
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ၃ မှတ်ပြည့်ရယူပြီး ထိပ်ဆုံးနေရာကို ပိုမိုတင်းကျပ်စွာ
ဆုပ်ကိုင်နိုင်ခဲ့ပေမယ့် ချန်ပီယံပြေးလမ်းမပြီးဆုံးသေးကြောင်း
မန်စီးတီးနည်းပြဂွါဒီယိုလာက အခိုင်အမာပြောကြားလိုက်ပါတယ်။
ကြားရက်ပရီးမီးယားလိဂ်မှာ အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့
ချဲလ်ဆီးနဲ့လီဗာပူးတို့က အမှတ်ပြည့်မရခဲ့ကြပေမယ့် ဂွါဒီယိုလာရဲ့
လက်ရှိချန်ပီယံအသင်းကတော့ အဲဒါတွေကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း မန်စီးတီးဟာ လက်ရှိပရီးမီးယားလိဂ်
အမှတ်ပေးဇယားမှာ ၈ မှတ်ဖြတ်ဦးဆောင်နေတာပါ။
ဒါပေမဲ့ ဂွါဒီယိုလာက”နောက်ထပ် ၅၄ အတွက် ကစားရဦးမယ်။
ပြီးတော့ ပိုပြီးခက်ခဲမယ့်အသင်းတွေနဲ့ ကစားရဦးမှာဆိုတော့ ၈ မှတ်ဖြတ်တယ်ဆိုတာ
ရယ်စရာကောင်းနေပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်က လက်စတာနဲ့ပွဲမှာဆိုရင်
မိနစ် ၂၀ အတွင်း ၄-၀ ဖြစ်သွားပေမယ့် အဲဒီနောက် ၄-၃ ဖြစ်သွားတာပါ။
ကျွန်တော်တို့နိုင်သွားလို့ ခင်ဗျားတို့က အကောင်းပြောနေကြတာပါ။
ပြိုင်ဆိုင်မှုပြင်းထန်နေချိန်ဖြစ်ပြီး ချဲလ်ဆီးနဲ့လီဗာပူးတို့ဟာ
တကယ့်ပြိုင်ဘက်ကောင်းတွေပါ။ တစ်သင်းက ဥရောပချန်ပီယံဖြစ်ပြီး
လီဗာပူးကလည်း နောက်ဆုံး ၃၊ ၄ နှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့
အဓိကပြိုင်ဘက်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ၁၀ ပွဲဆက်နိုင်ချိန်မှာ
သူတို့အမှတ်လျော့သွားလို့ ဒီလောက်ကွာသွားတာပါ။
ရနိုင်တဲ့ အမှတ် ၃၀ ကနေ ၃၀ ယူနိုင်တာကောင်းပေမယ့်
နောက်ထပ် ၅၄ မှတ်အတွက် ကစားရဦးမယ်။ လာမယ့် ၃ ပွဲမှာလည်း
ကျွန်တော်တို့ဟာ ချဲလ်ဆီး၊ အာဆင်နယ်၊ ဆောက်သမ်တန်တို့နဲ့ ကစားရမှာပါ။
အာဆင်နယ်ဆိုရင် လွန်ခဲ့တဲ့ ၄၊၅၊၆ နှစ်အတွင်းမှာ သူတု့ိရဲ့
အကောင်းဆုံးအချိန်ရောက်နေတာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ၂၀၂၁ အတွင်း ပရီးမီးယားလိဂ်မှာ
နေရာပေါင်းစုံကနေ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။
သူတို့ဟာ ၃၆ ပွဲနဲ့ နိုင်ပွဲအများဆုံးရခဲ့ပြီး ၁၁၀ နဲ့ ရမှတ်အများဆုံးလည်း ဖြစ်ခဲ့တာပါ။
ဒါ့အပြင် မန်စီးတီးဟာ ၁၁၃ ဂိုးနဲ့သွင်းဂိုးအများဆုံးဖြစ်ခဲ့ပြီး
ပေးဂိုးမဲ့ပွဲအများဆုံးအနေနဲ့လည်း ၂၄ ပွဲရှိခဲ့တယ်။
zawgyi
ခ်န္ပီယံေျပးလမ္းမၿပီးဆုံးေသးေၾကာင္း ဂြါဒီယိုလာ အခိုင္အမာေျပာၾကား
ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ၃ မွတ္ျပည့္ရယူၿပီး ထိပ္ဆုံးေနရာကို ပိုမိုတင္းက်ပ္စြာ
ဆုပ္ကိုင္ႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံေျပးလမ္းမၿပီးဆုံးေသးေၾကာင္း
မန္စီးတီးနည္းျပဂြါဒီယိုလာက အခိုင္အမာေျပာၾကားလိုက္ပါတယ္။
ၾကားရက္ပရီးမီးယားလိဂ္မွာ အနီးကပ္ဆုံးၿပိဳင္ဘက္ေတြျဖစ္တဲ့
ခ်ဲလ္ဆီးနဲ႔လီဗာပူးတို႔က အမွတ္ျပည့္မရခဲ့ၾကေပမယ့္ ဂြါဒီယိုလာရဲ႕
လက္ရွိခ်န္ပီယံအသင္းကေတာ့ အဲဒါေတြကို အခြင့္ေကာင္းယူႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္လည္း မန္စီးတီးဟာ လက္ရွိပရီးမီးယားလိဂ္
အမွတ္ေပးဇယားမွာ ၈ မွတ္ျဖတ္ဦးေဆာင္ေနတာပါ။
ဒါေပမဲ့ ဂြါဒီယိုလာက”ေနာက္ထပ္ ၅၄ အတြက္ ကစားရဦးမယ္။
ၿပီးေတာ့ ပိုၿပီးခက္ခဲမယ့္အသင္းေတြနဲ႔ ကစားရဦးမွာဆိုေတာ့ ၈ မွတ္ျဖတ္တယ္ဆိုတာ
ရယ္စရာေကာင္းေနပါတယ္။ လြန္ခဲ့တဲ့ ၄ ရက္က လက္စတာနဲ႔ပြဲမွာဆိုရင္
မိနစ္ ၂၀ အတြင္း ၄-၀ ျဖစ္သြားေပမယ့္ အဲဒီေနာက္ ၄-၃ ျဖစ္သြားတာပါ။
ကြၽန္ေတာ္တို႔ႏိုင္သြားလို႔ ခင္ဗ်ားတို႔က အေကာင္းေျပာေနၾကတာပါ။
ၿပိဳင္ဆိုင္မႈျပင္းထန္ေနခ်ိန္ျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔လီဗာပူးတို႔ဟာ
တကယ့္ၿပိဳင္ဘက္ေကာင္းေတြပါ။ တစ္သင္းက ဥေရာပခ်န္ပီယံျဖစ္ၿပီး
လီဗာပူးကလည္း ေနာက္ဆုံး ၃၊ ၄ ႏွစ္အတြင္းမွာ ကြၽန္ေတာ္တို႔ရဲ႕
အဓိကၿပိဳင္ဘက္ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ ၁၀ ပြဲဆက္ႏိုင္ခ်ိန္မွာ
သူတို႔အမွတ္ေလ်ာ့သြားလို႔ ဒီေလာက္ကြာသြားတာပါ။
ရႏိုင္တဲ့ အမွတ္ ၃၀ ကေန ၃၀ ယူႏိုင္တာေကာင္းေပမယ့္
ေနာက္ထပ္ ၅၄ မွတ္အတြက္ ကစားရဦးမယ္။ လာမယ့္ ၃ ပြဲမွာလည္း
ကြၽန္ေတာ္တို႔ဟာ ခ်ဲလ္ဆီး၊ အာဆင္နယ္၊ ေဆာက္သမ္တန္တို႔နဲ႔ ကစားရမွာပါ။
အာဆင္နယ္ဆိုရင္ လြန္ခဲ့တဲ့ ၄၊၅၊၆ ႏွစ္အတြင္းမွာ သူတု႔ိရဲ႕
အေကာင္းဆုံးအခ်ိန္ေရာက္ေနတာပါ”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။
ဂြါဒီယိုလာရဲ႕အသင္းဟာ ၂၀၂၁ အတြင္း ပရီးမီးယားလိဂ္မွာ
ေနရာေပါင္းစုံကေန အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။
သူတို႔ဟာ ၃၆ ပြဲနဲ႔ ႏိုင္ပြဲအမ်ားဆုံးရခဲ့ၿပီး ၁၁၀ နဲ႔ ရမွတ္အမ်ားဆုံးလည္း ျဖစ္ခဲ့တာပါ။
ဒါ့အျပင္ မန္စီးတီးဟာ ၁၁၃ ဂိုးနဲ႔သြင္းဂိုးအမ်ားဆုံးျဖစ္ခဲ့ၿပီး
ေပးဂိုးမဲ့ပြဲအမ်ားဆုံးအေနနဲ႔လည္း ၂၄ ပြဲရွိခဲ့တယ္။