ခရစ္စမတ်ပွဲတော်ကာလအတွင်း ကစားစရာအရုပ် မရရှိတဲ့ ကလေး မရှိစေရ

ဘက်တစ်ပရိသတ်တွေဟာ တနင်္ဂနွေညက ပွဲစဉ် ပထမပိုင်းအတွင်း

ကလေးကစားစရာအရုပ် ထောင်ချီကို ကွင်းထဲ ပစ်သွင်းခဲ့ကြပါတယ်။

အဲဒါဟာ ကိုယ်အင်္ဂါမသန်စွမ်းတဲ့ ကလေးတွေအတွက်လည်း

ခရစ္စမတ်မှာ လက်ဆောင်ရရမယ်ဆိုတာ သေချာစေတဲ့

နှစ်စဉ်ပြုလုပ်နေကျ အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။

ကစားစရာအရုပ်လှူဒါန်းတဲ့ အဲဒီ ခရစ္စမတ်အစီအစဉ်ကို

လူမှုကွန်ရက်တွင် ချီးကျူးမှုများစွာ ရှိပါတယ်။

ဘက်တစ်အသင်းဟာ အဲဒီအစီအစဉ်ကို နှစ်စဉ်ပြုလုပ်သလို၊

ပရိသတ်များကိုလည်း ကြိုတင်အသိပေးထားပြီးဖြစ်တာကြောင့်

ကွင်းအတွင်း လာရောက်အားပေးတဲ့ပရိသတ်များက ကစားစရာအရုပ်ကိုယ်စီ

ယူဆောင်လာခဲ့ကြပြီး ကွင်းအတွင်းသို့ ပစ်သွင်းကာ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါအရုပ်များကို ကွင်းဝန်ထမ်းများနှင့် တာဝန်ရှိသူများက

ကောက်ယူသိမ်းဆည်းကာ ကလေးဆေးရုံများ၊ မိဘမဲ့ဂေဟာများမှ

ကလေးငယ်များထံ အဓိကလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဘက်တစ်အသင်းတာဝန်ရှိသူများဟာ ခရစ္စမတ်ပွဲတော်ကာလအတွင်း

ကစားစရာအရုပ်မရှိတဲ့ ကလေး မရှိစေရဆိုတဲ့ ဆောင်ပုဒ်နဲ့ အဲဒီအစီအစဉ်ကို

စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အခြားကလပ်အသင်းများအနေနဲ့ လည်း လိုက်လံပြုလုပ်သင့်တဲ့

အစီအစဉ်ကောင်းတစ်ခု ဖြစ်တယ်ဆိုပြီး တချို့ ပရိသတ်တွေက တိုက်တွန်းနေကြပါတယ်။

zawgyi

ခရစၥမတ္ပြဲေတာ္ကာလအတြင္း ကစားစရာအ႐ုပ္ မရရွိတဲ့ ကေလး မရွိေစရ

ဘက္တစ္ပရိသတ္ေတြဟာ တနဂၤေႏြညက ပြဲစဥ္ ပထမပိုင္းအတြင္း

ကေလးကစားစရာအ႐ုပ္ ေထာင္ခ်ီကို ကြင္းထဲ ပစ္သြင္းခဲ့ၾကပါတယ္။

အဲဒါဟာ ကိုယ္အဂၤါမသန္စြမ္းတဲ့ ကေလးေတြအတြက္လည္း

ခရစၥမတ္မွာ လက္ေဆာင္ရရမယ္ဆိုတာ ေသခ်ာေစတဲ့

ႏွစ္စဥ္ျပဳလုပ္ေနက် အေလ့အထတစ္ခုပဲ ျဖစ္ပါတယ္။ကစားစရာအ႐ုပ္လႉဒါန္းတဲ့

အဲဒီ ခရစၥမတ္အစီအစဥ္ကို လူမႈကြန္ရက္တြင္ ခ်ီးက်ဴးမႈမ်ားစြာ ရွိပါတယ္။

ဘက္တစ္အသင္းဟာ အဲဒီအစီအစဥ္ကို ႏွစ္စဥ္ျပဳလုပ္သလို၊

ပရိသတ္မ်ားကိုလည္း ႀကိဳတင္အသိေပးထားၿပီးျဖစ္တာေၾကာင့္

ကြင္းအတြင္း လာေရာက္အားေပးတဲ့ပရိသတ္မ်ားက ကစားစရာအ႐ုပ္ကိုယ္စီ

ယူေဆာင္လာခဲ့ၾကၿပီး ကြင္းအတြင္းသို႔ ပစ္သြင္းကာ လႉဒါန္းခဲ့ၾကတာျဖစ္ပါတယ္။

အဆိုပါအ႐ုပ္မ်ားကို ကြင္းဝန္ထမ္းမ်ားႏွင့္ တာဝန္ရွိသူမ်ားက

ေကာက္ယူသိမ္းဆည္းကာ ကေလးေဆး႐ုံမ်ား၊ မိဘမဲ့ေဂဟာမ်ားမွ

ကေလးငယ္မ်ားထံ အဓိကလႉဒါန္းသြားမွာ ျဖစ္ပါတယ္။

ဘက္တစ္အသင္းတာဝန္ရွိသူမ်ားဟာ ခရစၥမတ္ပြဲေတာ္ကာလအတြင္း

ကစားစရာအ႐ုပ္မရွိတဲ့ ကေလး မရွိေစရဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အဲဒီအစီအစဥ္ကို

စတင္အေကာင္အထည္ေဖာ္ခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

အျခားကလပ္အသင္းမ်ားအေနနဲ႔ လည္း လိုက္လံျပဳလုပ္သင့္တဲ့

အစီအစဥ္ေကာင္းတစ္ခု ျဖစ္တယ္ဆိုၿပီး တခ်ိဳ႕ ပရိသတ္ေတြက တိုက္တြန္းေနၾကပါတယ္။