
ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်စတာဂရမ်မှာ
ဖော်လိုဝါအများဆုံးပုဂ္ဂိုလ်အဖြစ်ရပ်တည်နေပါတယ်။
ယင်းသို့ဖော်လိုဝါအများဆုံးရရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ
အင်စတာဂရမ်မှာပို့စ်တစ်ခုတင်လိုက်ရင် ဘယ်လိုရရှိလဲတာ သိခွင့်ရရှိလာပါတယ်။
ရော်နယ်ဒိုဟာစနေနေ့တုန်းကအသက်၃၇နှစ်နေ့မွေးနေ့ပြီးနောက်
မကြာမီမှာဘဲအင်စတာဂရမ်မှာဖော်လိုဝါသန်း၄၀၀ပြည့်တဲ့
ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။
သူဟာအင်စတာဂရမ်မှာအနီးစပ်ဆုံးပြိုင်ဘက်ကိုင်လီဂျန်နာထက်
ဖော်လိုဝါ သန်း၁၀၀ကျော်အထိမြင့်မားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ငါးလအတွင်းမှ
ာဖော်လိုဝါ၁၆၃သန်းအထိမြင့်မားလာခဲ့တာလည်းဖြစ်ပါတယ်။
ယနေ့မှာ OLGB ရဲ့ဖော်ပြုမှုအရခရစ္စတီယာနိုရော်နယ်ဒိုဟာ
အင်စတာဂရမ်မှာစပွန်ဆာပို့စ်တစ်ခုတင်လျှင်
ပေါင်၁.၇၂သန်းအထိရရှိကြောင်းသိရပါတယ်။
အဆိုပါပမာဏက ယူနိုက်တက်မှာ ခရစ္စတီယာနိုရော်နယ်ဒို
ရရှိတဲ့လုပ်ခထက်သုံးလကျော်ပိုများပါတယ်။
ပေါ်တူဂီစူပါစတားဟာအိုးထရက်ဖို့ဒ်မှာ
တစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀ရရှိနေတာပါ။
Forbes ရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာ
၂၀၂၁ခုနှစ်တုန်းကဝင်ငွေပေါင်၈၈.၆သန်းရရှိခဲ့ပြီး
အားကစားလောကမှာမက်ဂရီဂေါ်၊မက်ဆီတို့ပြီးနောက်
တတိယဝင်ငွေအများဆုံးအားကစားသမားအဖြစ်ရပ်တည်ခဲ့ကြောင်းသိရပါတယ်။
zawgyi
ခရစ္စတီယာနို ရော်နယ်ဒို အင်စတာဂရမ်မှာပို့စ်တစ်ခုတင်လိုက်ရင် ဘယ်လိုရရှိလဲဆိုတာ သိခွင့်ရရှိလာ