ကွန်တီဟာ တည်ငြိမ်တဲ့စပါးကို လိုချင်ပေမယ့် ရိုလာကိုစတာနိုင်ပွဲနဲ့စဖွင့်ခဲ့ရ

ကွန်တီဟာ သူ့ရဲ့စပါးနည်းပြဘ၀ ပွဲဦးထွက်မှာ အသင်းပရိသတ်တွေရဲ့

သူရဲ့ကောင်းဆန်ဆန်ကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ ၅၂ နှစ်အရွယ် အဲဒီအီတလီသား

နည်းပြကို ပွဲမတိုင်ခင်မှာ ပရိသတ်တွေက အီတလီအလံတွေဝှေ့ယမ်းပြီး

သူ့နာမည်ဟစ်ကြွေးကြိုဆိုခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တမ်းကစားတော့

သူ့အသင်းသစ်က နယ်သာလန်ကလပ်ဗီတက်ဆီကို ပြဇာဆန်မှုတွေနဲ့အတူ ၃-၂ နဲ့အနိုင်ရခဲ့တာပါ။

ကွန်ဖရန့်လိဂ်ပွဲဆိုပေမယ့်လည်း ကွန်တီဟာ တောင့်တင်းတဲ့စပါးအသင်းကို ပွဲထုတ်ခဲ့တာပါ။

ဒါကြောင့်လည်း ၂၆ မိနစ်မှာတင် သူ့အသင်းက ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်းအတွင်းမှာတင် သူ့အသင်းက ၂ ဂိုးဆက်တိုက်

ပြန်ပေးလိုက်ရလို့ ၃-၂ ဖြစ်သွားတယ်။ ဒ့ါအပြင် ဒုတိယပိုင်းပြန်စပြီး

မိနစ် ၆၀ လောက်မှာ ဗဟိုနောက်ခံလူရိုမီရိုအထုတ်ခံရလို့

နောက်တန်း ၄ ယောက်ပုံစံကို ကွန်တီပြောင်းခဲ့ရတယ်။

ပွဲချိန်နှောင်းပိုင်းမှာ ဗီတက်ဆီဘက်က နှစ်ယောက်အထုတ်ခံရလို့သာ

၃-၂ အနိုင်ကိုဆက်ထိန်းနိုင်ခဲ့တာပါ။ ကွန်တီဟာ သူ့ရဲ့ပထမဆုံးစပါးအင်တာဗျူးမှာ

အတက်အကျမများဘဲ တည်ငြိမ်တဲ့အသင်းကို လိုချင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ပထမဆုံးပွဲအရဆိုရင်တော့ စပါးမှာ သူ့အတွက် စိန်ခေါ်မှုတွေက

များပြားတယ်ဆိုတာ မှန်းဆလို့ ရနိုင်ပါတယ်။

zawgyi

ကြန္တီဟာ တည္ၿငိမ္တဲ့စပါးကို လိုခ်င္ေပမယ့္ ႐ိုလာကိုစတာႏိုင္ပြဲနဲ႔စဖြင့္ခဲ့ရ

ကြန္တီဟာ သူ႔ရဲ႕စပါးနည္းျပဘ၀ ပြဲဦးထြက္မွာ အသင္းပရိသတ္ေတြရဲ႕

သူရဲ႕ေကာင္းဆန္ဆန္ႀကိဳဆိုျခင္းကို ခံခဲ့ရပါတယ္။ ၅၂ ႏွစ္အ႐ြယ္ အဲဒီအီတလီသား

နည္းျပကို ပြဲမတိုင္ခင္မွာ ပရိသတ္ေတြက အီတလီအလံေတြေဝွ႔ယမ္းၿပီး

သူ႔နာမည္ဟစ္ေႂကြးႀကိဳဆိုခဲ့ၾကတာပါ။ ဒါေပမဲ့ တကယ္တမ္းကစားေတာ့

သူ႔အသင္းသစ္က နယ္သာလန္ကလပ္ဗီတက္ဆီကို ျပဇာဆန္မႈေတြနဲ႔အတူ ၃-၂ နဲ႔အႏိုင္ရခဲ့တာပါ။

ကြန္ဖရန႔္လိဂ္ပြဲဆိုေပမယ့္လည္း ကြန္တီဟာ ေတာင့္တင္းတဲ့စပါးအသင္းကို ပြဲထုတ္ခဲ့တာပါ။

ဒါေၾကာင့္လည္း ၂၆ မိနစ္မွာတင္ သူ႔အသင္းက ၃ ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ပထမပိုင္းအတြင္းမွာတင္ သူ႔အသင္းက ၂ ဂိုးဆက္တိုက္

ျပန္ေပးလိုက္ရလို႔ ၃-၂ ျဖစ္သြားတယ္။ ဒ့ါအျပင္ ဒုတိယပိုင္းျပန္စၿပီး

မိနစ္ ၆၀ ေလာက္မွာ ဗဟိုေနာက္ခံလူ႐ိုမီ႐ိုအထုတ္ခံရလို႔

ေနာက္တန္း ၄ ေယာက္ပုံစံကို ကြန္တီေျပာင္းခဲ့ရတယ္။

ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ဗီတက္ဆီဘက္က ႏွစ္ေယာက္အထုတ္ခံရလို႔သာ

၃-၂ အႏိုင္ကိုဆက္ထိန္းႏိုင္ခဲ့တာပါ။ ကြန္တီဟာ သူ႔ရဲ႕ပထမဆုံးစပါးအင္တာဗ်ဴးမွာ

အတက္အက်မမ်ားဘဲ တည္ၿငိမ္တဲ့အသင္းကို လိုခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕ပထမဆုံးပြဲအရဆိုရင္ေတာ့ စပါးမွာ သူ႔အတြက္ စိန္ေခၚမႈေတြက

မ်ားျပားတယ္ဆိုတာ မွန္းဆလို႔ ရႏိုင္ပါတယ္။