ခရီးပန်းတာကိုအကြောင်းပြချက်ပေးလို့မရတော့တဲ့ တော်ဝင်မက်ဒရစ်အသင်းရဲ့ ဇိမ်ကျလွန်းတဲ့ လေယာဥ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ စပွန်ဆာရဲ့ကျေးဇူးနဲ့ပေါင်သန်း ၃၈၀ တန်

သီးသန့်လေယာဥ်ပျံကိုစီးပြီးချန်ပီယံလိဂ်အဝေးကွင်း ပွဲတွေကို

သွားကစားလေ့ရှိပါတယ်။ ရီးရဲလ်ဟာ ၂၀၁၃ ကတည်းက Emirates

လေကြောင်းလိုင်းနဲ့ စပွန်ဆာရယူထားတာဖြစ် ပြီး ဒီအတွက်တစ်နှစ်ကို

ပေါင် ၆၂ သန်းရနေတဲ့အပြင် ဥရောပအဝေးကွင်းပွဲတွေအတွက်

ခရီးထွက်ရာမှာလည်းတကယ့်ဇိမ်ခံ လေယာဥ်နဲ့သွားရတာဖြစ်ပါတယ်။

ဒီလေယာဥ်က Airbus A380 အမျိုးအစားဖြစ်ပြီး အတွင်းပိုင်းမှာ

နှစ်ထပ်ဖြစ်ကာခရီးသည် ၅၂၅ ယောက်အထိတင်ဆောင်နိုင်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်အသင်းသီးသန့်စီးရတဲ့လေယာဥ်ဖြစ်လို့

အတွင်းပိုင်းမှာအ ရမ်းကိုသားနားတဲ့အပြင် ဇိမ်ခံဖို့လည်း

ပြည့်စုံလုနီးပါးထားရှိပေးထားလို့ ကစားသမားတွေခရီးပန်းတယ်ဆိုတာလည်း

ရှိမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဘယ်လောက်အထိ ခမ်းနားသလဲဆိုရင်

ကစားသမားတစ်ဦးချင်းစီအတွက် သီးသန့်ရေချိုးခန်းပါဝင်လို့

အများနဲ့ရောပြီးချိုးရတာ မျိုးမရှိတော့ပါဘူး။

နောက်ပြီး ကစားသမားတွေအပန်းဖြေဖို့အတွက်လည်း

ဘားဧရိယာတစ်ခုထားရှိပေးထားပြီး တစ်ဦးချင်းစီ အတွက်

အခန်းငယ်လေးတွေကိုလည်းထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင်တစ်ဦးစီအိပ်နိုင်တဲ့ အိပ်ယာလည်းပါဝင်ပြီး ဒီအိပ် ယာနဲ့အတူ

လိုင်းပေါင်း ၂၅၀၀ အထိပါဝင်တဲ့ သီးသန့် Tablet ၊ အယ်လ်ကိုဟောမပါတဲ့

ဘားအငယ်စားနဲ့ ဘေစင်အသေးတစ် လုံးကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဒါကြောင့်လည်းခရီးဆိုက်ရောက်တဲ့အခါမှာ ကစားသမားတွေဟာလန်းဆန်းစွာနဲ့

အရာရာကိုအသင့်ရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင်လေယာဥ်ကိုလည်း

ရီးရဲလ်ကစားသမားတွေရဲ့ပုံတွေကိုဆေးချယ်ဖော်ပြထား တဲ့အတွက်

ဒီလေယာဥ်ဆိုက်ရောက်တာနဲ့ ရီးရဲလ်အသင်းလာပြီဆိုတာကိုအားလုံးကသိရှိကြလို့

သူတို့ကိုအထူးတလည်အာရုံ စိုက်မယ့်သူတွေလည်းမရှိတော့ပါဘူး။

ခရီးစဥ်တစ်လျှောက်လုံးမှာလည်း ချောမောလှပတဲ့ လေယာဥ်မယ်လေးတွေက

လိုလေ သေးမရှိအောင်ဧည့်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်ပွဲစဥ်တစ်ခုအရေးမလှတဲ့အခါ

ခရီးပန်းတာကိုအကြောင်းပြချက်ပေးလို့မရတော့အထိ ဖြစ်သွားစေပါတယ်။

ဒီလေယာဥ်ဟာ အင်ဂျင် ၄ လုံးတပ်ဖြစ်ပြီး ၂၀၀၅ ကတည်းက

စတင်ပျံသန်းနေတာဖြစ် ပါတယ်။ တစ်နာရီကို ၅၅၉ မိုင်နှုန်းနဲ့

ရေမိုင် ၈၅၀၀ အထိမနားတမ်းသွားနိုင်အောင်တီထွင်ထားတာလည်းဖြစ်ပါတယ်။

zawgyi

ခရီးပန္းတာကိုအေၾကာင္းျပခ်က္ေပးလို႔မရေတာ့တဲ့ ေတာ္ဝင္မက္ဒရစ္အသင္းရဲ႕ ဇိမ္က်လြန္းတဲ့ ေလယာဥ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ စပြန္ဆာရဲ႕ေက်းဇူးနဲ႔ေပါင္သန္း ၃၈၀ တန္

