
အရင်ဦးဆုံး သရဲနီသူရဲကောင်း ရော်နယ်ဒိုရဲ့စကားသံကို ဖော်ပြပေးပါမယ်။
ရော်နယ်ဒိုက”ခက်ခဲတဲ့ ပွဲတစ်ပွဲပါ ။ အရင်ကတည်းက ဘာဂါမိုမှာ
ကစားရတာက ခက်ခဲတယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ် ။
ဒါပေမယ့် နောက်ဆုံး အချိန်အထိ ယုံကြည်မှု အပြည့် နဲ့ ကျွန်တော်တို့
ကစားခဲ့ ကြပါတယ် ။ ဒီအတွက် ကျွန်တော် ဝမ်းသာမိပါတယ်”
“ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး ။ နောက်ဆုံး အချိန်အထိ
ယုံကြည်ခဲ့ ကြတယ် ။ပြိုင်ဘက်အသင်း နည်းပြကလည်း တကယ်တော်တဲ့
နည်းပြပါ။ ကျွန်တော်တို့ကံကောင်းခဲ့တာလည်း ပါပါမယ်”လို့ပြောပါတယ်။
ဂျူဗင်တပ်စ်အတွက် နှစ်ဂိုးသွင်းခဲ့တဲ့ ဒိုင်ဘာလာကတော့
” စိတ်ရှည် သည်းခံမှုက ဒီပွဲရဲ့ အဓိက သော့ချက် ပါ ။ ဘာလို့လဲဆိုတော့
ပထမပိုင်း မှာကတည်းက ကျွန်တော်တို့ ကစားပုံ ကောင်းနေခဲ့လို့ ပါပဲ ။
ဒါကြောင့် စိတ်ပူပင်တာမျိုး မရှိဘဲ အေးအေးလူလူ ကစားနိုင်ခဲ့ ပါတယ် ။
ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ကစားတာ ပိုကောင်း လာခဲ့ပါတယ်။
တိုက်စစ်ပိုင်း မှာ ကျွန်တော်တို့ ကစားတာ ကျေနပ်စရာ ကောင်းတယ်လို့ ထင်ပါတယ် ။
အမှန် ဆိုရင် ဒီထက်တောင် ပိုပြီး ဂိုးသွင်းနိုင်ခဲ့သင့် တာပါ”လို့ ပြောပါတယ်။
ဟက်ထရစ် ရယူ နိုင်ခဲ့ တဲ့ လီဝန်ဒေါ့စကီး ကတော့
“အဖွင့် မိနစ် ၂၀ အတွင်းမှာ ကျွန်တော် ဘောလုံး သိပ် မထိရပါဘူး ။
တိုက်စစ်မှူး တစ်ယောက် အတွက် စိတ်ရှည် ရတာက တကယ်ကို
မလွယ်တဲ့ ကိစ္စပါပဲ ။ ၁ ဂိုးလောက် သွင်းလို့လည်း ပြီးသွားရော
ကိစ္စတွေ က လွယ်သွားသလို ခံစား လာမိပါတယ် ။ ဒီနေ့ အတွက်
အကြိုက်ဆုံး ကတော့ ဒုတိယဂိုး ပါပဲ။ ပင်နယ်တီမှာတော့
ထိချက် မမှန်ခဲ့ ပါဘူး ။ အဲဒါက ကျွန်တော့်ရဲ့ အမှားပါ ။ ”လို့ပြောပါတယ်။
zawgyi
ခ်န္ပီယမ္လိဂ္ သူရဲေကာင္းတို႔ရဲ႕ ဂုဏ္ယူဝင့္ႂကြားသံ
အရင္ဦးဆုံး သရဲနီသူရဲေကာင္း ေရာ္နယ္ဒိုရဲ႕စကားသံကို ေဖာ္ျပေပးပါမယ္။
ေရာ္နယ္ဒိုက”ခက္ခဲတဲ့ ပြဲတစ္ပြဲပါ ။ အရင္ကတည္းက ဘာဂါမိုမွာ
ကစားရတာက ခက္ခဲတယ္ ဆိုတာ ကြၽန္ေတာ္ ေကာင္းေကာင္း သိပါတယ္ ။
ဒါေပမယ့္ ေနာက္ဆုံး အခ်ိန္အထိ ယုံၾကည္မႈ အျပည့္ နဲ႔ ကြၽန္ေတာ္တို႔
ကစားခဲ့ ၾကပါတယ္ ။ ဒီအတြက္ ကြၽန္ေတာ္ ဝမ္းသာမိပါတယ္”
“ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ အရႈံးမေပးခဲ့ဘူး ။ ေနာက္ဆုံး အခ်ိန္အထိ
ယုံၾကည္ခဲ့ ၾကတယ္ ။ၿပိဳင္ဘက္အသင္း နည္းျပကလည္း တကယ္ေတာ္တဲ့
နည္းျပပါ။ ကြၽန္ေတာ္တို႔ကံေကာင္းခဲ့တာလည္း ပါပါမယ္”လို႔ေျပာပါတယ္။
ဂ်ဴဗင္တပ္စ္အတြက္ ႏွစ္ဂိုးသြင္းခဲ့တဲ့ ဒိုင္ဘာလာကေတာ့
” စိတ္ရွည္ သည္းခံမႈက ဒီပြဲရဲ႕ အဓိက ေသာ့ခ်က္ ပါ ။ ဘာလို႔လဲဆိုေတာ့
ပထမပိုင္း မွာကတည္းက ကြၽန္ေတာ္တို႔ ကစားပုံ ေကာင္းေနခဲ့လို႔ ပါပဲ ။
ဒါေၾကာင့္ စိတ္ပူပင္တာမ်ိဳး မရွိဘဲ ေအးေအးလူလူ ကစားႏိုင္ခဲ့ ပါတယ္ ။
ဒုတိယပိုင္း မွာေတာ့ ကြၽန္ေတာ္တို႔ ကစားတာ ပိုေကာင္း လာခဲ့ပါတယ္။
တိုက္စစ္ပိုင္း မွာ ကြၽန္ေတာ္တို႔ ကစားတာ ေက်နပ္စရာ ေကာင္းတယ္လို႔ ထင္ပါတယ္ ။
အမွန္ ဆိုရင္ ဒီထက္ေတာင္ ပိုၿပီး ဂိုးသြင္းႏိုင္ခဲ့သင့္ တာပါ”လို႔ ေျပာပါတယ္။
ဟက္ထရစ္ ရယူ ႏိုင္ခဲ့ တဲ့ လီဝန္ေဒါ့စကီး ကေတာ့
“အဖြင့္ မိနစ္ ၂၀ အတြင္းမွာ ကြၽန္ေတာ္ ေဘာလုံး သိပ္ မထိရပါဘူး ။
တိုက္စစ္မႉး တစ္ေယာက္ အတြက္ စိတ္ရွည္ ရတာက တကယ္ကို
မလြယ္တဲ့ ကိစၥပါပဲ ။ ၁ ဂိုးေလာက္ သြင္းလို႔လည္း ၿပီးသြားေရာ
ကိစၥေတြ က လြယ္သြားသလို ခံစား လာမိပါတယ္ ။ ဒီေန႔ အတြက္
အႀကိဳက္ဆုံး ကေတာ့ ဒုတိယဂိုး ပါပဲ။ ပင္နယ္တီမွာေတာ့
ထိခ်က္ မမွန္ခဲ့ ပါဘူး ။ အဲဒါက ကြၽန္ေတာ့္ရဲ႕ အမွားပါ ။ ”လို႔ေျပာပါတယ္။