
စီရော်နယ်ဒိုဟာ သူ့ရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ရဲ့
၂၈ နှစ်ပြည့်မွေးနေ့အတွက် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦဖြစ် တဲ့
ဒူဘိုင်းမြို့က ဘာ့ဂျ်ခါလီဖာ(Burj Khalifa) မှာ
သူမရဲ့ပုံကိုမီးရောင်စုံနဲ့ဖော်ခိုင်းပြီး အလွန်ကိုအံ့အားသင့်စရာကောင်းတဲ့
လက်ဆောင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ကလေး ၄ ယောက်ရဲ့ဖခင်စီရော်နယ်ဒိုဟာ
ဂျော်ဂျီ နာရဲ့မျက်နှာနဲ့ပျော်စရာမွေးနေ့ပါလို့
ရေးသားထားတဲ့စာသားကိုဖော်ထားတဲ့
ဘာ့ဂျ်ခါလီဖာရဲ့အဆောက်အဦရှေ့ဘက်မျက်နှာ စာကို
ဗီဒီယိုရိုက်ထားတာကိုလည်း အင်စတာဂရမ်ပေါ်တင်ခဲ့ပါသေးတယ်။
ဗီဒီယိုဖိုင်ထဲမှာ သူ့ကလေး ၄ ယောက်နဲ့အတူပေါ် တူဂီဘာသာနဲ့
”အများကြီးဂုဏ်ပြုပါတယ် အချစ်ရေ” လို့ရေးသားခဲ့ပါတယ်။
ဒါ့အပြင်သူတို့နှစ်ဦးအဲဒီရှေ့မှာ အတူတွဲပြီးဓာတ်ပုံ ရိုက်ခဲ့တာကိုလည်း
လူမှုစာမျက်နှာထက်ပေါ်မှာဖော်ပြခဲ့ပါတယ်။
ဘာ့ဂျ်ခါလီဖာ အဆောက်အဦကို မီးသီးတွေ
လေဆာအလင်းတန်းတွေနဲ့ အလှဆင်ထားပြီး
ဘာ့ဂျ်ရေကန်နားမှာတည်ရှိကာ အရှေ့အလယ်ပိုင်းဒေသရဲ့
နွေးထွေးတဲ့နေရောင်အောင်မှာ တကယ့်သူဌေးတွေရဲ့ဇိမ်ခံတဲ့
နာမည်ကြီးနေရာတစ်ခုလည်းဖြစ် လာပါတယ်။
ဒီအဆောက်အဦမှာမီးနဲ့အလှဆင်ဖို့အတွက် ဓာတ်ကြိုးအရှည် ၁၈ မိုင်၊
ပုံဖော်တဲ့မီးသီး ၁.၁ သန်းနဲ့ ၁၁၈ တန်ရှိ တဲ့ အလင်းမီးသီးတွေ၊
အခြားလိုအပ်တဲ့ပစ္စည်းတွေကိုအသုံးပြုထားတာဖြစ်ပါတယ်။
သတင်းတွေအရ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက ဈေးတက်လာမှုနဲ့အတူ
ဒီအဆောက်အဦမှာကိုယ်လိုချင်တဲ့ပုံကို ၃ မိနစ်စာပုံဖော်ဖို့အတွက်
အနည်းဆုံးပေါင် ၅၀၀၀၀ အထိကုန် ကျမယ်လို့ဆိုပါတယ်။
ဒါပေမယ့်စီရော်နယ်ဒိုဟာပေါင် ၃၇၃ သန်းအထိကြွယ်ဝတဲ့တွက်
ပေါင် ၅၀၀၀၀ ဆိုတာသူ့အတွက်ဘာ မှဖြစ်လောက်တဲ့ ပမာဏမဟုတ်ပါဘူး။
သူတို့မိသားစုဟာ ဒူဘိုင်းကကမ်းခြေမှာလည်း
ဂျော်ဂျီနာမွေးနေ့ပွဲကိုဆင်နွှဲခဲ့ပါသေး တယ်။
ဂျော်ဂျီနာဟာပြီးခဲ့တဲ့ ကြာသပတေးနေ့ကအသက် ၂၈ နှစ်ပြည့်ခဲ့တာဖြစ်ပြီး
အဲဒီနေ့မှာဘဲသူ့ရဲ့ရွှေဘုံပေါ်မှာစံနေရတဲ့ဘ ဝအကြောင်းကိုဖော်ပြထားတဲ့
‘I Am Georgina’ ရုပ်သီစီးရီးကိုလည်း Netflix ကနေစတင်ထုတ်လွှင့်ခဲ့ပါတယ်။
ဒီစီးရီးမှာအပိုင်း ၆ ခုပါဝင်ပြီး အာဂျင်တီးနားကနေ
စပိန်ကိုရောက်လာပြီးရုန်းကန်ခဲ့ရပုံ၊ စီရော်နယ်ဒိုနဲ့တွေ့ပြီးနောက်
သူ့ဘဝက နတ်ရေကန် ထဲချလိုက်သလို ပြောင်းလဲသွားခဲ့ရပုံတွေကို
အပြည့်အစုံဖော်ပြထားပါတယ်။
zawgyi
ခ်စ္သူကို အံ့အားသင့္စရာေကာင္းတဲ့ ေမြးေန႔လက္ေဆာင္ေပးအပ္ခဲ့တဲ့ စီေရာ္နယ္ဒို
စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕အတူေနခ်စ္သူ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ရဲ႕
၂၈ ႏွစ္ျပည့္ေမြးေန႔အတြက္ ကမာၻ႔အျမင့္ဆုံးအေဆာက္အဦျဖစ္ တဲ့
ဒူဘိုင္းၿမိဳ႕က ဘာ့ဂ်္ခါလီဖာ(Burj Khalifa) မွာ
သူမရဲ႕ပုံကိုမီးေရာင္စုံနဲ႔ေဖာ္ခိုင္းၿပီး အလြန္ကိုအံ့အားသင့္စရာေကာင္းတဲ့
လက္ေဆာင္ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ ကေလး ၄ ေယာက္ရဲ႕ဖခင္စီေရာ္နယ္ဒိုဟာ
ေဂ်ာ္ဂ်ီ နာရဲ႕မ်က္ႏွာနဲ႔ေပ်ာ္စရာေမြးေန႔ပါလို႔
ေရးသားထားတဲ့စာသားကိုေဖာ္ထားတဲ့
ဘာ့ဂ်္ခါလီဖာရဲ႕အေဆာက္အဦေရွ႕ဘက္မ်က္ႏွာ စာကို
ဗီဒီယို႐ိုက္ထားတာကိုလည္း အင္စတာဂရမ္ေပၚတင္ခဲ့ပါေသးတယ္။
ဗီဒီယိုဖိုင္ထဲမွာ သူ႔ကေလး ၄ ေယာက္နဲ႔အတူေပၚ တူဂီဘာသာနဲ႔
”အမ်ားႀကီးဂုဏ္ျပဳပါတယ္ အခ်စ္ေရ” လို႔ေရးသားခဲ့ပါတယ္။
ဒါ့အျပင္သူတို႔ႏွစ္ဦးအဲဒီေရွ႕မွာ အတူတြဲၿပီးဓာတ္ပုံ ႐ိုက္ခဲ့တာကိုလည္း
လူမႈစာမ်က္ႏွာထက္ေပၚမွာေဖာ္ျပခဲ့ပါတယ္။
ဘာ့ဂ်္ခါလီဖာ အေဆာက္အဦကို မီးသီးေတြ
ေလဆာအလင္းတန္းေတြနဲ႔ အလွဆင္ထားၿပီး
ဘာ့ဂ်္ေရကန္နားမွာတည္ရွိကာ အေရွ႕အလယ္ပိုင္းေဒသရဲ႕
ေႏြးေထြးတဲ့ေနေရာင္ေအာင္မွာ တကယ့္သူေဌးေတြရဲ႕ဇိမ္ခံတဲ့
နာမည္ႀကီးေနရာတစ္ခုလည္းျဖစ္ လာပါတယ္။
ဒီအေဆာက္အဦမွာမီးနဲ႔အလွဆင္ဖို႔အတြက္ ဓာတ္ႀကိဳးအရွည္ ၁၈ မိုင္၊
ပုံေဖာ္တဲ့မီးသီး ၁.၁ သန္းနဲ႔ ၁၁၈ တန္ရွိ တဲ့ အလင္းမီးသီးေတြ၊
အျခားလိုအပ္တဲ့ပစၥည္းေတြကိုအသုံးျပဳထားတာျဖစ္ပါတယ္။
သတင္းေတြအရ ၿပီးခဲ့တဲ့သီတင္းပတ္ကုန္ပိုင္းက ေဈးတက္လာမႈနဲ႔အတူ
ဒီအေဆာက္အဦမွာကိုယ္လိုခ်င္တဲ့ပုံကို ၃ မိနစ္စာပုံေဖာ္ဖို႔အတြက္
အနည္းဆုံးေပါင္ ၅၀၀၀၀ အထိကုန္ က်မယ္လို႔ဆိုပါတယ္။
ဒါေပမယ့္စီေရာ္နယ္ဒိုဟာေပါင္ ၃၇၃ သန္းအထိႂကြယ္ဝတဲ့တြက္
ေပါင္ ၅၀၀၀၀ ဆိုတာသူ႔အတြက္ဘာ မွျဖစ္ေလာက္တဲ့ ပမာဏမဟုတ္ပါဘူး။
သူတို႔မိသားစုဟာ ဒူဘိုင္းကကမ္းေျခမွာလည္း
ေဂ်ာ္ဂ်ီနာေမြးေန႔ပြဲကိုဆင္ႏႊဲခဲ့ပါေသး တယ္။
ေဂ်ာ္ဂ်ီနာဟာၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကအသက္ ၂၈ ႏွစ္ျပည့္ခဲ့တာျဖစ္ၿပီး
အဲဒီေန႔မွာဘဲသူ႔ရဲ႕ေ႐ႊဘုံေပၚမွာစံေနရတဲ့ဘ ဝအေၾကာင္းကိုေဖာ္ျပထားတဲ့
‘I Am Georgina’ ႐ုပ္သီစီးရီးကိုလည္း Netflix ကေနစတင္ထုတ္လႊင့္ခဲ့ပါတယ္။
ဒီစီးရီးမွာအပိုင္း ၆ ခုပါဝင္ၿပီး အာဂ်င္တီးနားကေန
စပိန္ကိုေရာက္လာၿပီး႐ုန္းကန္ခဲ့ရပုံ၊ စီေရာ္နယ္ဒိုနဲ႔ေတြ႕ၿပီးေနာက္
သူ႔ဘဝက နတ္ေရကန္ ထဲခ်လိုက္သလို ေျပာင္းလဲသြားခဲ့ရပုံေတြကို
အျပည့္အစုံေဖာ္ျပထားပါတယ္။