
မန်ယူအသင်းဟာ ဝက်ဖို့ဒ်ကို ၄-၁ နဲ့အရှက်တကွဲရှုံးနိမ့်ပြီးနောက် ဘုတ်အဖွဲ့
အရေးပေါ်အစည်းအဝေးကိုပိုင်ရှင်ဂလေဇာမိသားစုကခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
မန်ယူဟာရလဒ်တွေဆက်တိုက်ဆိုးခဲ့ပြီးနောက် အခုခေါ်ယူခဲ့တဲ့အစည်းအဝေးက
နည်းပြဆိုးလ်ရှားကိုတာဝန်ကနေရုပ်သိမ်းဖို့ အကြီးမားဆုံးသောအရိပ်အယောင်
ပြမှုလည်းဖြစ်ခဲ့ပါတယ်။ ဝက်ဖို့ဒ်ကိုအရေးနိမ့်ခဲ့မှုဟာမန်ယူရဲ့အခြေအနေဆိုးရွား
နေမှုကို မီးမောင်းထိုးပြနေတဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး ကလပ်ရဲ့လားရာနဲ့
ဆိုးလ်ရှားရဲ့အနာဂတ်ကိုဆုံးဖြတ်ဖို့ခေါ်ယူတဲ့အစည်းအဝေးဖြစ်တယ်လို့လည်း
Times သတင်းစာကြီးကဆိုပါတယ်။ ဒီအစည်းအဝေးကို virtual meeting အဖြစ်
ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန်ည ၇ နာရီမှာကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာအဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာက ဆိုးလ်ရှားကိုထုတ်ပယ်ရင်
ပေးရမယ့်လျော်ကြေးပမာဏဖြစ်တယ်လို့လည်းအဲဒီသတင်းစာကဆိုပါတယ်။
အသက် ၄၈ နှစ်ရှိတဲ့ဆိုးလ်ရှားဟာမန်ယူအသင်းနဲ့နောက်ဆုံး ၁၃ ပွဲမှာ ၄ ပွဲသာ
နိုင်ခဲ့ပြီး မကြာသေးခင်ကလည်း လက်စတာ၊ လီဗာပူးနဲ့ မန်စီးတီး တို့ကိုဂိုးပြတ်
ရှုံးနိမ့်ခဲ့ပါသေးတယ်။ အထူးသဖြင့် လီဗာပူးနဲ့ မန်စီးတီး တို့ကိုအိမ်ကွင်းမှာတင်
အရေးနိမ့်ခဲ့မှုနဲ့ ဝက်ဖို့ဒ်လိုတန်းမဆင်းရဖို့ရုန်းကန်နေရတဲ့အသင်းကို ဂိုးပြတ်
ရှုံးခဲ့တာတွေဟာ အရှက်တကွဲအရှုံးတွေဖြစ်ခဲ့ပါတယ်။
လက်ရှိအခြေအနေအရ မန်ယူဘုတ်အဖွဲ့ဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း
ဇီဒန်းကိုခေါ်ယူနိုင်ဖို့အရှိန်မြှင့်ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။
မန်ယူနည်းပြရာထူးအတွက် ဇီဒန်းနဲ့ လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့က
ရေပန်းအစားဆုံးဖြစ်နေပြီး အေဂျက်နည်းပြ အဲရစ်တန်ဟက်နဲ့ ဘာစီလိုနာ
နည်းပြဟောင်းဖြစ်တဲ့ စပိန်အသင်းနည်းပြ အင်းနရစ် တို့လည်းဖြစ်နိုင်ခြေ
