
ယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား မေဆွန်ဂရင်းဝုဒ်တစ်ယောက်
အတူနေချစ်သူကို ကိုယ်ထိလက်ရောက်နှိပ်စက်ပါတယ်ဆိုပြီး
သူ့ချစ်သူက IG မှာတင်ထားပါတယ်။
ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူ ရော့ဘ်ဆင်ကို
ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း ၊ အတင်းအဓမ္မ လိင်ဆက်ဆံအောင်
ဖိအားပေး နှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
ကောင်မလေးက လူသိရှင်ကြား ဖွင့်ဟ ပြောပြနေသလို
ရဲတပ်ဖွဲ့ဆီလည်း အိမ်တွင်းအကြမ်းဖက်မှု ခေါင်းစဉ်တပ်ကာ
အမှုဖွင့် တိုင်ကြားဖို့ စီစဉ်နေပါတယ်။
ကောင်မလေးရဲ့ သွေးထွက်သံယို ဓာတ်ပုံတွေ
ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် ယူနိုက်တက်က
ကိစ္စတစ်ခုကို တိတိကျကျမသိရသေးချိန်မှာ
သတင်းမီဒီယာတွေအနေ နဲ့လိုတာထက် မဖွဖို့နဲ့ အခုလိုကိစ္စမျိုးမှာ
ဂရင်းဝုဒ်သာ အမှန်တကယ် အကြမ်းဖက် တဲ့ ပြစ်မှုကျူးလွန်ရင်
ယူနိုက်တက် အနေနဲ့ သက်ညှာပေးမှာ မဟုတ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။
အဲဒီသတင်း အမှန်သာဆိုရင် အင်မတန်စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး
အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်ပါတယ်။
သစ်သားစိမ်းရဲ့ ကစားသမားဘဝကတော့ ထောင်ထဲမှာပဲကုန်ဆုံးရဖို့များနေပြီး၊
လူ့အခွင့်အရေးပြည့်ဝတဲ့ နိုင်ငံမှာတော့ အခုလိုမျိုး
အားနည်းသူကိုအနိုင်ကျင့်တတ်တဲ့သူတွေအတွက် လူ့အသိုင်းအဝိုင်းမှာနေရာမရှိပါဘူး။
တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘရန်ဖို့ဒ်နှင့်ပွဲတွင်
ဂိုး သွင်းယူပြီးနောက် ယူနိုက်တက်အတွက်ပြိုင်ပွဲစုံသွင်းဂိုး (35)ဂိုးအထိရှိခဲ့ပြီးဖြစ်ပါတယ်။
ပရီးမီးယားလိဂ်-(22)ဂိုး
ယူရိုပါလိဂ်-(6)ဂိုး
FA ဖလား-(3) ဂိုး
ချန်ပီယံလိဂ်-(2)ဂိုး
Carabao Cup-(2) ဂိုး ဖြစ်ပါတယ်။
zawgyi
ခ်စ္သူကို ႐ိုက္ႏွက္ျခင္း ၊ အတင္းအဓမၼ လိင္ဆက္ဆံေအာင္ ဖိအားေပးႏွိပ္စက္ျခင္းတို႔ေၾကာင့္ ေထာင္နန္းစံရေတာ့မယ့္ ဂရင္းဝုဒ္
ယူႏိုက္တက္ လူငယ္တိုက္စစ္ကစားသမား ေမဆြန္ဂရင္းဝုဒ္တစ္ေယာက္
အတူေနခ်စ္သူကို ကိုယ္ထိလက္ေရာက္ႏွိပ္စက္ပါတယ္ဆိုၿပီး
သူ႔ခ်စ္သူက IG မွာတင္ထားပါတယ္။
ဂရင္းဝုဒ္ဟာ အတူေန ခ်စ္သူ ေရာ့ဘ္ဆင္ကို
ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ျခင္း ၊ အတင္းအဓမၼ လိင္ဆက္ဆံေအာင္
ဖိအားေပး ႏွိပ္စက္ျခင္းတို႔ ျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခံေနရပါတယ္။
ေကာင္မေလးက လူသိရွင္ၾကား ဖြင့္ဟ ေျပာျပေနသလို
ရဲတပ္ဖြဲ႕ဆီလည္း အိမ္တြင္းအၾကမ္းဖက္မႈ ေခါင္းစဥ္တပ္ကာ
အမႈဖြင့္ တိုင္ၾကားဖို႔ စီစဥ္ေနပါတယ္။
ေကာင္မေလးရဲ႕ ေသြးထြက္သံယို ဓာတ္ပုံေတြ
က်ယ္က်ယ္ျပန႔္ျပန႔္ထြက္လာၿပီးေနာက္ ယူႏိုက္တက္က
ကိစၥတစ္ခုကို တိတိက်က်မသိရေသးခ်ိန္မွာ
သတင္းမီဒီယာေတြအေန နဲ႔လိုတာထက္ မဖြဖို႔နဲ႔ အခုလိုကိစၥမ်ိဳးမွာ
ဂရင္းဝုဒ္သာ အမွန္တကယ္ အၾကမ္းဖက္ တဲ့ ျပစ္မႈက်ဴးလြန္ရင္
ယူႏိုက္တက္ အေနနဲ႔ သက္ညႇာေပးမွာ မဟုတ္ေၾကာင္း ထုတ္ျပန္ေၾက ညာခဲ့ပါတယ္။
အဲဒီသတင္း အမွန္သာဆိုရင္ အင္မတန္စက္ဆုပ္႐ြံရွာဖြယ္ေကာင္းၿပီး
ေအာက္တန္းက်တဲ့လုပ္ရပ္ျဖစ္ပါတယ္။
သစ္သားစိမ္းရဲ႕ ကစားသမားဘဝကေတာ့ ေထာင္ထဲမွာပဲကုန္ဆုံးရဖို႔မ်ားေနၿပီး၊
လူ႔အခြင့္အေရးျပည့္ဝတဲ့ ႏိုင္ငံမွာေတာ့ အခုလိုမ်ိဳး
အားနည္းသူကိုအႏိုင္က်င့္တတ္တဲ့သူေတြအတြက္ လူ႔အသိုင္းအဝိုင္းမွာေနရာမရွိပါဘူး။
တိုက္စစ္မႉး ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ ဘရန္ဖို႔ဒ္ႏွင့္ပြဲတြင္
ဂိုး သြင္းယူၿပီးေနာက္ ယူႏိုက္တက္အတြက္ၿပိဳင္ပြဲစုံသြင္းဂိုး (35)ဂိုးအထိရွိခဲ့ၿပီးျဖစ္ပါတယ္။
ပရီးမီးယားလိဂ္-(22)ဂိုး
ယူ႐ိုပါလိဂ္-(6)ဂိုး
FA ဖလား-(3) ဂိုး
ခ်န္ပီယံလိဂ္-(2)ဂိုး
Carabao Cup-(2) ဂိုး ျဖစ္ပါတယ္။