိုထိတ္လန႔္တဲ့ပုံစံရွိေနဆဲပါ။ “၆ႏွစ္တာအတြင္း မန္စီးတီးလုပ္ျပခဲ့တာေတြက

အလြန္ေလးစားဖို႔ေကာင္းတယ္။ သူတို႔ဟာ အေကာင္းဆုံးနည္းျပ၊ အေကာင္းဆုံးအသင္းနဲ႔အတူ ပြဲတိုင္းမွာေျခစြမ္းတသမတ္တည္းရွိခဲ့တယ္။

ကြၽန္ေတာ္တို႔ကေတာ့ အသင္းလိုက္အေနနဲ႔ၿပိဳင္ဆိုင္မႈပိုအားေကာင္းလာေပမဲ့ ခရီးရွည္ဆက္သြားရဦးမွာပါ” လို႔ အာတီတာက ဖြင့္ဟခဲ့ပါတယ္။ လတ္တေလာမွာေတာ့

လန္ဒန္ဒါဘီပြဲအႏိုင္ရခဲ့တဲ့ အာဆင္နယ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ခ်ဲလ္ဆီးကို ၁၃မွတ္ျဖတ္ ႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားကိုပုံမွန္အတိုင္းဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။