စာရင်းထဲမှာပါဝင်နေပါတယ်။
Zawgyi
ခင္ဗ်ားတို႔ အျပစ္တင္ေနတဲ့ ဘုတ္အဖြဲ႕ကလည္း ဆိုးလ္ရွားကို ထုတ္ေတာ့မယ္တဲ့
မန္ယူအသင္းဟာ ဝက္ဖို႔ဒ္ကို ၄-၁ နဲ႔အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ ဘုတ္အဖြဲ႕
အေရးေပၚအစည္းအေဝးကိုပိုင္ရွင္ဂေလဇာမိသားစုကေခၚယူခဲ့တယ္လို႔ သိရပါတယ္။
မန္ယူဟာရလဒ္ေတြဆက္တိုက္ဆိုးခဲ့ၿပီးေနာက္ အခုေခၚယူခဲ့တဲ့အစည္းအေဝးက
နည္းျပဆိုးလ္ရွားကိုတာဝန္ကေန႐ုပ္သိမ္းဖို႔ အႀကီးမားဆုံးေသာအရိပ္အေယာင္
ျပမႈလည္းျဖစ္ခဲ့ပါတယ္။ ဝက္ဖို႔ဒ္ကိုအေရးနိမ့္ခဲ့မႈဟာမန္ယူရဲ႕အေျခအေနဆိုး႐ြား
ေနမႈကို မီးေမာင္းထိုးျပေနတဲ့ ေနာက္ဆုံးျဖစ္ရပ္တစ္ခုျဖစ္ၿပီး ကလပ္ရဲ႕လားရာနဲ႔
ဆိုးလ္ရွားရဲ႕အနာဂတ္ကိုဆုံးျဖတ္ဖို႔ေခၚယူတဲ့အစည္းအေဝးျဖစ္တယ္လို႔လည္း
Times သတင္းစာႀကီးကဆိုပါတယ္။ ဒီအစည္းအေဝးကို virtual meeting အျဖစ္
ျပဳလုပ္ခဲ့တာျဖစ္ၿပီး ေဒသစံေတာ္ခ်ိန္ည ၇ နာရီမွာက်င္းပခဲ့တာျဖစ္ပါတယ္။
ဒီအစည္းအေဝးမွာအဓိကေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာက ဆိုးလ္ရွားကိုထုတ္ပယ္ရင္
ေပးရမယ့္ေလ်ာ္ေၾကးပမာဏျဖစ္တယ္လို႔လည္းအဲဒီသတင္းစာကဆိုပါတယ္။
အသက္ ၄၈ ႏွစ္ရွိတဲ့ဆိုးလ္ရွားဟာမန္ယူအသင္းနဲ႔ေနာက္ဆုံး ၁၃ ပြဲမွာ ၄ ပြဲသာ
ႏိုင္ခဲ့ၿပီး မၾကာေသးခင္ကလည္း လက္စတာ၊ လီဗာပူးနဲ႔ မန္စီးတီး တို႔ကိုဂိုးျပတ္
ရႈံးနိမ့္ခဲ့ပါေသးတယ္။ အထူးသျဖင့္ လီဗာပူးနဲ႔ မန္စီးတီး တို႔ကိုအိမ္ကြင္းမွာတင္
အေရးနိမ့္ခဲ့မႈနဲ႔ ဝက္ဖို႔ဒ္လိုတန္းမဆင္းရဖို႔႐ုန္းကန္ေနရတဲ့အသင္းကို ဂိုးျပတ္
ရႈံးခဲ့တာေတြဟာ အရွက္တကြဲအရႈံးေတြျဖစ္ခဲ့ပါတယ္။ လက္ရွိအေျခအေနအရ
မန္ယူဘုတ္အဖြဲ႕ဟာ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းကိုေခၚယူႏိုင္ဖို႔
အရွိန္ျမႇင့္ႀကိဳးပမ္းရေတာ့မွာျဖစ္ပါတယ္။
မန္ယူနည္းျပရာထူးအတြက္ ဇီဒန္းနဲ႔ လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာတို႔က
ေရပန္းအစားဆုံးျဖစ္ေနၿပီး ေအဂ်က္နည္းျပ အဲရစ္တန္ဟက္နဲ႔ ဘာစီလိုနာ
နည္းျပေဟာင္းျဖစ္တဲ့ စပိန္အသင္းနည္းျပ အင္းနရစ္ တို႔လည္းျဖစ္ႏိုင္ေျခ
စာရင္းထဲမွာပါဝင္ေနပါတယ္။