





ခရိုအေးရှားအသင်းဟာ ဘရာဇီးကိုအနိုင်ယူကျော်ဖြတ်ပြီး
ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်သလို ကာတာနိုင်ငံမှာအားလုံးရဲ့





အာရုံစိုက်ခြင်းခံနေရတဲ့ အီဗန်နာနိုးက သူမရဲ့နိုင်ငံသားတွေအတွက်
ကြီးမားတဲ့ကတိတစ်ခုပေးလိုက်ပါပြီ။ ကျားကွက်တွေအတွက်ကတော့
သမိုင်းတစ်လျှောက်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက်အဖြစ်





တက်လှမ်းနိုင်ခဲ့တာဖြစ်တယ်။ ကွင်းတွင်းမှာ ခရိုအေးရှားအသင်းက
မထင်မှတ်တာတွေလုပ်ပြနေသလို ကွင်းပြင်ပမှာလည်း သူတို့ရဲ့





ပရိသတ်တွေထဲကတစ်ယောက်ဖြစ်တဲ့ မယ်ဟောင်းအီဗန်နာနိုးဟာ
အများရဲ့အာရုံစိုက်ခြင်းခံနေရပါတယ်။ ခရိုအေးရှားမယ်ဟောင်းဖြစ်တဲ့
အီဗန်နာနိုးဟာ နိုင်ငံတော်အလံရဲ့အရောင်အသွေးနဲ့အံ့မခန်း





ဝတ်စားဆင်ယင်မှုတွေကြောင့် သတင်းတွေရဲ့ခေါင်းကြီးပိုင်းမှာ
နေရာယူနိုင်ခဲ့တာဖြစ်တယ်။ သူမရဲ့ဝတ်စားဆင်ယင်ပုံကအိမ်ရှင်





ကာတာနိုင်ငံအပေါ်မလေးစားရာကျတယ်လို့ဝေဖန်မှုတွေထွက်ပေါ်နေသလို
အရှေ့အလယ်ပိုင်းက အမျိုးသားအချို့ဟာစက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း
သက်သေပြဖို့အတွက် ဓာတ်ပုံတွေရိုက်ကူးခဲ့တယ်လို့သတင်းတွေ





ထွက်လာတဲ့အပေါ် အီဗန်နာနိုးက အတော်လေးတင်းခဲ့ပါတယ်။
အခုအချိန်မှာတော့ ကမ္ဘာ့ဖလားကိုအာရုံစိုက်နေကြတဲ့အမျိုးသားထုကြီးကို





အီဗန်နာနိုးက မက်လုံးတွေပိုပေးလာခဲ့ပြီဖြစ်တယ်။
ခရိုအေးရှားကမ္ဘာ့ချန်ပီယံဖြစ်ရင် ဘာလုပ်မလဲလို့စာနယ်ဇင်းသမားတွေက
မေးမြန်းရာမှာတော့ ခရိုအေးရှားအလံကိုခန္ဓာကိုယ်မှာလွှမ်းခြုံထားတဲ့





အီဗန်နာနိုးက “ဒီလိုဖြစ်လာရင်…အလံတွေပြုတ်ကျလာလိမ့်မယ်” လို့
ကိုယ်တုံးလုံးချွတ်ပြမယ်ဆိုတဲ့ ကတိပေးသွားခဲ့တာဖြစ်တယ်။





ဒီလောက်ဆိုရင်တော့ အာဂျင်တီးနားနဲ့ ဆီမီးဖိုင်နယ်မှာ
ခရိုအေးရှားဘက်တော်သားတွေပိုများလာမှာတော့ အသေအချာပါပဲ။





zawgyi
ခ႐ိုေအးရွားသာ ဗိုလ္စြဲရင္ကိုယ္တုံးလုံးခြၽတ္ျပမယ္လို႔ ပရိသတ္ေတြကို အီဗန္နာႏိုး ကတိေပးလိုက္ၿပီ





