ခံစစ်ဆင်းကူပြီဆိုရင် ပေါ့ဂ်ဘာ ရေသာခိုလိုက်တာပဲလို့ ဒက်ဆယ်လီ ဝေဖန်

ပြင်သစ်ဂန္ထဝင် နောက်ခံလူ မာဆယ်ဒက်ဆယ်လီက

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့
ခံစစ်တာဝန် ယူရပြီဆိုရင် ရေသာခိုလေ့ရှိတယ်လို့
ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်းလည်းဖြစ်တဲ့ ဒက်ဆယ်လီက
အဲဒီအချက်ကြောင့်ပဲ အက်သလက်ကို ဝ-၁ဂိုးနဲ့

အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲမှာ
ပွဲထွက်စာရင်းကနေ ပေါ့ဂ်ဘာ ချန်လှပ်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
ယူနိုက်တက်နည်းပြ ရန်းနစ်ဟာ ကွင်းလယ်မှာ
ခံစစ်ပိုအားသန်တဲ့ မက်တိုမီနေးနဲ့ ဖရက်ဒ်တို့ကို ထုတ်သုံးခဲ့ပါတယ်။
ပေါ့ဂ်ဘာဟာ သူ့ရဲ့လုပ်အားနှုန်းနဲ့ပတ်သက်လို့

မကြာခဏ မေးခွန်းထုတ်ခံရတတ်ပေမယ့်
ယခုရာသီပရီးမီးယားလိဂ်မှာ အသင်းရဲ့ဂိုးဖန်တီးမှု
အများဆုံးကစားသမားအဖြစ် ၁၆ပွဲမှာ ၉ဂိုးအထိ ဖန်တီးပေးထားပါတယ်။
”အရည်အသွေးနဲ့ပတ်သက်လို့ ပေါ့ဂ်ဘာကို
ဖရက်ဒ်၊ မက်တိုမီနေး၊ မာတစ်တို့နဲ့ သွားယှဉ်လို့မရပါဘူး။

သူ့ကို ရော်နယ်ဒိုရဲ့အနောက်မှာ ကွင်းလယ်ဖန်တီးရှင်အဖြစ်
ထားကစားရမှာဖြစ်ပြီး ဒါဆိုရင် အသင်းအတွက် အကျိုးရှိလာနိုင်ပါတယ်။
တိုက်စစ်ဆင်ကစားနေတဲ့အချိန်မှာ ပေါ့ဂ်ဘာရဲ့ကစားပုံက
ပြောစရာမရှိပေမယ့် ဘောလုံးဆုံးရှုံးသွားချိန်မှာ
ခံစစ်ကစားတဲ့အခါ သူ့ရဲ့ရေသာခိုမှုက နည်းနည်းလေးပေါ်လာပါတယ်။

သူဟာ ကွင်းလယ်ကနေ နောက်ဆင်းပြီး
ခံစစ်ကို ကူညီပေးဖို့ တစ်ခါတလေ မလုပ်တာတွေ့ရပါတယ်”လို့
ဒက်ဆယ်လေီက ပြောပါတယ်။
ဖရက်ဒ်နဲ့ မက်တိုမီနေးတို့ ပွဲထွက်စာရင်းမှာ
ပါဝင်လာပေမယ့် အသင်းအတွက် ဂိုးသွင်းနိုင်ဖို့

ကွင်းလယ်ကနေ မကူညီပေးနိုင်ဘဲ တချို့ကတော့
ပေါ့ဂ်ဘာကို စောစီးစွာထုတ်သုံးသင့်တယ်လို့ ဆိုပါတယ်။

Zawgyi

ခံစစ္ဆင္းကူၿပီဆိုရင္ ေပါ့ဂ္ဘာ ေရသာခိုလိုက္တာပဲလို႔ ဒက္ဆယ္လီ ေဝဖန္
ျပင္သစ္ဂႏၴဝင္ ေနာက္ခံလူ မာဆယ္ဒက္ဆယ္လီက
ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာအေနနဲ႔
ခံစစ္တာဝန္ ယူရၿပီဆိုရင္ ေရသာခိုေလ့ရွိတယ္လို႔
ျပင္းထန္စြာ ေဝဖန္လိုက္ပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာင္းလည္းျဖစ္တဲ့ ဒက္ဆယ္လီက
အဲဒီအခ်က္ေၾကာင့္ပဲ အက္သလက္ကို ဝ-၁ဂိုးနဲ႔
အေရးနိမ့္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ပြဲမွာ
ပြဲထြက္စာရင္းကေန ေပါ့ဂ္ဘာ ခ်န္လွပ္ခံခဲ့ရတာျဖစ္တယ္လို႔ဆိုပါတယ္။
ယူႏိုက္တက္နည္းျပ ရန္းနစ္ဟာ ကြင္းလယ္မွာ

ခံစစ္ပိုအားသန္တဲ့ မက္တိုမီေနးနဲ႔ ဖရက္ဒ္တို႔ကို ထုတ္သုံးခဲ့ပါတယ္။
ေပါ့ဂ္ဘာဟာ သူ႔ရဲ႕လုပ္အားႏႈန္းနဲ႔ပတ္သက္လို႔
မၾကာခဏ ေမးခြန္းထုတ္ခံရတတ္ေပမယ့္
ယခုရာသီပရီးမီးယားလိဂ္မွာ အသင္းရဲ႕ဂိုးဖန္တီးမႈ
အမ်ားဆုံးကစားသမားအျဖစ္ ၁၆ပြဲမွာ ၉ဂိုးအထိ ဖန္တီးေပးထားပါတယ္။

”အရည္အေသြးနဲ႔ပတ္သက္လို႔ ေပါ့ဂ္ဘာကို
ဖရက္ဒ္၊ မက္တိုမီေနး၊ မာတစ္တို႔နဲ႔ သြားယွဥ္လို႔မရပါဘူး။
သူ႔ကို ေရာ္နယ္ဒိုရဲ႕အေနာက္မွာ ကြင္းလယ္ဖန္တီးရွင္အျဖစ္
ထားကစားရမွာျဖစ္ၿပီး ဒါဆိုရင္ အသင္းအတြက္ အက်ိဳးရွိလာႏိုင္ပါတယ္။
တိုက္စစ္ဆင္ကစားေနတဲ့အခ်ိန္မွာ ေပါ့ဂ္ဘာရဲ႕ကစားပုံက

ေျပာစရာမရွိေပမယ့္ ေဘာလုံးဆုံးရႈံးသြားခ်ိန္မွာ
ခံစစ္ကစားတဲ့အခါ သူ႔ရဲ႕ေရသာခိုမႈက နည္းနည္းေလးေပၚလာပါတယ္။
သူဟာ ကြင္းလယ္ကေန ေနာက္ဆင္းၿပီး
ခံစစ္ကို ကူညီေပးဖို႔ တစ္ခါတေလ မလုပ္တာေတြ႕ရပါတယ္”လို႔
ဒက္ဆယ္ေလီက ေျပာပါတယ္။

ဖရက္ဒ္နဲ႔ မက္တိုမီေနးတို႔ ပြဲထြက္စာရင္းမွာ
ပါဝင္လာေပမယ့္ အသင္းအတြက္ ဂိုးသြင္းႏိုင္ဖို႔
ကြင္းလယ္ကေန မကူညီေပးႏိုင္ဘဲ တခ်ိဳ႕ကေတာ့
ေပါ့ဂ္ဘာကို ေစာစီးစြာထုတ္သုံးသင့္တယ္လို႔ ဆိုပါတယ္။