





မက်ဆီအနေနဲ့ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဆင့်ကို ဒုတိယအကြိမ်မြောက်
တက်လှမ်းနိုင်ခဲ့သလို ခရိုအေးရှားနဲ့ပွဲစဉ်မှာ ကိုယ်တိုင်တစ်ဂိုးသွင်းပြီး





တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပီအက်စ်ဂျီကြယ်ပွင့်က
Man Of The Match ဆုကိုပိုင်ဆိုင်ခဲ့ပေမဲ့ ခရိုအေးရှားဘက်ကို
၂ဂိုးသွင်းခဲ့တဲ့ မန်စီးတီးလူငယ်ဂျူလီယန်အဲလ်ဗာရက်ဇ်ကိုလွှဲပြောင်း





ပေးခဲ့တာဖြစ်တယ်။ မက်ဆီဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်
၄ ကြိမ်မြောက် Man Of The Match ဆုကိုလက်ခံရယူခဲ့ပေမဲ့





ဒီကိစ္စကိုဖုံးကွယ်မထားခဲ့ပါဘူး။ ဒီဆုကိုလက်ခံရယူတဲ့အချိန်မှာ
မက်ဆီက “ကစားသမားတိုင်းကောင်းခဲ့ပေမဲ့ ဒီဆုအတွက်
ရွေးချယ်ရမယ်ဆိုရင်တော့၊ ကျွန်တော် ဂျူလီယန်ကို ပေးလိုက်ပါ့မယ်။





သူ့မှာထူးခြားတဲ့ ဂိမ်းတစ်ခုရှိခဲ့တယ်” လို့Metro UK နဲ့တွေ့ဆုံမှုမှာ
ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။ ဂျူလီယန်အဲလ်ဗာရက်ဇ်ဟာ ငယ်ဘဝမှာ





မက်ဆီကိုကြည့်ရင်းကြီးပြင်းလာခဲ့သူဖြစ်ပြီး မန်စီးတီးကိုပြောင်းရွှေ့ဖို့
အခွင့်အရေးရခဲ့ပေမဲ့ ဂွါဒီယိုလာရဲ့အသင်းမှာ ဟာလန်းရှိနေတာကြောင့်
ပုံမှန်ကစားခွင့်မရခဲ့ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာလည်း





စကာလိုနီရဲ့ဦးစားပေးတိုက်စစ်ကစားသမားတွေက လော်တာရို
မာတီနက်ဇ်နဲ့ ဒီမာရီယာတို့ဖြစ်ခဲ့ပေမဲ့ အသင်းဖော်တွေကြံ့ခိုင်မှု





အားနည်းနေချိန်မှာ မက်ဆီနဲ့တွဲဖက်ဖို့အခွင့်အရေးရခဲ့တာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲလ်ဗာရက်ဇ်ရဲ့စွမ်းဆောင်ရည်က အာဂျင်တီးနားကို
ဗိုလ်လုပွဲအရောက်ဆွဲခေါ်နိုင်ခဲ့တယ်ဆိုတာထင်ရှားနေတဲ့အတွက်





မက်ဆီကတော့ အကောင်းဆုံးဆုဟာ မန်စီးတီးလူငယ်နဲ့
ထိုက်တန်တယ်ဆိုတာကို အသိအမှတ်ပြုပေးလိုက်တာဖြစ်တယ်။





အာဂျင်တီးနားနဲ့အတူအလဲအကွဲကာလတွေရင်ဆိုင်ခဲ့ရချိန်မှာ
လက်ရွေးစင်ကစားသမားဘဝကအနားယူဖို့အထိကြိတ်ခံစားခဲ့ပေမဲ့
ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် မက်ဆီကတော့ ခရိုအေးရှားနဲ့ပွဲက





အကောင်းဆုံးဆုကို အဲလ်ဗာရက်ဇ်ဆီ လူသိရှင်ကြားလွှဲပြောင်းပေးလိုက်ပါတယ်။





zawgyi
ခ႐ိုေအးရွားႏိုင္ပြဲက Man Of The Match ဆုကို အဲလ္ဗာရက္ဇ္ဆီ မက္ဆီလႊဲေျပာင္းေပးလိုက္တယ္
မက္ဆီအေနနဲ႔ကမာၻ႔ဖလား ဗိုလ္လုပြဲအဆင့္ကို ဒုတိယအႀကိမ္ေျမာက္





