ကွာတားမှာပဲ ဘိုင်ယန်ပြုတ်သွားလို့ ဗိုလ်လုပွဲကို မသွားခင်ကတည်းက ရောက်နှင့်နေပြီဖြစ်တဲ့ လီဗာပူးပရိသတ်များ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဗီလာရီးရဲလ်ကို

မထင်မှတ်ဘဲ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ဘိုင်ယန်အသင်း
ထွက်ခဲ့ရပြီးနောက် လီဗာပူးပရိသတ်တွေလည်း
ဗီလာရီးရဲလ်ပရိသတ်တွေနဲ့အပြိုင် အဆိုပါရလဒ်
ထွက်ပေါ်လာတာကို ပျော်ရွှင်ကျေနပ်နေကြပါတယ်။
လီဗာပူးဟာ ဘင်ဖီကာကို ကျော်ဖြတ်နိုင်ရင်

ဆီမီးဖိုင်နယ်မှာ ဗီလာရီးရဲလ်နဲ့တွေ့ဆုံရမှာဖြစ်ပြီး
ကွာတားဖိုင်နယ် ပ-အကျော့အဖြစ် ပေါ်တူဂီမြေမှာ
၁-၃ ဂိုးနဲ့အနိုင်ရထားလို့ ဆီမီးဖိုင်နယ်ရောက်ဖို့ အတော်လေးရေပန်းစားနေပါတယ်။
လီဗာပူးပရိသတ်တချို့ဟာ ကွာတားဒု-အကျော့နဲ့
ဆီမီးပွဲတွေမကစားရသေးတဲ့အချိန်မှာတောင် ဗိုလ်လုပွဲအတွက်

ကြိုတင်ရင်ခုန်နေပြီဖြစ်ပြီး တွစ်တာမှာ သူတို့ရဲ့အမြင်တွေကို
အသီးသီးရေးသားခဲ့ကြပါတယ်။
”ဘိုင်ယန်တော့ ကားသွားပြီ။ ဒါက ကျွန်တော်တို့အသင်းအတွက်
နောက်ထပ်ဗိုလ်လုပွဲတစ်ပွဲ ဆင်နွှဲခွင့်ရဖို့
တံခါးပေါက် ဖွင့်ပေးလိုက်သလိုပါပဲ။

ဒါပေမဲ့ ဗီလာရီးရဲလ်ကလည်း ကြွေတက်နေတာဆိုတော့
လျှော့တွက်လို့တော့မရဘူး”
”လီဗာပူးကတော့ ဖိုင်နယ်ကစားခွင့်ရဖို့
ပိုကောင်းတဲ့အခွင့်အရေး ရသွားပါပြီ”
”ဗိုလ်လုပွဲသွားရာလမ်းကြောင်းမှာ ဘိုင်ယန်မဟုတ်ဘဲ

ဗီလာရီးရဲလ် ဖြစ်သွားပြီး ပြန်ကြည့်လိုက်ရင်
အင်တာ၊ ဘင်ဖီကာ၊ ဗီလာရီးရဲလ်တို့နဲ့ဆိုတော့ သိပ်မဆိုးပါဘူး”
”လီဗာပူးဟာ ကွာတားမှာ ဘင်ဖီကာ၊
ဆီမီးမှာ ဗီလာရီးရဲလ်တို့နဲ့ကစားရမယ်၊ နိုင်ရင် ဗိုလ်လုပွဲကစားခွင့်ရမယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အက်ဖ်အေဖလားမှာ

မန်စီးတီးအသင်း အောက်စ်ဖို့ဒ်တို့ ဘာတန်တို့နဲ့
ရင်ဆိုင်ခဲ့ရတုန်းက သူတို့ ဘယ်လိုများခံစားခဲ့ရသလဲပေါ့”လို့
လီဗာပူးပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

