သရဲနီနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ အာဆင်နယ်ရဲ့
စွမ်းဆောင်ရည်ကို အခုအချိန်အထိမယုံကြည်နိုင်သေးဘူးဖြစ်နေပါတယ်။
ယူနိုက်တက်ကို အနိုင်ရလိုက်တာက ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်
ချန်ပီယံလမ်းကြောင်းပိုမိုအားကောင်းသွားတယ်လို့ဆိုရမှာဖြစ်ပေမဲ့
နဗီးလ်ကတော့ မန်စီးတီးသရဖူဆောင်းနိုင်လိမ့်မယ်လို့
ယုံကြည်နေဆဲဖြစ်တယ်။ ဂန်းနားတွေဟာ ဒုတိယနေရာက
မန်စီးတီးကို ၅မှတ်အထိဖြတ်ထားနိုင်သလို သူတို့လက်ထဲမှာ
ပွဲကျန်တစ်ပွဲကိုင်ဆောင်ထားနိုင်တာကြောင့် အတော်လေး
အခြေအနေကောင်းနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်အနည်းငယ်
အတွင်းမှာ အာဆင်နယ်ပြိုလဲကျသွားလိမ့်မယ်လို့ ယူနိုက်တက်
နောက်ခံလူဟောင်းက ယုံကြည်နေဆဲဖြစ်တယ်။
“အာဆင်နယ် လိဂ်ဖလားရမယ်လို့မထင်ဘူး။ မန်စီးတီးရလိမ့်မယ်၊
ဘာလို့လဲဆိုတော့ သူတို့မှာထူးခြားတဲ့ပြေးအားမျိုးရှိတယ်လို့ထင်တယ်။
အနိမ့်ဆုံးတော့ အာဆင်နယ် တစ်ပွဲ၊ နှစ်ပွဲလောက်ရှုံးဦးမှာဖြစ်ပြီး
မန်စီးတီးက သူတို့ရဲ့ပုခုံးအထက်နားမှာရှိနေသလို့ ဒါက
အလွန်ခက်ခဲပါလိမ့်မယ်” လို့ ဂယ်ရီနဗီးလ်က ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး နဗီးလ်က အရိုးသားဆုံးပြောရမယ်ဆိုရင်
အမှတ်ပေးဖလားကို အာဆင်နယ်ဆွတ်ခူးနိုင်ပေမဲ့ ဒီအောင်မြင်နဲ့
အနီးဆုံးမှာရှိမနေခဲ့ဘူးလို့ယူဆခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
“အာဆင်နယ်၊ အခုလို စကားဝိုင်းထဲမှာ သူတို့ရှိနေမယ်လို့
မယုံကြည်ခဲ့ဘူး။ အမှတ်ပေးဖလားချန်ပီယံအတွက်
စကားပြောနေရတာက မယုံနိုင်စရာပါပဲ။ မန်စီးတီး ဖလားရမယ်လို့
ကျွန်တော်ထင်နေတာက အပျက်သဘောဆောင်တဲ့ကိစ္စမဟုတ်ပါဘူး” လို့
သရဲနီနောက်ခံလူဟောင်းက ဖွင့်ဟလိုက်ပါတယ်။
zawgyi
ချန်ပီယံစကားဝိုင်းထဲမှာ အာဆင်နယ်ရောက်လာတဲ့အတွက် ယုံတောင်မယုံနိုင်ဘူးလို့ ဂယ်ရီနဗီးလ် ဖွင့်ဟလိုက်