ချန်ပီယံဖလားသာမက အကောင်းဆုံးဆုတွေကိုပါ သိမ်းကျုံးယူခဲ့တဲ့ မာနေးတို့အသင်း

ဆီနီဂါအသင်းနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား

မာနေးနဲ့ဂိုးသမားမန်ဒီတို့ဟာ ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့

အကောင်းဆုံးဆုတွေကို သိမ်းကြုံးရရှိခဲ့ပါတယ်။ အာဖရိကနိုင်ငံများဖလား

ဗိုလ်လုပွဲမှာ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဆီနီဂေါနဲ့အီဂျစ်တို့ဆုံတွေ့ခဲ့ကြပြီး

ပထမပိုင်း(၇)မိနစ်မှာကတည်းက ဆီနီဂေါအသင်းပယ်နယ်တီကန်ခွင့်ရပေမယ့်

မာနေးလွဲချော်ခဲ့တာကြောင့် စောစောစီးစီးဂိုးမရခဲ့တာပါ။

တစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်းနိုင်တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာတော့

ဆီနီဂေါအသင်းက ဘူနာဆားတစ်ယောက်သာလွဲချော်ခဲ့ပြီး ကျန်တဲ့(၄)ဂိုး

ဝင်ခဲ့ပေမယ့် အီဂျစ်ဘက်မှာ(၂)ယောက်လွဲချော်ခဲ့တဲ့အတွက် ပယ်နယ်တီ

အဆုံးအဖြတ်(၄-၂)ဂိုးနဲ့ ဆီနီဂေါအသင်းက အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ၂၀၀၂၊

၂၀၁၉ ခုနှစ်တွေတုန်းက ဗိုလ်လုပွဲအဆင့်အထိတက်ခဲ့ပေမယ့် (၂)ကြိမ်စလုံး

ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပြီး အခုတတိယအကြိမ်မှာတော့

အာဖရိကနိုင်ငံများဖလားချန်ပီယံဆုကို,ကိုင်မြှောက်နိုင်ခဲ့တာဖြစ်သလို

ဒါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို မာနေးက ဆွတ်ခူးခဲ့ပြီး

အကောင်းဆုံးဂိုးသမားဆုကိုတော့ ဗိုလ်လုပွဲမှာ ပယ်နယ်တီ(၂)ကြိမ်

ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တဲ့မန်ဒီက ရရှိခဲ့ပါတယ်။ ပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံး

ကစားသမားဆုကိုတော့ တတိယနေရာနဲ့သာကျေနပ်လိုက်ရတဲ့

အိမ်ရှင်ကင်မရွန်းအသင်းဝါရင့်တိုက်စစ်မှူးကြီးအဘူဘာကာက

သွင်းဂိုး(၈)ဂိုးနဲ့ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။

Zawgyi

ခ်န္ပီယံဖလားသာမက အေကာင္းဆုံးဆုေတြကိုပါ သိမ္းက်ဳံးယူခဲ့တဲ့ မာေနးတို့အသင္း

ဆီနီဂါအသင္းနာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ တိုက္စစ္ကစားသမား

မာေနးနဲ႔ဂိုးသမားမန္ဒီတို႔ဟာ ၂၀၂၁ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲရဲ႕

အေကာင္းဆုံးဆုေတြကို သိမ္းႀကဳံးရရွိခဲ့ပါတယ္။ အာဖရိကႏိုင္ငံမ်ားဖလား

ဗိုလ္လုပြဲမွာ ထိပ္သီးႏွစ္သင္းျဖစ္တဲ့ ဆီနီေဂါနဲ႔အီဂ်စ္တို႔ဆုံေတြ႕ခဲ့ၾကၿပီး

ပထမပိုင္း(၇)မိနစ္မွာကတည္းက ဆီနီေဂါအသင္းပယ္နယ္တီကန္ခြင့္ရေပမယ့္

မာေနးလြဲေခ်ာ္ခဲ့တာေၾကာင့္ ေစာေစာစီးစီးဂိုးမရခဲ့တာပါ။

 

တစ္ဖက္နဲ႔တစ္ဖက္ဂိုးမသြင္းႏိုင္တာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့တာမွာေတာ့

ဆီနီေဂါအသင္းက ဘူနာဆားတစ္ေယာက္သာလြဲေခ်ာ္ခဲ့ၿပီး က်န္တဲ့(၄)ဂိုး

ဝင္ခဲ့ေပမယ့္ အီဂ်စ္ဘက္မွာ(၂)ေယာက္လြဲေခ်ာ္ခဲ့တဲ့အတြက္ ပယ္နယ္တီ

အဆုံးအျဖတ္(၄-၂)ဂိုးနဲ႔ ဆီနီေဂါအသင္းက အႏိုင္ရဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။

ဆီနီေဂါအသင္းဟာ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ ၂၀၀၂၊

၂၀၁၉ ခုႏွစ္ေတြတုန္းက ဗိုလ္လုပြဲအဆင့္အထိတက္ခဲ့ေပမယ့္ (၂)ႀကိမ္စလုံး

ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရၿပီး အခုတတိယအႀကိမ္မွာေတာ့

အာဖရိကႏိုင္ငံမ်ားဖလားခ်န္ပီယံဆုကို,ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္သလို

ဒါက အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဗိုလ္စြဲခဲ့တာလည္းျဖစ္ပါတယ္။

 

ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို မာေနးက ဆြတ္ခူးခဲ့ၿပီး

အေကာင္းဆုံးဂိုးသမားဆုကိုေတာ့ ဗိုလ္လုပြဲမွာ ပယ္နယ္တီ(၂)ႀကိမ္

ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တဲ့မန္ဒီက ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲရဲ႕သြင္းဂိုးအမ်ားဆုံး

ကစားသမားဆုကိုေတာ့ တတိယေနရာနဲ႔သာေက်နပ္လိုက္ရတဲ့

အိမ္ရွင္ကင္မ႐ြန္းအသင္းဝါရင့္တိုက္စစ္မႉးႀကီးအဘူဘာကာက

သြင္းဂိုး(၈)ဂိုးနဲ႔ဆြတ္ခူးရရွိႏိုင္ခဲ့ပါတယ္။