ခိုင်မာတဲ့ရင်းနှီးမှုရှိခဲ့မှုနဲ့အတူ ယခုတိုင်ပုံမှန်အဆက်အသွယ်ပြုလုပ်နေကြတဲ့ ပီအက်စ်ဂျီနည်းပြနဲ့ သရဲနီကစားသမား

မော်ရီစီယိုပိုချက်တီနိုဟာမန်ချက်စတာယူနိုက်တက်နောက်ခံလူလုခ်ရှောနှင့်

ပုံမှန်အဆက်အသွယ်ရှိနေကြောင်းသိရပါတယ်။

ပီအက်စ်ဂျီနည်းပြဟာယူနိုက်တက်နည်းပြရာထူးအတွက်

အကြိမ်ကြိမ်ချဉ်းကပ်မှုခံခဲ့ရဖူးသူဖြစ်ပြီး

လာမယ့်နွေရာသီတွင်ယူနိုက်တက်နည်းပြဖြစ်လာရန်

ထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ယူနိုက်တက်ဟာနိုဝင်ဘာလတုန်းကဆိုးလ်ရှားကိုထုတ်ပယ်စဉ်တုန်းက

ပိုချက်တီနိုအား ဆက်သွယ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ပီအက်စ်ဂျီကရာသီဝက်ကာလမျိုးတွင်နည်းပြကို

မဆုံးရှုံးလိုမှုကြောင့်ပယ်ချခဲ့ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရပိုချက်တီနိုဟာ

ဆောက်သမ်တန်မှာတုန်းကလက်တွဲခဲ့ဖူးတဲ့ ယူနိုက်တက်နောက်ခံလူ

လုခ်ရှောနှင့်ပုံမှန်အဆက်အသွယ်ရှိကြောင်းသိရပါတယ်။

၎င်းတို့နှစ်ဦးဟာဆောက်သမ်တန်တွင်၁၆လကြာတွဲခဲ့ဖူးကြပါတယ်။

ရှောနှင့်ပိုချက်တီနိုတို့ဟာဆောက်သမ်တန်မှာတုန်းက

ခိုင်မာတဲ့ရင်းနှီးမှုရှိခဲ့မှုနဲ့အတူ ယခုတိုင်ပုံမှန်အဆက်အသွယ်ပြုလုပ်နေကြတုန်းဖြစ်ပါတယ်။

zawgyi
