ခ႐ိုေအးရွားအသင္းဟာ ဘရာဇီးကိုအႏိုင္ယူေက်ာ္ျဖတ္ၿပီး
ဆီမီးဖိုင္နယ္ကိုတက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္သလို ကာတာႏိုင္ငံမွာအားလုံးရဲ႕
အာ႐ုံစိုက္ျခင္းခံေနရတဲ့ အီဗန္နာႏိုးက သူမရဲ႕ႏိုင္ငံသားေတြအတြက္





ႀကီးမားတဲ့ကတိတစ္ခုေပးလိုက္ပါၿပီ။ က်ားကြက္ေတြအတြက္ကေတာ့
သမိုင္းတစ္ေလွ်ာက္ကမာၻ႔ဖလားဆီမီးဖိုင္နယ္ကို တတိယအႀကိမ္ေျမာက္အျဖစ္





တက္လွမ္းႏိုင္ခဲ့တာျဖစ္တယ္။ ကြင္းတြင္းမွာ ခ႐ိုေအးရွားအသင္းက
မထင္မွတ္တာေတြလုပ္ျပေနသလို ကြင္းျပင္ပမွာလည္း သူတို႔ရဲ႕
ပရိသတ္ေတြထဲကတစ္ေယာက္ျဖစ္တဲ့ မယ္ေဟာင္းအီဗန္နာႏိုးဟာ





အမ်ားရဲ႕အာ႐ုံစိုက္ျခင္းခံေနရပါတယ္။ ခ႐ိုေအးရွားမယ္ေဟာင္းျဖစ္တဲ့
အီဗန္နာႏိုးဟာ ႏိုင္ငံေတာ္အလံရဲ႕အေရာင္အေသြးနဲ႔အံ့မခန္း





ဝတ္စားဆင္ယင္မႈေတြေၾကာင့္ သတင္းေတြရဲ႕ေခါင္းႀကီးပိုင္းမွာ
ေနရာယူႏိုင္ခဲ့တာျဖစ္တယ္။ သူမရဲ႕ဝတ္စားဆင္ယင္ပုံကအိမ္ရွင္
ကာတာႏိုင္ငံအေပၚမေလးစားရာက်တယ္လို႔ေဝဖန္မႈေတြထြက္ေပၚေနသလို





အေရွ႕အလယ္ပိုင္းက အမ်ိဳးသားအခ်ိဳ႕ဟာစက္ဆုပ္႐ြံရွာဖြယ္ျဖစ္ေၾကာင္း
သက္ေသျပဖို႔အတြက္ ဓာတ္ပုံေတြ႐ိုက္ကူးခဲ့တယ္လို႔သတင္းေတြ





ထြက္လာတဲ့အေပၚ အီဗန္နာႏိုးက အေတာ္ေလးတင္းခဲ့ပါတယ္။
အခုအခ်ိန္မွာေတာ့ ကမာၻ႔ဖလားကိုအာ႐ုံစိုက္ေနၾကတဲ့အမ်ိဳးသားထုႀကီးကို
အီဗန္နာႏိုးက မက္လုံးေတြပိုေပးလာခဲ့ၿပီျဖစ္တယ္။





ခ႐ိုေအးရွားကမာၻ႔ခ်န္ပီယံျဖစ္ရင္ ဘာလုပ္မလဲလို႔စာနယ္ဇင္းသမားေတြက
ေမးျမန္းရာမွာေတာ့ ခ႐ိုေအးရွားအလံကိုခႏၶာကိုယ္မွာလႊမ္းၿခဳံထားတဲ့





အီဗန္နာႏိုးက “ဒီလိုျဖစ္လာရင္…အလံေတြျပဳတ္က်လာလိမ့္မယ္” လို႔
ကိုယ္တုံးလုံးခြၽတ္ျပမယ္ဆိုတဲ့ ကတိေပးသြားခဲ့တာျဖစ္တယ္။
ဒီေလာက္ဆိုရင္ေတာ့ အာဂ်င္တီးနားနဲ႔ ဆီမီးဖိုင္နယ္မွာ





ခ႐ိုေအးရွားဘက္ေတာ္သားေတြပိုမ်ားလာမွာေတာ့ အေသအခ်ာပါပဲ။