ခေါင်းကြီးတို့ပေးတဲ့ နာကျင်မှုတွေကြောင့် ခံစားနေရတဲ့ စီရော်နယ်ဒိုကို အသင်းဖော်တွေ နားလည်ပေးနေကြပြီ

မန်ယူမှာ စီရော်နယ်ဒို ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ပတ်သက်ပြီး အသင်း ဖော်တွေအကုန်လုံးက စာနာနားလည်မှုတွေ ထားပေးနိုင်ပြီး အဲဒီအချက်အပေါ် အလိုမကျမှုလည်း တစ်စုံတစ်ရာ မရှိဘူးကြတော့လို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ

ချန်ပီယံလိဂ်ကစားချင်တဲ့အတွက်ကြောင့် အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာချင်နေပေမယ့် ဥရောပ ထိပ်တန်းအသင်းတွေက ကမ်းလှမ်းမှုမျိုး မရှိတာကြောင့် ကစားသမားဟာ လမ်းပျောက်နေပြီဖြစ်ပါတယ်။ တရားဝင် ကမ်းလှမ်းတာဆိုလို့ အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီအာရေဗျ ကလပ်

တစ်ခုပဲရှိပြီး ဒါကိုလည်း ကာယကံရှင် ကစားသမားက ငြင်းဆန်ပယ်ချ ခဲ့ပြီးဖြစ်ပါတယ်။ မန်ယူလိုထိပ်တန်းအသင်းမျိုးကနေ လစ်ချင်နေပြီလို့ ထပ်တလဲလဲ ပြောနေတဲ့ ပေါ်တူဂီသားအပေါ် အရင်တုန်းကဆိုရင် အသင်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးနီးပါး

အလိုမကျခဲ့ကြပါဘူး။ ဒါပေမဲ့ အခုတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ် ရထားတဲ့ ကစားသမားအတွက် သရဲနီတပ်သားတွေ နားလည်လာနိုင်ပြီဖြစ်ပါတယ်။ ဆိုရရင် စီရော်နယ်ဒိုဟာ မန်ယူမှာ ဆက်ရှိနေတာမျိုးထက် သူဖြစ်ချင်တဲ့ ဆန္ဒအတိုင်း အသင်းကနေ

ထွက်သွားတာမျိုးက ပိုကောင်းလိမ့်မယ်ဆိုတဲ့ အယူအဆမျိုး ကို အသင်းဖော်တော်တော်များများက လက်ခံနားလည်လာကြပြီဖြစ်တယ်လို့ ESPN ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ မန်ယူမှာ လက်ရှိကြုံနေရ တဲ့အခြေအနေဟာ ကန့်သတ်ချက်မျိုးတွေရှိနေတာဖြစ်ပြီး

ဒါကို လက်မခံနိုင်တဲ့ စီရော်နယ်ဒိုအပေါ် ကစားသမားတချို့ နားလည်မပေးနိုင်ကြ ပေမယ့် ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားလုံးအောက်မှာတော့ ဆွေးနွေးငြင်း ခုံစရာ အကြောင်းမရှိတာ သေချာနေပါတယ်။ ရီးရဲလ်မှာ ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ ကွင်းလယ်လူတွေ၊ ဥရောပထိပ်တန်းဆိုတဲ့

နောက်ခံကစားသမားတွေ နဲ့ ဘောလုံးရာသီပေါင်းများစွာ တွဲဖက်ကစားဖူးတဲ့ စီရော်နယ်ဒိုအတွက် လက်ရှိမန်ယူဟာ ဆီနဲ့ရေလိုတော့ ကွာခြားနေတယ်လို့ ခံစားမိနိုင်တာမျိုး ဖြစ် နေပါလိမ့်မယ်။ အထူးသဖြင့် သူ့ရဲ့ မန်ယူ ကစားသမားဘ၀ ပထမအကြိမ်တုန်းက ရီယိုဖာဒီနန်၊ ဗီဒစ်တို့လို

ဒေါင်ဒေါင်မြည် ခံစစ်မှူးတွေနဲ့ တွဲဖက်ကစားဖူးတဲ့ စီရော်နယ်ဒိုဟာ ဒုတိယအကြိမ် အိုးလ်ထရက်ဖို့ အပြန်ခရီးမှာတော့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်တို့လို နည်းစနစ်ပိုင်း အားနည်းချက်ရှိနေတဲ့ ကစားသမားတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရလေတော့ စိတ်မပျက်ဘဲခံနိုင်ရိုးလား ဆိုတာမျိုး ဖြစ်နေပါပြီ။

(zawgyi)

မန္ယူမွာ စီေရာ္နယ္ဒို ခံစားေနရတဲ့ နာက်င္မႈေတြနဲ႔ပတ္သက္ၿပီး အသင္း ေဖာ္ေတြအကုန္လုံးက စာနာနားလည္မႈေတြ ထားေပးႏိုင္ၿပီး အဲဒီအခ်က္အေပၚ အလိုမက်မႈလည္း တစ္စုံတစ္ရာ မရွိဘူးၾကေတာ့လို႔ သိရပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ

ခ်န္ပီယံလိဂ္ကစားခ်င္တဲ့အတြက္ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္ေနေပမယ့္ ဥေရာပ ထိပ္တန္းအသင္းေတြက ကမ္းလွမ္းမႈမ်ိဳး မရွိတာေၾကာင့္ ကစားသမားဟာ လမ္းေပ်ာက္ေနၿပီျဖစ္ပါတယ္။ တရားဝင္ ကမ္းလွမ္းတာဆိုလို႔ အေရွ႕အလယ္ပိုင္းေဒသက

ေဆာ္ဒီအာေရဗ် ကလပ္တစ္ခုပဲရွိၿပီး ဒါကိုလည္း ကာယကံရွင္ ကစားသမားက ျငင္းဆန္ပယ္ခ် ခဲ့ၿပီးျဖစ္ပါတယ္။ မန္ယူလိုထိပ္တန္းအသင္းမ်ိဳးကေန လစ္ခ်င္ေနၿပီလို႔ ထပ္တလဲလဲ ေျပာေနတဲ့ ေပၚတူဂီသားအေပၚ အရင္တုန္းကဆိုရင္ အသင္းေဖာ္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဖ

က္ေတြအားလုံးနီးပါး အလိုမက်ခဲ့ၾကပါဘူး။ ဒါေပမဲ့ အခုေတာ့ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆု ၅ ႀကိမ္ ရထားတဲ့ ကစားသမားအတြက္ သရဲနီတပ္သားေတြ နားလည္လာႏိုင္ၿပီျဖစ္ပါတယ္။ ဆိုရရင္ စီေရာ္နယ္ဒိုဟာ မန္ယူမွာ ဆက္ရွိေနတာမ်ိဳးထက္

သူျဖစ္ခ်င္တဲ့ ဆႏၵအတိုင္း အသင္းကေန ထြက္သြားတာမ်ိဳးက ပိုေကာင္းလိမ့္မယ္ဆိုတဲ့ အယူအဆမ်ိဳး ကို အသင္းေဖာ္ေတာ္ေတာ္မ်ားမ်ားက လက္ခံနားလည္လာၾကၿပီျဖစ္တယ္လို႔ ESPN ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ မန္ယူမွာ

လက္ရွိႀကဳံေနရ တဲ့အေျခအေနဟာ ကန႔္သတ္ခ်က္မ်ိဳးေတြရွိေနတာျဖစ္ၿပီး ဒါကို လက္မခံႏိုင္တဲ့ စီေရာ္နယ္ဒိုအေပၚ ကစားသမားတခ်ိဳ႕ နားလည္မေပးႏိုင္ၾက ေပမယ့္ ပေရာ္ဖက္ရွင္နယ္ဆိုတဲ့ စကားလုံးေအာက္မွာေတာ့ ေဆြးေႏြးျငင္း ခုံစရာ အေၾကာင္းမရွိတာ

ေသခ်ာေနပါတယ္။ ရီးရဲလ္မွာ ကမာၻ႔အေကာင္းဆုံး ဆိုတဲ့ ကြင္းလယ္လူေတြ၊ ဥေရာပထိပ္တန္းဆိုတဲ့ ေနာက္ခံကစားသမားေတြ နဲ႔ ေဘာလုံးရာသီေပါင္းမ်ားစြာ တြဲဖက္ကစားဖူးတဲ့ စီေရာ္နယ္ဒိုအတြက္ လက္ရွိမန္ယူဟာ ဆီနဲ႔ေရလိုေတာ့ ကြာျခားေနတယ္လို႔

ခံစားမိႏိုင္တာမ်ိဳး ျဖစ္ ေနပါလိမ့္မယ္။ အထူးသျဖင့္ သူ႔ရဲ႕ မန္ယူ ကစားသမားဘ၀ ပထမအႀကိမ္တုန္းက ရီယိုဖာဒီနန္၊ ဗီဒစ္တို႔လို ေဒါင္ေဒါင္ျမည္ ခံစစ္မႉးေတြနဲ႔ တြဲဖက္ကစားဖူးတဲ့ စီေရာ္နယ္ဒိုဟာ ဒုတိယအႀကိမ္ အိုးလ္ထရက္ဖို႔ အျပန္ခရီးမွာေတာ့ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္တို႔လို နည္းစနစ္ပိုင္း အားနည္းခ်က္ရွိေနတဲ့ ကစားသမားေတြနဲ႔ နဖူးေတြ႕ဒူးေတြ႕ ႀကဳံရေလေတာ့ စိတ္မပ်က္ဘဲခံႏိုင္႐ိုးလား ဆိုတာမ်ိဳး ျဖစ္ေနပါၿပီ။