ခေါင်းချင်းဆိုင်တိုက်ခဲ့ကြဖူးတဲ့ အန်တိုနီနဲ့ ဒါဝင်နူနက်ဇ် ပြန်ဆုံဖြစ်ကြတော့မယ်

အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနီဟာ မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူရာမှာ အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ကိစ္စ အလုံးစုံ ပြီးမြောက်တော့မှာဖြစ်ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ယူဟာ အန်တိုနီအတွက်

ကနဦးပြောင်းရွှေ့ကြေး ပေါင် ၈၀ ဒသမ ၇၅ သန်း ပေးချေခဲ့ရပြီး ထပ်ဆောင်းအပိုကြေး ၄ ဒသမ ၂၅ သန်း ပေးချေရဖို့ လည်းရှိတယ်လို့ သိရပါတယ်။ နောက်ခံလူ မက်ဂွိုင်းယား၊ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်ကနေပြီး ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ပေါ့ဘာတို့လို့

ကစား သမားတွေပြီးရင် အန်တိုနီဟာ မန်ယူရဲ့ စာချုပ်ခေါ်ယူကြေး ဒုတိယအမြင့် မားဆုံး ကစားသမားဖြစ်လာပါတော့မယ်။ အန်တိုနီဟာ ဒီနွေဈေးကွက်မှာ အိုးလ်ထရက်ဖို့ဒ်ကို ပဉ္စမမြောက် ခေါ်ယူခံရတဲ့ကစားသမားဖြစ်ပြီး ကက်စ်မီရို၊ အေဂျက်ဇ် အသင်းဖော်လော်တာရိုမာတီနက်ဇ်၊

မာလာစီယာ၊ အဲရစ်ဆင်တို့ကို မန်ယူက ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ ဥရောပထိပ်တန်း ခြေစွမ်းအဆင့်ရှိနေပေမယ့် အန်တိုနီဟာ မန်ယူနဲ့ အထိုင်ကျဖို့တော့ အချိန်ယူရဦးမှာဖြစ်တယ်လို့ သုံးသပ်မှုတ ချို့ရှိပေမယ့် သေချာတာတစ်ခုကတော့ မန်ယူဟာ လီဗာပူးကို ထိပ်တိုက် ရင်ဆိုင်ဖို့တော့

အားအပြည့်ရသွားပြီဖြစ်ပါတယ်။ အကြောင်းက ဒီလိုပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ ဘင်ဖီကာ နဲ့ အေဂျက်ဇ်တို့ ထိပ်တိုက်ဆုံကြတဲ့အခါ လီဗာပူးတိုက်စစ်မှူးသစ် ဒါဝင်နူ နက်ဇ်နဲ့ အန်တိုနီတို့ဟာ ပွဲအတွင်းမှာ အချင်းများခဲ့ကြပါတယ်။

အဲဒီပွဲစဉ်မှာ နှစ်ယောက်သား ဘောလုံးယှဉ်လုကြရင်းနဲ့ ဆွဲလားရမ်းလားတွေဖြစ်ကြပြီး ခေါင်းချင်းဆိုင်တွန်းတိုက်ရာကနေ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်တစ်ယောက် လဲကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ထိန်းသိမ်းကြီးကြပ်မှု ကောင်းမွန်ခဲ့တာကြောင့် ရုပ်ပျက်ဆင်းပျက်

ဖြစ်မသွားခဲ့ပါဘူး။ ဒါ့အပြင် ဘရာဇီးတိုက်စစ်မှူးဟာလည်း အဝါကတ်တောင် ပြသခံခဲ့ရတာမျိုး မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်မှာ ဘောလုံးကစားနေရင်း ဥပဒေပ ကျူးလွန်တာက နူနက်ဇ်ဖြစ်ပေမယ့် ကိုယ်ထိလက်ရောက် ကျူးလွန် တာက

အန်တိုနီဖြစ်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစား သမား အန်ဒါဆင်ကို ခေါင်းဆောင့်တိုက်ခဲ့မှုကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံနေ ရတဲ့ နူနက်ဇ်ကို ခေါင်းနဲ့ဆောင့်တိုက်ဖူးတဲ့ အန်တိုနီကို ခေါ်ယူလိုက်တာဟာ သရဲနီတွေက ကြိုးကြာနီတွေကို ထိပ်တိုက်ရင်းနဲ့အနိုင်ယူတော့မလားဆိုတာ စောင့်ကြည့် ချင်စရာတော့ ကောင်းနေပြီဖြစ်ပါတယ်။

(zawgyi)

ေအဂ်က္ဇ္ေတာင္ပံကစားသမား အန္တိုနီဟာ မန္ယူအသင္းနဲ႔ ေဆးစစ္မႈ ခံယူရာမွာ ေအာင္ျမင္ခဲ့ၿပီျဖစ္တာေၾကာင့္ မၾကာခင္မွာပဲ အေျပာင္းအေ႐ႊ႕ကိစၥ အလုံးစုံ ၿပီးေျမာက္ေတာ့မွာျဖစ္ပါတယ္။ ဘီဘီစီသတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရ မန္ယူဟာ