သီးသန႔္ေလယာဥ္ပ်ံကိုစီးၿပီးခ်န္ပီယံလိဂ္အေဝးကြင္း ပြဲေတြကို

သြားကစားေလ့ရွိပါတယ္။ ရီးရဲလ္ဟာ ၂၀၁၃ ကတည္းက Emirates

ေလေၾကာင္းလိုင္းနဲ႔ စပြန္ဆာရယူထားတာျဖစ္ ၿပီး ဒီအတြက္တစ္ႏွစ္ကို

ေပါင္ ၆၂ သန္းရေနတဲ့အျပင္ ဥေရာပအေဝးကြင္းပြဲေတြအတြက္

ခရီးထြက္ရာမွာလည္းတကယ့္ဇိမ္ခံ ေလယာဥ္နဲ႔သြားရတာျဖစ္ပါတယ္။

ဒီေလယာဥ္က Airbus A380 အမ်ိဳးအစားျဖစ္ၿပီး အတြင္းပိုင္းမွ

ာႏွစ္ထပ္ျဖစ္ကာခရီးသည္ ၅၂၅ ေယာက္အထိတင္ေဆာင္ႏိုင္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္အသင္းသီးသန႔္စီးရတဲ့ေလယာဥ္ျဖစ္လို႔

အတြင္းပိုင္းမွာအ ရမ္းကိုသားနားတဲ့အျပင္ ဇိမ္ခံဖို႔လည္း

ျပည့္စုံလုနီးပါးထားရွိေပးထားလို႔ ကစားသမားေတြခရီးပန္းတယ္ဆိုတာလည္း

ရွိမွာ မဟုတ္ဘူးလို႔ဆိုပါတယ္။ ဘယ္ေလာက္အထိ ခမ္းနားသလဲဆိုရင္

ကစားသမားတစ္ဦးခ်င္းစီအတြက္ သီးသန႔္ေရခ်ိဳးခန္းပါဝင္လို႔

အမ်ားနဲ႔ေရာၿပီးခ်ိဳးရတာ မ်ိဳးမရွိေတာ့ပါဘူး။

ေနာက္ၿပီး ကစားသမားေတြအပန္းေျဖဖို႔အတြက္လည္း

ဘားဧရိယာတစ္ခုထားရွိေပးထားၿပီး တစ္ဦးခ်င္းစီ အတြက္

အခန္းငယ္ေလးေတြကိုလည္းထည့္သြင္းေပးထားပါတယ္။

ဒါ့အျပင္တစ္ဦးစီအိပ္ႏိုင္တဲ့ အိပ္ယာလည္းပါဝင္ၿပီး ဒီအိပ္ ယာနဲ႔အတူ

လိုင္းေပါင္း ၂၅၀၀ အထိပါဝင္တဲ့ သီးသန႔္ Tablet ၊ အယ္လ္ကိုေဟာမပါတဲ့

ဘားအငယ္စားနဲ႔ ေဘစင္အေသးတစ္ လုံးကိုလည္း ထည့္သြင္းေပးထားပါတယ္။

ဒါေၾကာင့္လည္းခရီးဆိုက္ေရာက္တဲ့အခါမွာ ကစားသမားေတြဟာလန္းဆန္းစြာနဲ႔

အရာရာကိုအသင့္ရွိေနမွာျဖစ္ပါတယ္။ ဒါ့အျပင္ေလယာဥ္ကိုလည္း

ရီးရဲလ္ကစားသမားေတြရဲ႕ပုံေတြကိုေဆးခ်ယ္ေဖာ္ျပထား တဲ့အတြက္

ဒီေလယာဥ္ဆိုက္ေရာက္တာနဲ႔ ရီးရဲလ္အသင္းလာၿပီဆိုတာကိုအားလုံးကသိရွိၾကလို႔

သူတို႔ကိုအထူးတလည္အာ႐ုံ စိုက္မယ့္သူေတြလည္းမရွိေတာ့ပါဘူး။

ခရီးစဥ္တစ္ေလွ်ာက္လုံးမွာလည္း ေခ်ာေမာလွပတဲ့ ေလယာဥ္မယ္ေလးေတြက

လိုေလ ေသးမရွိေအာင္ဧည့္ခံမွာျဖစ္ပါတယ္။ ဒါေၾကာင့္ပြဲစဥ္တစ္ခုအေရးမလွတဲ့အခါ

ခရီးပန္းတာကိုအေၾကာင္းျပခ်က္ေပးလို႔မရေတာ့အထိ ျဖစ္သြားေစပါတယ္။

ဒီေလယာဥ္ဟာ အင္ဂ်င္ ၄ လုံးတပ္ျဖစ္ၿပီး ၂၀၀၅ ကတည္းက

စတင္ပ်ံသန္းေနတာျဖစ္ ပါတယ္။ တစ္နာရီကို ၅၅၉ မိုင္ႏႈန္းနဲ႔

ေရမိုင္ ၈၅၀၀ အထိမနားတမ္းသြားႏိုင္ေအာင္တီထြင္ထားတာလည္းျဖစ္ပါတယ္။