ချစ်တဲ့ဘောလုံးသမားဘဝကို တခြားသူတွေရဲ့ဆန္ဒအရ ကျောခိုင်းလိုက်ပြီဖြစ်တဲ့ အဂွဲရိုး

ဘာစီလိုနာအသင်းမှာကစားနေတဲ့ မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးအဂွဲရိုးဟာ

နှလုံးရောဂါအခြေအနေကြောင့် အသက်(၃၃)နှစ်အရွယ်မှာပဲ

သူ့ရဲ့ဘောလုံးသမားဘဝကို ကန့်လန့်ကာချလိုက်ရပါပြီ။

အဂွဲရိုးဟာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက အလာဗတ်စ်အသင်းနဲ့

ကစားခဲ့တဲ့လာလီဂါပွဲမှာ ပွဲကစားနေရင်း အသက်ရှူရခက်ခဲလာတာကြောင့်

လူစားလဲခံခဲ့ရပြီး အဲဒီအချိန်ကတည်းက အဂွဲရိုးတစ်ယောက်

ဘောလုံးသမားဘဝကအနားယူရဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေ

ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဂွဲရိုးဟာ

နှလုံးခုန်နှုန်းမမှန်တဲ့အနေအထားကြောင့် ဘောလုံးသမားဘဝက

အနားယူဖို့ဆုံးဖြတ်လိုက်ပြီဆိုတာကို ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ

ဘာစီလိုနာအသင်းရဲ့နူးကမ့်ကွင်းအတွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

အတည်ပြုခဲ့သလို တစ်ချိန်က သူ့ဆရာဟောင်းဖြစ်တဲ့

မန်စီးတီးနည်းပြဂွါဒီယိုလာလည်း တက်ရောက်ခဲ့ပါတယ်။

အဂွဲရိုးက “ဒီဆုံးဖြတ်ချက်က ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ဘဲ

တခြားသူတွေရဲ့ဆန္ဒအရ အခုလိုစီစဉ်ခဲ့တာပါ။ ကျွန်တော်ဟာ

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တယ်လို့

ယူဆပါတယ်”ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။

သူ့ဘဝရဲ့အမှတ်ရစရာအကောင်းဆုံးဖြစ်ရပ်တွေကို မီဒီယာတွေက

မေးမြန်းခဲ့ချိန်မှာ အဂွဲရိုးက သူအသက်(၁၆)နှစ်အရွယ်တုန်းက

ရေးဆင်းအသင်းဘက်ကို အင်ဒီပန်ဒီယေတေးအသင်းအတွက်

ဂိုးသွင်းယူနိုင်ခဲ့တဲ့အဖြစ်အပျက်၊ ၂၀၁၀ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဖူလ်ဟမ်ကို

အနိုင်ယူပြီးတော့ ချန်ပီယံဖြစ်ခဲ့တာတွေကို အရင်ဆုံးပြောပြီးတော့မှ

“QPR အသင်းဘက်ကို ကျွန်တော်သွင်းယူခဲ့တဲ့ဂိုးက ကျွန်တော့်အတွက်

ပထမဆုံးပရီးမီးယားလိဂ်ဖလား၊ မန်စီးတီးအသင်းအတွက် ပထမဆုံးအကြိမ်

ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိစေခဲ့တာကြောင့် အရမ်းအဓိပ္ပါယ်ရှိတဲ့

ဂိုးတစ်ဂိုးပါပဲ”လို့ဖြေကြားခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ

ဆယ်စုနှစ်တစ်ခုကြာကစားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နွေရာသီကာလတုန်းက

အသင်းနဲ့လမ်းခွဲပြီး ဘာစီလိုနာအသင်းဆီရောက်ရှိခဲ့သူ အဂွဲရိုးဟာ

သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ မက်ဆီနဲ့ကလပ်တစ်သင်းတည်းမှာ

အတူကစားဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဆန္ဒမပြည့်ခဲ့ပါဘူး။

ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာအသင်းအတွက် (၁၆၅)မိနစ်သာ

ကစားနိုင်ခဲ့ပြီး ရီးယဲလ်နဲ့ El Clasico ပွဲမှာ ဘာစီလိုနာနဲ့

သူ့ဘောလုံးသမားဘဝအတွက်ပထမဆုံးနဲ့နောက်ဆုံးလို့သတ်မှတ်ရမယ့်

ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးသမားဘဝတစ်လျှောက် ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်၊ FA ဖလား၊

ကိုပါအမေရိကဆုဖလားတွေအပါအဝင် အောင်မြင်မှုတွေရယူခဲ့သူ

အဂွဲရိုးဟာ ဘောလုံးလောကကို စောစောစီးစီလက်ပြနှုတ်ဆက်သွားပေမယ့်

သူ့ရဲ့နာမည်က အာဂျင်တီးနားဘောလုံးလောကမှာသာမက

ပရိသတ်တွေရဲ့ရင်ထဲမှာ အမြဲတမ်းရှင်သန်ကျန်ရစ်နေမှာပဲဖြစ်ပါတော့တယ် . . .

zawgyi

ခ်စ္တဲ့ေဘာလုံးသမားဘဝကို တျခားသူေတြရဲ႕ဆႏၵအရ ေက်ာခိုင္းလိုက္ၿပီျဖစ္တဲ့ အဂြဲ႐ိုး

ဘာစီလိုနာအသင္းမွာကစားေနတဲ့ မန္စီးတီးဂႏၴဝင္တိုက္စစ္မႉးအဂြဲ႐ိုးဟာ

ႏွလုံးေရာဂါအေျခအေနေၾကာင့္ အသက္(၃၃)ႏွစ္အ႐ြယ္မွာပဲ

သူ႔ရဲ႕ေဘာလုံးသမားဘဝကို ကန႔္လန႔္ကာခ်လိုက္ရပါၿပီ။

အဂြဲ႐ိုးဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလကုန္ပိုင္းက အလာဗတ္စ္အသင္းနဲ႔

