ခင်ဗျားတို့ကိုက ရော်နယ်ဒိုကို ၀ေဘင်ချင်နေတာ သက်သက်ပါ …

ပေါ်တူဂီဂန္တဝင် ဖီဂိုက ယူနိုက်တက်အသင်း ရလဒ်ဆိုးတိုင်း စီရော်နယ်ဒို

အပြစ်တင်ခံနေရခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို တစ်ကျော့ပြန်

ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ်မှာ အသင်းအတွက် အရေးပါတဲ့ဂိုးတွေ

သွင်းယူပေးနေပေမယ့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

စီရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကို ပြန်ရောက်လာကတည်းက

ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၄)ပွဲတွင် (၁၀)ဂိုး သွင်းယူထားသော်လည်း

ယူနိုက်တက် အသင်း ရလဒ်ဆိုးများနှင့် ကြုံတွေ့ရတိုင်း ဝေဖန်မှုများနှင့်

ရင်ဆိုင်နေရသူဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ကစားပုံက

ယူနိုက်တက်တစ်သင်းလုံးကို နောက်ပြန်ဆွဲနေတယ်လို့ ဝေဖန်မှုတွေရှိနေပြီး

ဆိုးလ်ရှား ရာထူးက ထုတ်ပယ်ခံခဲ့ရတာဟာ ရော်နယ်ဒိုကိုပြန်ခေါ်လိုက်တဲ့

အမှားက အစပြုတယ်လို့ဆိုတဲ့အထိ ဝေဖန်နေကြပါတယ်။

ဖီဂိုက “ယူနိုက်တက်အသင်းမှာ စီရော်နယ်ဒိုက အကောင်းဆုံးပါ။

ဒါကြောင့် ယူနိုက်တက်အသင်း ရလဒ်ဆိုးတိုင်း သူ့ကို ဝေဖန်နေကြတာတွေက

အဓိပ္ပာယ်မရှိပါဘူး။ ဘောလုံးမှာ ရလဒ်က အရေးကြီးဆုံးဖြစ်ပြီး

ယူနိုက်တက်အသင်းက မျှော်လင့်တဲ့ ရလဒ်ကို မရဘူးဖြစ်နေတယ်။

ဒါပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်

ယူနိုက်တက်အသင်းမှာ စီရော်နယ်ဒို ကအကောင်းဆုံးပါပဲ။ ဒါကြောင့်

သူ့ကို ဝေဖန်နေကြတာတွေကို ကျွန်တော်ကတော့ နားမလည်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုက ဗီလာရီးရဲလ်နဲ့အိမ်ကွင်းပွဲ၊ အတ္တလန်တာနဲ့အိမ်ကွင်း၊

အဝေးကွင်း နှစ်ကျော့တို့မှာ အသင်းအတွက် အရေးပါတဲ့ နောက်ကျဂိုးတွေကို

သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုသာမရှိရင် ယူနိုက်တက်တို့

အခုချိန်လောက်ဆို ယူရိုပါလိဂ် ဆင်းကစားနေရပြီဆိုတဲ့

ဝေဖန်သံတွေလည်း ထွက်ပေါ်နေတာပါ။

zawgyi

ခင္ဗ်ားတို႔ကိုက ေရာ္နယ္ဒိုကို ၀ေဘင္ခ်င္ေနတာ သက္သက္ပါ …

ေပၚတူဂီဂႏၲဝင္ ဖီဂိုက ယူႏိုက္တက္အသင္း ရလဒ္ဆိုးတိုင္း စီေရာ္နယ္ဒို

အျပစ္တင္ခံေနရျခင္းမွာ အဓိပၸာယ္မရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ယူႏိုက္တက္ကို တစ္ေက်ာ့ျပန္

ေရာက္ရွိလာခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ အသင္းအတြက္ အေရးပါတဲ့ဂိုးေတြ

သြင္းယူေပးေနေပမယ့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။

စီေရာ္နယ္ဒိုဟာ ယူႏိုက္တက္အသင္းကို ျပန္ေရာက္လာကတည္းက

ေျခစြမ္းျပေနၿပီး ၿပိဳင္ပြဲစုံ (၁၄)ပြဲတြင္ (၁၀)ဂိုး သြင္းယူထားေသာ္လည္း

ယူႏိုက္တက္ အသင္း ရလဒ္ဆိုးမ်ားႏွင့္ ႀကဳံေတြ႕ရတိုင္း ေဝဖန္မႈမ်ားႏွင့္

ရင္ဆိုင္ေနရသူျဖစ္ပါတယ္။ အထူးသျဖင့္ သူ႔ရဲ႕ကစားပုံက

ယူႏိုက္တက္တစ္သင္းလုံးကို ေနာက္ျပန္ဆြဲေနတယ္လို႔ ေဝဖန္မႈေတြရွိေနၿပီး

ဆိုးလ္ရွား ရာထူးက ထုတ္ပယ္ခံခဲ့ရတာဟာ ေရာ္နယ္ဒိုကိုျပန္ေခၚလိုက္တဲ့

အမွားက အစျပဳတယ္လို႔ဆိုတဲ့အထိ ေဝဖန္ေနၾကပါတယ္။

ဖီဂိုက “ယူႏိုက္တက္အသင္းမွာ စီေရာ္နယ္ဒိုက အေကာင္းဆုံးပါ။

ဒါေၾကာင့္ ယူႏိုက္တက္အသင္း ရလဒ္ဆိုးတိုင္း သူ႔ကို ေဝဖန္ေနၾကတာေတြက

အဓိပၸာယ္မရွိပါဘူး။ ေဘာလုံးမွာ ရလဒ္က အေရးႀကီးဆုံးျဖစ္ၿပီး

ယူႏိုက္တက္အသင္းက ေမွ်ာ္လင့္တဲ့ ရလဒ္ကို မရဘူးျဖစ္ေနတယ္။

ဒါေပမယ့္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကိုၾကည့္မယ္ဆိုရင္

ယူႏိုက္တက္အသင္းမွာ စီေရာ္နယ္ဒို ကအေကာင္းဆုံးပါပဲ။ ဒါေၾကာင့္

သူ႔ကို ေဝဖန္ေနၾကတာေတြကို ကြၽန္ေတာ္ကေတာ့ နားမလည္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုက ဗီလာရီးရဲလ္နဲ႔အိမ္ကြင္းပြဲ၊ အတၱလန္တာနဲ႔အိမ္ကြင္း၊

အေဝးကြင္း ႏွစ္ေက်ာ့တို႔မွာ အသင္းအတြက္ အေရးပါတဲ့ ေနာက္က်ဂိုးေတြကို

သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုသာမရွိရင္ ယူႏိုက္တက္တို႔

အခုခ်ိန္ေလာက္ဆို ယူ႐ိုပါလိဂ္ ဆင္းကစားေနရၿပီဆိုတဲ့ ေဝဖန္သံေတြလည္း ထြက္ေပၚေနတာပါ။