ခံစစ်မှူး ၄ယောက်ကိုပညာသားပါပါကျော်ဖြတ်ခဲ့တဲ့ နေမာရဲ့ကျွမ်းကျင်မှုက Puskas ဆုစိန်ခေါ်ဖို့အတွက် အတော်လေးနီးစပ်ခဲ့တယ်

ပီအက်စ်ဂျီအသင်းဟာ ထရိုယက်စ်ကို ၄-၃ဂိုးနဲ့အနိုင်ရဖို့အတွက်အတော်လေးရုန်းကန်ခဲ့ရသလို နှစ်သင်းစလုံးဂိုးရနိုင်တဲ့အခွင့်အရေးတွေကြိမ်ဖန်များစွာရရှိခဲ့ကြပါတယ်။

ဘယ်လ်ဒီရဲ့အစောပိုင်းသွင်းဂိုးက ပွဲစဉ်ကိုလှုပ်ခတ်ခဲ့သလို ကားလို့စ်ဆိုလာရဲ့ချေပဂိုးကလည်း အတော်လေးလှပခဲ့တယ်။ ဒုတိယပိုင်းမှာ ဘယ်လ်ဒီက ထရိုယက်စ်အတွက်

ဒုတိယအကြိမ်ဦးဆောင်ဂိုးထပ်သွင်းခဲ့ပြီး မက်ဆီက ကိုက် ၃၀ကွာအဝေးကန်ချက်နဲ့ ပြန်လည်ချေပခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နေမာရဲ့ အမ်ဘာပီအပေါ် ဂိုးဖန်တီးပေးမှုက

အတော်လေးလှပ လွန်းခဲ့ပြီး ၃-၂ ဂိုးနဲ့ဦးဆောင်ခွင့်ရနိုင်တဲ့အထိ နီးစပ်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ကွင်းလယ်လောက်မှာ ဘောလုံးကိုစတင်လက်ခံခဲ့ပြီး လာကပ်တဲ့ပြိုင်ဘက်ကိုပုခုံး

တစ်ချက်တွန့်ပြီး လူခုယူခဲ့သလို ကစားသမား ၄ယောက်ကိုကျော်ဖြတ်ကာ အမ်ဘာပီ အပိုင်ကန်ခွင့်ရဖို့အတွက် ခန္ဓာကိုယ်တစ်ပတ်လှည့်ပြီးနောက်ပြန်ပေးပို့ခဲ့ တာဖြစ်တယ်။

တကယ့်ကို မှော်ဆန်တဲ့ဖန်တီးမှုဖြစ်ပြီး အမ်ဘာပီသာဂိုးဝင်အောင် ကန်နိုင်ခဲ့ရင် Puskas ဆုကိုရနိုင်လောက်တဲ့အထိကောင်းခဲ့တာဖြစ်တယ်။

နေမာရဲ့ ဂိုဖန်တီးမှုနဲ့ပတ်သတ်လို့ပရိသတ်တစ်ယောက်က “သူအနားယူသွားရင်တော့ ဘောလုံးဟာသေမင်းရဲ့ အိပ်ရာပေါ်ကိုရောက်သွားပါလိမ့်မယ်” လို့ တွစ်တာကနေ မှတ်ချက်ပေးခဲ့ပြီး နောက်တစ်ယောက်က

“အမ်ဘာပီဟာ နေမာရဲ့အံ့ဩလောက်စ ရာဖန်တီးမှုကို လုယက်သွားခဲ့တယ်” လို့ ရေးသားသွားခဲ့ပါတယ်။

(Zawgyi)

ထ႐ိုယက္စ္ခံစစ္မႉး ၄ေယာက္ကိုပညာသားပါပါေက်ာ္ျဖတ္ခဲ့တဲ့ ေနမာရဲ႕ကြၽမ္းက်င္မႈက Puskas ဆုစိန္ေခၚဖို႔အတြက္ အေတာ္ေလးနီးစပ္ခဲ့တယ္

ပီအက္စ္ဂ်ီအသင္းဟာ ထ႐ိုယက္စ္ကို ၄-၃ဂိုးနဲ႔အႏိုင္ရဖို႔အတြက္အေတာ္ေလး႐ုန္းကန္ခဲ့ရသလို ႏွစ္သင္းစလုံးဂိုးရႏိုင္တဲ့အခြင့္အေရးေတြႀကိမ္ဖန္မ်ားစြာရရွိခဲ့ၾကပါတယ္။

ဘယ္လ္ဒီရဲ႕အေစာပိုင္းသြင္းဂိုးက ပြဲစဥ္ကိုလႈပ္ခတ္ခဲ့သလို ကားလို႔စ္ဆိုလာရဲ႕ေခ်ပဂိုးကလည္းအေတာ္ေလးလွပခဲ့တယ္။ ဒုတိယပိုင္းမွာ ဘယ္လ္ဒီက ထ႐ိုယက္စ္အတြက္

ဒုတိယအႀကိမ္ဦးေဆာင္ဂိုးထပ္သြင္းခဲ့ၿပီး မက္ဆီက ကိုက္ ၃၀ကြာအေဝးကန္ခ်က္နဲ႔ ျပန္လည္ေခ်ပခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေနမာရဲ႕ အမ္ဘာပီအေပၚ ဂိုးဖန္တီးေပးမႈက

အေတာ္ေလးလွပ လြန္းခဲ့ၿပီး ၃-၂ ဂိုးနဲ႔ဦးေဆာင္ခြင့္ရႏိုင္တဲ့အထိ နီးစပ္ခဲ့ပါတယ္။ ဘရာဇီးသားဟာ ကြင္းလယ္ေလာက္မွာ ေဘာလုံးကိုစတင္လက္ခံခဲ့ၿပီး လာကပ္တဲ့ၿပိဳင္ဘက္ကိုပုခုံး

တစ္ခ်က္တြန႔္ၿပီး လူခုယူခဲ့သလို ကစားသမား ၄ေယာက္ကိုေက်ာ္ျဖတ္ကာ အမ္ဘာပီ အပိုင္ကန္ခြင့္ရဖို႔အတြက္ ခႏၶာကိုယ္တစ္ပတ္လွည့္ၿပီးေနာက္ျပန္ေပးပို႔ခဲ့ တာျဖစ္တယ္။

တကယ့္ကို ေမွာ္ဆန္တဲ့ဖန္တီးမႈျဖစ္ၿပီး အမ္ဘာပီသာဂိုးဝင္ေအာင္ ကန္ႏိုင္ခဲ့ရင္ Puskas ဆုကိုရႏိုင္ေလာက္တဲ့အထိေကာင္းခဲ့တာျဖစ္တယ္။ ေနမာရဲ႕ ဂိုဖန္တီးမႈနဲ႔ပတ္သတ္လို႔

ပရိသတ္တစ္ေယာက္က “သူအနားယူသြားရင္ေတာ့ ေဘာလုံးဟာေသမင္းရဲ႕အိပ္ယာေပၚကိုေရာက္သြားပါလိမ့္မယ္” လို႔ တြစ္တာကေန မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္တစ္ေယာက္က “အမ္ဘာပီဟာ

ေနမာရဲ႕အံ့ဩေလာက္စ ရာဖန္တီးမႈကို လုယက္သြားခဲ့တယ္” လို႔ ေရးသားသြားခဲ့ပါတယ္