အန္တိုနီအတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၀ ဒသမ ၇၅ သန္း ေပးေခ်ခဲ့ရၿပီး ထပ္ေဆာင္းအပိုေၾကး ၄ ဒသမ ၂၅ သန္း ေပးေခ်ရဖို႔ လည္းရွိတယ္လို႔ သိရပါတယ္။ ေနာက္ခံလူ မက္ဂြိဳင္းယား၊ ၂၀၁၆ ခုႏွစ္မွာ ဂ်ဴဗင္တပ္ကေနၿပီး ေပါင္ ၈၉ သန္းနဲ႔

ေျပာင္းေ႐ႊ႕လာတဲ့ ေပါ့ဘာတို႔လို႔ ကစား သမားေတြၿပီးရင္ အန္တိုနီဟာ မန္ယူရဲ႕ စာခ်ဳပ္ေခၚယူေၾကး ဒုတိယအျမင့္ မားဆုံး ကစားသမားျဖစ္လာပါေတာ့မယ္။ အန္တိုနီဟာ ဒီေႏြေဈးကြက္မွာ အိုးလ္ထရက္ဖို႔ဒ္ကို ပၪၥမေျမာက္ ေခၚယူခံရတဲ့ကစားသမားျဖစ္ၿပီး

ကက္စ္မီ႐ို၊ ေအဂ်က္ဇ္ အသင္းေဖာ္ေလာ္တာ႐ိုမာတီနက္ဇ္၊ မာလာစီယာ၊ အဲရစ္ဆင္တို႔ကို မန္ယူက ေခၚယူခဲ့ၿပီးျဖစ္ပါတယ္။ ဥေရာပထိပ္တန္း ေျခစြမ္းအဆင့္ရွိေနေပမယ့္ အန္တိုနီဟာ မန္ယူနဲ႔ အထိုင္က်ဖို႔ေတာ့ အခ်ိန္ယူရဦးမွာျဖစ္တယ္လို႔ သုံးသပ္မႈတ ခ်ိဳ႕ရွိေပမယ့္

ေသခ်ာတာတစ္ခုကေတာ့ မန္ယူဟာ လီဗာပူးကို ထိပ္တိုက္ ရင္ဆိုင္ဖို႔ေတာ့ အားအျပည့္ရသြားၿပီျဖစ္ပါတယ္။ အေၾကာင္းက ဒီလိုပါ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္တစ္ခုမွာ ဘင္ဖီကာ နဲ႔ ေအဂ်က္ဇ္တို႔ ထိပ္တိုက္ဆုံၾကတဲ့အခါ လီဗာပူးတိုက္စစ္မႉးသစ္

ဒါဝင္ႏူ နက္ဇ္နဲ႔ အန္တိုနီတို႔ဟာ ပြဲအတြင္းမွာ အခ်င္းမ်ားခဲ့ၾကပါတယ္။ အဲဒီပြဲစဥ္မွာ ႏွစ္ေယာက္သား ေဘာလုံးယွဥ္လုၾကရင္းနဲ႔ ဆြဲလားရမ္းလားေတြျဖစ္ၾကၿပီး ေခါင္းခ်င္းဆိုင္တြန္းတိုက္ရာကေန တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္တစ္ေယာက္ လဲက်သြားခဲ့ပါတယ္။

ဒါေပမဲ့ ကြင္းလယ္ဒိုင္လူႀကီးရဲ႕ ထိန္းသိမ္းႀကီးၾကပ္မႈ ေကာင္းမြန္ခဲ့တာေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္မသြားခဲ့ပါဘူး။ ဒါ့အျပင္ ဘရာဇီးတိုက္စစ္မႉးဟာလည္း အဝါကတ္ေတာင္ ျပသခံခဲ့ရတာမ်ိဳး မျဖစ္ဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ၿပီးဆုံးသြားခဲ့တယ္။

ဒီျဖစ္ရပ္မွာ ေဘာလုံးကစားေနရင္း ဥပေဒပ က်ဴးလြန္တာက ႏူနက္ဇ္ျဖစ္ေပမယ့္ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ တာက အန္တိုနီျဖစ္ခဲ့တာပါ။ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ၿပိဳင္ဘက္ကစား သမား အန္ဒါဆင္ကို ေခါင္းေဆာင့္တိုက္ခဲ့မႈေၾကာင့္ ပြဲပယ္ျပစ္ဒဏ္က်ခံေန ရတဲ့

ႏူနက္ဇ္ကို ေခါင္းနဲ႔ေဆာင့္တိုက္ဖူးတဲ့ အန္တိုနီကို ေခၚယူလိုက္တာဟာ သရဲနီေတြက ႀကိဳးၾကာနီေတြကို ထိပ္တိုက္ရင္းနဲ႔အႏိုင္ယူေတာ့မလားဆိုတာ ေစာင့္ၾကည့္ ခ်င္စရာေတာ့ ေကာင္းေနၿပီျဖစ္ပါတယ္။