ခရစ္စတီယာနိုရဲ့ ဘုရားပေးသောဆံပင်ကို အားကစားကလောင်ရှင်ကြီး အိုလီဗာဟော့က အဆိုးရွားဆုံးမှတ်ချက်ပေးခဲ့

ပေါ်တူဂီအသင်းဟာ ဥရုဂွေးနဲ့ပွဲမှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ၂ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပေမဲ့ ပထမသွင်းဂိုးနဲ့ပတ်သတ်လို့တော့ အငြင်းပွားစရာတွေရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ ၁၈ ကိုက်စည်းထဲက ရော်နယ်ဒိုဆီကို ဘောလုံးပေးပို့ခဲ့တဲ့နေရာမှာ GOAT ကြီးက ခေါင်းတိုက်သွင်းဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဘောလုံးကခေါင်းနဲ့မထိဘဲ ဆံပင်ထိပ်ဖျားလေးနဲ့ထိပြီး

ဂိုးဝင်သွားခဲ့တာဖြစ်တယ်။ ရော်နယ်ဒိုက သွင်းဂိုးအတွက်အကြီးအကျယ်အောင်ပွဲခံခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ဖာနန်ဒက်စ်ရဲ့သွင်းဂိုးအဖြစ်အသိအမှတ်ပြုခံခဲ့ရတာဖြစ်တယ်။

တကယ်တော့ ကမ္ဘာလုံးဆိုင်ရာဘောလုံးပရိသတ်တွေအနေနဲ့ ဒီသွင်းဂိုး ဘယ်သူရယူပေးခဲ့သလဲဆိုတာကို မဆုံးဖြတ်နိုင်တဲ့အနေအထားမှာရှိခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့

အာဂျင်တီးနားဂန္တဝင်ကြီးမာရာဒိုနာရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘုရားပေးသောလက်သွင်းဂိုးနည်းတူ ဘုရားပေးသောဆံပင်ဆိုပြီး GOAT ကြီးရဲ့သွင်းဂိုးအဖြစ်သတ်မှတ်ပေးစေလိုတဲ့ဆန္ဒရှိခဲ့ကြပါတယ်။

ရော်နယ်ဒိုရဲ့ သစ္စာတော်ခံတွေဟာ ဒီသွင်းဂိုးနဲ့ပတ်သတ်လို့ဆိုရှယ်မီဒီယာထက်မှာ စုပြုံပြီးမှတ်ချက်တွေပေးနေကြတာဖြစ်တယ်။ The Mail ရဲ့အားကစားကလောင်ရှင်ကြီး အိုလီဗာဟော့ကတော့

“ရော်နယ်ဒိုဟာ သူသွင်းတာမဟုတ်ဘဲနဲ့ အတင်းတောင်းဆိုနေတာကရယ်စရာပါပဲ။ သူ့ခေါင်းနဲ့ ဘောလုံးအကွာအဝေးကြားမှာ ဘတ်စ်ကားနှစ်ထပ်လောက်ရပ်လို့ရပါတယ်” လို့ အဆိုးရွားဆုံးတုံ့ပြန်ပြခဲ့ပါတယ်။

(Zawgyi)

ခရစၥတီယာႏိုရဲ႕ ဘုရားေပးေသာဆံပင္ကို အားကစားကေလာင္ရွင္ႀကီး အိုလီဗာေဟာ့က အဆိုး႐ြားဆုံးမွတ္ခ်က္ေပးခဲ့

ေပၚတူဂီအသင္းဟာ ဥ႐ုေဂြးနဲ႔ပြဲမွာကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ သြင္းဂိုး ၂ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ေပမဲ့ ပထမသြင္းဂိုးနဲ႔ပတ္သတ္လို႔ေတာ့ အျငင္းပြားစရာေတြရွိေနပါတယ္။

ဖာနန္ဒက္စ္ဟာ ၁၈ ကိုက္စည္းထဲက ေရာ္နယ္ဒိုဆီကို ေဘာလုံးေပးပို႔ခဲ့တဲ့ေနရာမွာ GOAT ႀကီးကေခါင္းတိုက္သြင္းဖို႔ႀကိဳးစားခဲ့တာျဖစ္ၿပီး ေဘာလုံးကေခါင္းနဲ႔မထိဘဲ ဆံပင္ထိပ္ဖ်ားေလးနဲ႔

ထိၿပီးဂိုးဝင္သြားခဲ့တာျဖစ္တယ္။ ေရာ္နယ္ဒိုက သြင္းဂိုးအတြက္အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ေပမဲ့ တကယ္တမ္းမွာေတာ့ ဖာနန္ဒက္စ္ရဲ႕သြင္းဂိုးအျဖစ္အသိအမွတ္ျပဳခံခဲ့ရတာျဖစ္တယ္။ တကယ္ေတာ့

ကမာၻလုံးဆိုင္ရာေဘာလုံးပရိသတ္ေတြအေနနဲ႔ ဒီသြင္းဂိုး ဘယ္သူရယူေပးခဲ့သလဲဆိုတာကို မဆုံးျဖတ္ႏိုင္တဲ့အေနအထားမွာရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ပရိသတ္ေတြကေတာ့

အာဂ်င္တီးနားဂႏၲဝင္ႀကီးမာရာဒိုနာရဲ႕ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ ဘုရားေပးေသာလက္သြင္းဂိုးနည္းတူ ဘုရားေပးေသာဆံပင္ဆိုၿပီး GOAT ႀကီးရဲ႕သြင္းဂိုးအျဖစ္သတ္မွတ္ေပးေစလိုတဲ့ဆႏၵရွိခဲ့ၾကပါတယ္။

ေရာ္နယ္ဒိုရဲ႕ သစၥာေတာ္ခံေတြဟာ ဒီသြင္းဂိုးနဲ႔ပတ္သတ္လို႔ဆိုရွယ္မီဒီယာထက္မွာ စုၿပဳံၿပီးမွတ္ခ်က္ေတြေပးေနၾကတာျဖစ္တယ္။ The Mail ရဲ႕အားကစားကေလာင္ရွင္ႀကီး အိုလီဗာေဟာ့ကေတာ့

“ေရာ္နယ္ဒိုဟာ သူသြင္းတာမဟုတ္ဘဲနဲ႔အတင္းေတာင္းဆိုေနတာကရယ္စရာပါပဲ။ သူ႔ေခါင္းနဲ႔ ေဘာလုံးအကြာအေဝးၾကားမွာ ဘတ္စ္ကားႏွစ္ထပ္ေလာက္ရပ္လို႔ရပါတယ္” လို႔ အဆိုး႐ြားဆုံးတုံ႔ျပန္ျပခဲ့ပါတယ္။