ကစားခဲ့တဲ့လာလီဂါပြဲမွာ ပြဲကစားေနရင္း အသက္ရႉရခက္ခဲလာတာေၾကာင့္

လူစားလဲခံခဲ့ရၿပီး အဲဒီအခ်ိန္ကတည္းက အဂြဲ႐ိုးတစ္ေယာက္

ေဘာလုံးသမားဘဝကအနားယူရဖို႔ရွိေနတယ္ဆိုတဲ့ သတင္းေတြ

ဆက္တိုက္ထြက္ေပၚခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အဂြဲ႐ိုးဟာ

ႏွလုံးခုန္ႏႈန္းမမွန္တဲ့အေနအထားေၾကာင့္ ေဘာလုံးသမားဘဝက

အနားယူဖို႔ဆုံးျဖတ္လိုက္ၿပီဆိုတာကို ဒီေန႔(ဗုဒၶဟူးေန႔)မွာ

ဘာစီလိုနာအသင္းရဲ႕ႏူးကမ့္ကြင္းအတြင္း သတင္းစာရွင္းလင္းပြဲျပဳလုပ္

အတည္ျပဳခဲ့သလို တစ္ခ်ိန္က သူ႔ဆရာေဟာင္းျဖစ္တဲ့

မန္စီးတီးနည္းျပဂြါဒီယိုလာလည္း တက္ေရာက္ခဲ့ပါတယ္။

အဂြဲ႐ိုးက “ဒီဆုံးျဖတ္ခ်က္က ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္မဟုတ္ဘဲ

တျခားသူေတြရဲ႕ဆႏၵအရ အခုလိုစီစဥ္ခဲ့တာပါ။ ကြၽန္ေတာ္ဟာ

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးတိုက္စစ္မႉးတစ္ဦးျဖစ္ခဲ့တယ္လို႔

ယူဆပါတယ္”ဆိုၿပီးေတာ့ေျပာၾကားခဲ့ပါတယ္။

သူ႔ဘဝရဲ႕အမွတ္ရစရာအေကာင္းဆုံးျဖစ္ရပ္ေတြကို မီဒီယာေတြက

ေမးျမန္းခဲ့ခ်ိန္မွာ အဂြဲ႐ိုးက သူအသက္(၁၆)ႏွစ္အ႐ြယ္တုန္းက

ေရးဆင္းအသင္းဘက္ကို အင္ဒီပန္ဒီေယေတးအသင္းအတြက္

ဂိုးသြင္းယူႏိုင္ခဲ့တဲ့အျဖစ္အပ်က္၊ ၂၀၁၀ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ဖူလ္ဟမ္ကို

အႏိုင္ယူၿပီးေတာ့ ခ်န္ပီယံျဖစ္ခဲ့တာေတြကို အရင္ဆုံးေျပာၿပီးေတာ့မွ

“QPR အသင္းဘက္ကို ကြၽန္ေတာ္သြင္းယူခဲ့တဲ့ဂိုးက ကြၽန္ေတာ့္အတြက္

ပထမဆုံးပရီးမီးယားလိဂ္ဖလား၊ မန္စီးတီးအသင္းအတြက္ ပထမဆုံးအႀကိမ္

ပရီးမီးယားလိဂ္ခ်န္ပီယံဆုရရွိေစခဲ့တာေၾကာင့္ အရမ္းအဓိပၸါယ္ရွိတဲ့

ဂိုးတစ္ဂိုးပါပဲ”လို႔ေျဖၾကားခဲ့ပါတယ္။ မန္စီးတီးအသင္းမွာ

ဆယ္စုႏွစ္တစ္ခုၾကာကစားခဲ့ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ေႏြရာသီကာလတုန္းက

အသင္းနဲ႔လမ္းခြဲၿပီး ဘာစီလိုနာအသင္းဆီေရာက္ရွိခဲ့သူ အဂြဲ႐ိုးဟာ

သူ႔ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္သူ မက္ဆီနဲ႔ကလပ္တစ္သင္းတည္းမွ

ာအတူကစားဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္ ဆႏၵမျပည့္ခဲ့ပါဘူး။

ဒဏ္ရာျပႆနာေတြေၾကာင့္ ဘာစီလိုနာအသင္းအတြက္ (၁၆၅)မိနစ္သာ

ကစားႏိုင္ခဲ့ၿပီး ရီးယဲလ္နဲ႔ El Clasico ပြဲမွာ ဘာစီလိုနာနဲ႔

သူ႔ေဘာလုံးသမားဘဝအတြက္ပထမဆုံးနဲ႔ေနာက္ဆုံးလို႔သတ္မွတ္ရမယ့္

ဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးသမားဘဝတစ္ေလွ်ာက္ ယူ႐ိုပါလိဂ္၊ ပရီးမီးယားလိဂ္၊ FA ဖလား၊

ကိုပါအေမရိကဆုဖလားေတြအပါအဝင္ ေအာင္ျမင္မႈေတြရယူခဲ့သူ

အဂြဲ႐ိုးဟာ ေဘာလုံးေလာကကို ေစာေစာစီးစီလက္ျပႏႈတ္ဆက္သြားေပမယ့္

သူ႔ရဲ႕နာမည္က အာဂ်င္တီးနားေဘာလုံးေလာကမွာသာမက

ပရိသတ္ေတြရဲ႕ရင္ထဲမွာ အၿမဲတမ္းရွင္သန္က်န္ရစ္ေနမွာပဲျဖစ္ပါေတာ့တယ္ . . .