ကွီရီတာနိုနှင့် အတ္တလစ်တို့ပွဲတွင် နှစ်ဖက်ပရိသတ်များအကြီးအကျယ်ခိုက်ရန်ဖြစ်ပွားခဲ့ရာ ၂ ဦးသေပြီး ၂၀ ကျော် ဒဏ်ရာရရှိ

ကွီရီတာနိုနှင့်အတ္တလစ်တို့ရဲ့မက္ကဆီကိုဘောလုံးပွဲတွင်နှစ်ဖက်ပရိသတ်များ

ခိုက်ရန်ဖြစ်ပွားရာမှာနှစ်ဦးသေဆုံးပြီး၂၀ဦးကျော်ဒဏ်ရာရရှိခဲ့ကာ

ဆေးရုံပို့ခဲ့ရပါတယ်။စနေနေ့တုန်းက Corregidora Stadium ကွင်းတွင်ကစားတဲ့ပွဲတွင်

နှစ်ဖက်ပရိသတ်များအကြီးအကျယ်ခိုက်ရန်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ၂ ဦးသာသေဆုံးတယ်လို့ အာဏာပိုင်များက

ကြေညာထားပေမဲ့ မက္ကဆီကိုဒေသတွင်းမီဒီယာများကတော့

လူ၁၇ဦးအထိသေဆုံးတယ်လို့ဖော်ပြနေကြပါတယ်။

နှစ်ဖက်ပရိသတ်များဟာ ကွီရီတာနိုက၁-၀ဂိုးဖြင့်ရှုံးနိမ့်နေတဲ့ပွဲချိန်၆၂မိနစ်တွင်

ကွင်းအတွင်းသို့ဝင်ရောက်ခဲ့ကြပြီးအပြန်အလှန်

တိုက်ခိုက်မှုပြုလုပ်ခဲ့ကြတာလည်းဖြစ်ကာပွဲကိုရပ်ခဲ့ရပါတယ်။

ပရိသတ်အချို့တို့ဟာထိုင်ခုံများ၊သံချောင်းများကိုလက်နက်အဖြစ်အသုံးပြုခဲ့ကြပါတယ်။

ကစားသမားများဟာပရိသတ်များကွင်းအတွင်းဝင်ရောက်လာမှုကြောင့်

အဝတ်အစားလဲခန်းအတွင်းသို့ပြေးခဲ့ရသလို လုံခြုံရေးများဟာလည်း

ကလေးငယ်များ၊အမျိုးသမီးများ၊မိသားစုဝင်များလုံခြုံတဲ့နေရာသို့

ရောက်နိုင်ဖို့အတွက်ဂိတ်များကိုဖွင့်ခဲ့ရပါတယ်။

zawgyi