Zawgyi

ကြာတားမွာပဲ ဘုိင္ယန္ျပဳတ္သြားလုိ႔ ဗိုလ္လုပြဲကို မသြားခင္ကတည္းက ေရာက္ႏွင့္ေနၿပီျဖစ္တဲ့ လီဗာပူးပရိသတ္မ်ား
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ဗီလာရီးရဲလ္ကို
မထင္မွတ္ဘဲ အေရးနိမ့္ကာ ၿပိဳင္ပြဲကေန ဘုိင္ယန္အသင္း
ထြက္ခဲ့ရၿပီးေနာက္ လီဗာပူးပရိသတ္ေတြလည္း

ဗီလာရီးရဲလ္ပရိသတ္ေတြနဲ႔အၿပိဳင္ အဆုိပါရလဒ္
ထြက္ေပၚလာတာကို ေပ်ာ္ရႊင္ေက်နပ္ေနၾကပါတယ္။
လီဗာပူးဟာ ဘင္ဖီကာကို ေက်ာ္ျဖတ္ႏိုင္ရင္
ဆီမီးဖိုင္နယ္မွာ ဗီလာရီးရဲလ္နဲ႔ေတြ႕ဆုံရမွာျဖစ္ၿပီး
ကြာတားဖုိင္နယ္ ပ-အေက်ာ့အျဖစ္ ေပၚတူဂီေျမမွာ

၁-၃ ဂိုးနဲ႔အႏိုင္ရထားလို႔ ဆီမီးဖုိင္နယ္ေရာက္ဖို႔ အေတာ္ေလးေရပန္းစားေနပါတယ္။
လီဗာပူးပရိသတ္တခ်ိဳ႕ဟာ ကြာတားဒု-အေက်ာ့နဲ႔
ဆီမီးပြဲေတြမကစားရေသးတဲ့အခ်ိန္မွာေတာင္ ဗိုလ္လုပြဲအတြက္
ႀကိဳတင္ရင္ခုန္ေနၿပီျဖစ္ၿပီး တြစ္တာမွာ သူတုိ႔ရဲ႕အျမင္ေတြကို
အသီးသီးေရးသားခ့ဲၾကပါတယ္။

”ဘုိင္ယန္ေတာ့ ကားသြားၿပီ။ ဒါက ကၽြန္ေတာ္တုိ႔အသင္းအတြက္
ေနာက္ထပ္ဗိုလ္လုပြဲတစ္ပြဲ ဆင္ႏႊဲခြင့္ရဖို႔
တံခါးေပါက္ ဖြင့္ေပးလုိက္သလုိပါပဲ။
ဒါေပမဲ့ ဗီလာရီးရဲလ္ကလည္း ေၾကြတက္ေနတာဆုိေတာ့
ေလွ်ာ့တြက္လုိ႔ေတာ့မရဘူး”

”လီဗာပူးကေတာ့ ဖုိင္နယ္ကစားခြင့္ရဖို႔
ပိုေကာင္းတဲ့အခြင့္အေရး ရသြားပါၿပီ”
”ဗိုလ္လုပြဲသြားရာလမ္းေၾကာင္းမွာ ဘုိင္ယန္မဟုတ္ဘဲ
ဗီလာရီးရဲလ္ ျဖစ္သြားၿပီး ျပန္ၾကည့္လုိက္ရင္
အင္တာ၊ ဘင္ဖီကာ၊ ဗီလာရီးရဲလ္တို႔နဲ႔ဆိုေတာ့ သိပ္မဆုိးပါဘူး”

”လီဗာပူးဟာ ကြာတားမွာ ဘင္ဖီကာ၊
ဆီမီးမွာ ဗီလာရီးရဲလ္တုိ႔နဲ႔ကစားရမယ္၊ ႏိုင္ရင္ ဗိုလ္လုပြဲကစားခြင့္ရမယ္။
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အက္ဖ္ေအဖလားမွာ
မန္စီးတီးအသင္း ေအာက္စ္ဖို႔ဒ္တို႔ ဘာတန္တုိ႔နဲ႔
ရင္ဆုိင္ခဲ့ရတုန္းက သူတုိ႔ ဘယ္လုိမ်ားခံစားခ့ဲရသလဲေပါ့”လုိ႔

လီဗာပူးပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။