တက္လွမ္းႏိုင္ခဲ့သလို ခ႐ိုေအးရွားနဲ႔ပြဲစဥ္မွာ ကိုယ္တိုင္တစ္ဂိုးသြင္းၿပီး
တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီၾကယ္ပြင့္က





Man Of The Match ဆုကိုပိုင္ဆိုင္ခဲ့ေပမဲ့ ခ႐ိုေအးရွားဘက္ကို
၂ဂိုးသြင္းခဲ့တဲ့ မန္စီးတီးလူငယ္ဂ်ဴလီယန္အဲလ္ဗာရက္ဇ္ကိုလႊဲေျပာင္း
ေပးခဲ့တာျဖစ္တယ္။ မက္ဆီဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္





၄ ႀကိမ္ေျမာက္ Man Of The Match ဆုကိုလက္ခံရယူခဲ့ေပမဲ့
ဒီကိစၥကိုဖုံးကြယ္မထားခဲ့ပါဘူး။ ဒီဆုကိုလက္ခံရယူတဲ့အခ်ိန္မွာ





မက္ဆီက “ကစားသမားတိုင္းေကာင္းခဲ့ေပမဲ့ ဒီဆုအတြက္
ေ႐ြးခ်ယ္ရမယ္ဆိုရင္ေတာ့၊ ကြၽန္ေတာ္ ဂ်ဴလီယန္ကို ေပးလိုက္ပါ့မယ္။
သူ႔မွာထူးျခားတဲ့ ဂိမ္းတစ္ခုရွိခဲ့တယ္” လို႔Metro UK နဲ႔ေတြ႕ဆုံမႈမွာ





ခ်က္ခ်င္းတုံ႔ျပန္လိုက္ပါတယ္။ ဂ်ဴလီယန္အဲလ္ဗာရက္ဇ္ဟာ ငယ္ဘဝမွာ
မက္ဆီကိုၾကည့္ရင္းႀကီးျပင္းလာခဲ့သူျဖစ္ၿပီး မန္စီးတီးကိုေျပာင္းေ႐ႊ႕ဖို႔





အခြင့္အေရးရခဲ့ေပမဲ့ ဂြါဒီယိုလာရဲ႕အသင္းမွာ ဟာလန္းရွိေနတာေၾကာင့္
ပုံမွန္ကစားခြင့္မရခဲ့ပါဘူး။ ကမာၻ႔ဖလားၿပိဳင္ပြဲစတင္ခ်ိန္မွာလည္း
စကာလိုနီရဲ႕ဦးစားေပးတိုက္စစ္ကစားသမားေတြက ေလာ္တာ႐ို





မာတီနက္ဇ္နဲ႔ ဒီမာရီယာတို႔ျဖစ္ခဲ့ေပမဲ့ အသင္းေဖာ္ေတြႀကံ့ခိုင္မႈ
အားနည္းေနခ်ိန္မွာ မက္ဆီနဲ႔တြဲဖက္ဖို႔အခြင့္အေရးရခဲ့တာျဖစ္တယ္။





ဘယ္လိုပဲျဖစ္ျဖစ္ အဲလ္ဗာရက္ဇ္ရဲ႕စြမ္းေဆာင္ရည္က အာဂ်င္တီးနားကို
ဗိုလ္လုပြဲအေရာက္ဆြဲေခၚႏိုင္ခဲ့တယ္ဆိုတာထင္ရွားေနတဲ့အတြက္
မက္ဆီကေတာ့ အေကာင္းဆုံးဆုဟာ မန္စီးတီးလူငယ္နဲ႔





ထိုက္တန္တယ္ဆိုတာကို အသိအမွတ္ျပဳေပးလိုက္တာျဖစ္တယ္။
အာဂ်င္တီးနားနဲ႔အတူအလဲအကြဲကာလေတြရင္ဆိုင္ခဲ့ရခ်ိန္မွာ





လက္ေ႐ြးစင္ကစားသမားဘဝကအနားယူဖို႔အထိႀကိတ္ခံစားခဲ့ေပမဲ့
ၾကင္နာတတ္တဲ့ႏွလုံးသားပိုင္ရွင္ မက္ဆီကေတာ့ ခ႐ိုေအးရွားနဲ႔ပြဲက
အေကာင္းဆုံးဆုကို အဲလ္ဗာရက္ဇ္ဆီ လူသိရွင္ၾကားလႊဲေျပာင္းေပးလိုက္ပါတယ္။




