ခရိုအေးရှားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲမှာ အယ်လ်ဗာရက်ဇ်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့သွင်းယူခဲ့တဲ့ဂိုးဟာ ပရိသတ်တွေကြားမှာ ပြောစရာဖြစ်ကျန်နေခဲ့သလို ဘော်လုံးမှော်ဆရာ ရော်နယ်လ်ဒင်ဟိုတောင် လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့

အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂျူလီယန်အယ်လ်ဗာရက်ဇ်ဟာ မက်ဆီခေတ်လွန် လက်ရွေးစင်အသင်းတိုက်စစ်ကို

သူက ဦးဆောင်နိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာ သွင်းဂိုးမှတ်တမ်းကောင်းတွေနဲ့ သက်သေပြလိုက်ပါတယ်။

ခရိုအေးရှားကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အယ်လ်ဗာရက်ဇ် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး

မက်ဆီရဲ့ ပယ်နယ်တီက သူ့ကြောင့်ရခဲ့တာဖြစ်သလို ကိုယ်တိုင်လည်း (၂)ဂိုးသွင်းယူခဲ့ပါတယ်။

အဲဒါကြောင့် အယ်လ်ဗာရက်ဇ်ဟာ အသက်(၂၂)နှစ်၊ (၃၁၆)ရက်နဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီး

ပီလီ (၁၇ နှစ်၊ ၂၄၉ ရက် – ၁၉၅၈ ကမ္ဘာ့ဖလား)နောက်ပိုင်း

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ (၂)ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။

အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို အယ်လ်ဗာရက်ဇ်ကြောင့်ရရှိတဲ့ ပယ်နယ်တီကနေ မက်ဆီက သွင်းယူခဲ့ပြီး

ဒုတိယဂိုးကို အယ်လ်ဗာရက်ဇ်က ကွင်းလယ်ကနေ တစ်ဦးချင်းအစွမ်းနဲ့ ဘောလုံးဆွဲပြေးပြီးတော့

ခရိုအေးရှားနောက်ခံလူတွေကို ကျော်ဖြတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ် ဂိုးသွင်းပြီးချိန်မှာ ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ ရော်နယ်လ်ဒင်ဟိုက လက်ခုပ်တီးပြီးတော့ ဂုဏ်ပြုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအတွက် တတိယဂိုးကိုလည်း အယ်လ်ဗာရက်ဇ်က

မက်ဆီရဲ့ တစ်ဦးချင်းထိုးဖောက်မှုကနေ ခင်းပေးလိုက်တဲ့ ဘောလုံးကို အပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ် သွင်းယူခဲ့တဲ့ ဒုတိယဂိုးကို ပရိသတ်တွေက ၁၉၈၆ ကမ္ဘာ့ဖလားပွဲအဖြစ်

အင်္ဂလန်နဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ သွင်းယူခဲ့တဲ့ဂိုးနဲ့ နှိုင်းယှဉ်ချီးကျူးနေကြပါတယ်။

အခုမှ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဆင်နွှဲခွင့်ရတာဖြစ်ပေမယ့် အယ်လ်ဗာရက်ဇ်က

ဝါရင့်ကစားသမား မက်ဆီနဲ့အပြိုင် တိုက်စစ်မှာ ခြေစွမ်းပြနေပြီး အသင်းအတွက် ပွဲထွက်ကစားခွင့်ရတဲ့ (၈)ပွဲမှာ (၇)ဂိုးအထိသွင်းယူနိုင်ခဲ့သလို

အဲဒီထဲက (၄)ဂိုးဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းခဲ့တာပါ။

အခုဆိုရင် အယ်လ်ဗာရက်ဇ်ဟာ အာဂျင်တီးနား,နာမည်ကျော်တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့

တီဗက်ဇ်(၃ဂိုး)၊ အဂွဲရိုး (၂ဂိုး)တို့ထက်တောင် ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက် ပိုများနေပါပြီ။

ဒါ့အပြင် အယ်လ်ဗာရက်ဇ်ဟာ မက်ဆီတောင် မစွမ်းဆောင်နိုင်တဲ့ သွင်းဂိုးမှတ်တမ်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

အဲဒါက ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း အာဂျင်တီးနားအသင်းအတွက် အသက်(၂၂)နှစ်အရွယ်မှာ (၄)ဂိုးအထိ သွင်းနိုင်ခဲ့တာဖြစ်ပြီး

အယ်လ်ဗာရက်ဇ်မတိုင်ခင်က အဲဒီလို စွမ်းဆောင်နိုင်တာဆိုလို့ နာမည်ကျော်တိုက်စစ်မှူးဟောင်း ဟီဂွါအင် (၂၀၁၀ – ၄ဂိုး)တစ်ဦးသာရှိပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးစာရင်းထဲမှာ အယ်လ်ဗာရက်ဇ်လည်း တစ်ဦးအပါအဝင်ဖြစ်နေပြီး

သူ့ထက် ဂိုးပိုများတာဆိုလို့ မက်ဆီ၊ ဘာပေ (၅ဂိုးစီ)တို့ပဲရှိပါတော့တယ်။

zawgyi

ခ႐ိုေအးရွားကို ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ ပြဲမွာ အယ္လ္ဗာရက္ဇ္ရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔သြင္းယူခဲ့တဲ့ဂိုးဟာ

ပရိသတ္ေတြၾကားမွာ ေျပာစရာျဖစ္က်န္ေနခဲ့သလို ေဘာ္လုံးေမွာ္ဆရာ ေရာ္နယ္လ္ဒင္ဟိုေတာင္ လက္ခုပ္တီး ဂုဏ္ျပဳေပးခဲ့

အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ ဂ်ဴလီယန္အယ္လ္ဗာရက္ဇ္ဟာ မက္ဆီေခတ္လြန္ လက္ေ႐ြးစင္အသင္းတိုက္စစ္ကို

သူက ဦးေဆာင္ႏိုင္တဲ့အရည္အခ်င္းရွိတယ္ဆိုတာ သြင္းဂိုးမွတ္တမ္းေကာင္းေတြနဲ႔ သက္ေသျပလိုက္ပါတယ္။

ခ႐ိုေအးရွားကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာ အယ္လ္ဗာရက္ဇ္ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး

မက္ဆီရဲ႕ ပယ္နယ္တီက သူ႔ေၾကာင့္ရခဲ့တာျဖစ္သလို ကိုယ္တိုင္လည္း (၂)ဂိုးသြင္းယူခဲ့ပါတယ္။

အဲဒါေၾကာင့္ အယ္လ္ဗာရက္ဇ္ဟာ အသက္(၂၂)ႏွစ္၊ (၃၁၆)ရက္နဲ႔ ဘရာဇီးလ္ဂႏၴဝင္ႀကီး

ပီလီ (၁၇ ႏွစ္၊ ၂၄၉ ရက္ – ၁၉၅၈ ကမာၻ႔ဖလား)ေနာက္ပိုင္း

ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ (၂)ဂိုးသြင္းယူႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာပါတယ္။

အာဂ်င္တီးနားအတြက္ အဖြင့္ဂိုးကို အယ္လ္ဗာရက္ဇ္ေၾကာင့္ရရွိတဲ့ ပယ္နယ္တီကေန မက္ဆီက သြင္းယူခဲ့ၿပီး

ဒုတိယဂိုးကို အယ္လ္ဗာရက္ဇ္က ကြင္းလယ္ကေန တစ္ဦးခ်င္းအစြမ္းနဲ႔ ေဘာလုံးဆြဲေျပးၿပီးေတာ့

ခ႐ိုေအးရွားေနာက္ခံလူေတြကို ေက်ာ္ျဖတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

အယ္လ္ဗာရက္ဇ္ ဂိုးသြင္းၿပီးခ်ိန္မွာ ပြဲၾကည့္စင္ေပၚမွာရွိေနတဲ့ ေရာ္နယ္လ္ဒင္ဟိုက လက္ခုပ္တီးၿပီးေတာ့ ဂုဏ္ျပဳခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းအတြက္ တတိယဂိုးကိုလည္း အယ္လ္ဗာရက္ဇ္က

မက္ဆီရဲ႕ တစ္ဦးခ်င္းထိုးေဖာက္မႈကေန ခင္းေပးလိုက္တဲ့ ေဘာလုံးကို အပိုင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

အယ္လ္ဗာရက္ဇ္ သြင္းယူခဲ့တဲ့ ဒုတိယဂိုးကို ပရိသတ္ေတြက ၁၉၈၆ ကမာၻ႔ဖလားပြဲအျဖစ္

အဂၤလန္နဲ႔ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာ အာဂ်င္တီးနားဂႏၴဝင္ မာရာဒိုနာ သြင္းယူခဲ့တဲ့ဂိုးနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးေနၾကပါတယ္။

အခုမွ ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားဆင္ႏႊဲခြင့္ရတာျဖစ္ေပမယ့္ အယ္လ္ဗာရက္ဇ္က

ဝါရင့္ကစားသမား မက္ဆီနဲ႔အၿပိဳင္ တိုက္စစ္မွာ ေျခစြမ္းျပေနၿပီး အသင္းအတြက္ ပြဲထြက္ကစားခြင့္ရတဲ့ (၈)ပြဲမွာ (၇)ဂိုးအထိသြင္းယူႏိုင္ခဲ့သလို

အဲဒီထဲက (၄)ဂိုးဟာ လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းခဲ့တာပါ။

အခုဆိုရင္ အယ္လ္ဗာရက္ဇ္ဟာ အာဂ်င္တီးနား,နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းေတြျဖစ္တဲ့

တီဗက္ဇ္(၃ဂိုး)၊ အဂြဲ႐ိုး (၂ဂိုး)တို႔ထက္ေတာင္ ကမာၻ႔ဖလားသြင္းဂိုးအေရအတြက္ ပိုမ်ားေနပါၿပီ။

ဒါ့အျပင္ အယ္လ္ဗာရက္ဇ္ဟာ မက္ဆီေတာင္ မစြမ္းေဆာင္ႏိုင္တဲ့ သြင္းဂိုးမွတ္တမ္းတစ္ခုကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။

အဲဒါက ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုအတြင္း အာဂ်င္တီးနားအသင္းအတြက္ အသက္(၂၂)ႏွစ္အ႐ြယ္မွာ (၄)ဂိုးအထိ သြင္းႏိုင္ခဲ့တာျဖစ္ၿပီး

အယ္လ္ဗာရက္ဇ္မတိုင္ခင္က အဲဒီလို စြမ္းေဆာင္ႏိုင္တာဆိုလို႔ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဟီဂြါအင္ (၂၀၁၀ – ၄ဂိုး)တစ္ဦးသာရွိပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ သြင္းဂိုးအမ်ားဆုံးစာရင္းထဲမွာ အယ္လ္ဗာရက္ဇ္လည္း တစ္ဦးအပါအဝင္ျဖစ္ေနၿပီး

သူ႔ထက္ ဂိုးပိုမ်ားတာဆိုလို႔ မက္ဆီ၊ ဘာေပ (၅ဂိုးစီ)တို႔ပဲရွိပါေတာ့တယ္။