
ယူနိုက်တက်မှာ ထိုင်ခုံလှုပ်နေတဲ့ ဆိုးလ်ရှားနေရာကို
ရောက်လာနိုင်ခြေရှိတဲ့သူတွေထဲမှာ ကွန်တီဟာထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။
တကယ်လို့ကွန်တီသာ ယူနိုက်တက်နည်းပြဖြစ်လာခဲ့ရင် အသက် (၃၆)နှစ် ရှိလာပြီဖြစ်တဲ့
ခရစ္စတီယာနိုရော်နယ်ဒို အတွက် သတင်းကောင်းဖြစ်စေမှာ မဟုတ်ပါဘူး။
ရော်နယ်ဒိုဟာ တိုက်စစ်ပိုင်းမှာ သူ့ရဲ့ အတွေ့အကြုံတွေအရ နေရာယူကစားပြီး
ဂိုးသွင်းနိုင်မှာသေချာပေမယ့်ကစားကွက်မှာ ပြေးအားလိုက်ပါပြီး
အမြဲတမ်းကစားနိုင်တော့မှာ မဟုတ်တော့တာကြောင့်
အန်တီနီယိုကွန်တီသာ ဆိုးလ်ရှားနေရာမှာ အစားထိုးခန့်အပ်လာခဲ့မယ်ဆိုရင်
အရန်ခုံကို အပို့ခံရမယ့်အရေးနှင့်ရင်ဆိုင်လာရဖို့ရှိနေပါတယ်။
အိုးထရက်ဖို့ဒ်မှာ လီဗာပူးကို (၅-ဝ) ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်
ဖိအာတွေနဲ့ ကြုံနေရတဲ့ ဆိုးလ်ရှား နေရာမှာ အစားထိုးခန့်အပ်ခြင်းခံရဖို့
ဒီ အီတလီလူမျိုး နည်းပြဟာ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံးလေးပွဲမှာ သုံးပွဲရှုံးနိမ့်ထားမှုနဲ့အတူထိပ်ဆုံးက
ချဲလ်ဆီးနှင့်ရမှတ်၈မှတ်အထိကွာဟနေပါတယ်။
ယူနိုက်တက်ပရိသတ်တွေက အသင်းရဲ့ ရှုံးနိမ့်မှုကို အပြစ်ဆိုနေခဲ့တာမဟုတ်ပဲ
4-3-2-1 ကစားကွက်နဲ့ တိုင်ပတ်နေတဲ့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာကိုသာ
သဘောမကျ ဖြစ်နေကြတာကြောင့် မကြာတော့မယ့်အချိန်မှာ ဆိုးလ်ရှားအနေနဲ့
ယူနိုက်တက် နည်းပြနေရာကနေ ထွက်ခွာရဖို့နီးစပ်နေပါတယ်။
ဇီဒန်း၊ ဘရန်ဒန်ရော်ဂျာ၊ အဲရစ်တင်ဟက်တို့ဟာ ယူနိုက်တက်နည်းပြအဖြစ်
ရေပန်းစားနေကြပေမယ့်အခုအချိန်မှာ ကွန်တီကတော့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
talkSPORT အင်တာဗျူး ပရိုဂရမ်မှာ ဗီလာကစားသမားဟောင်း ဂါဘရီရယ်အဘွန်လဟော်က
သူ့ ကစားဖော်ဟောင်း အက်ရှ်လေယန်းကို ကွန်တီလက်အောက်မှာ
ဘယ်လိုကစားခဲ့ရသလဲဆိုတာကိုမေးမြန်းခဲ့ရာမှာလည်း
အက်ရှ်လေယန်က ကွန်တီရဲ့ ကစားသမားတွေအပေါ်မှာထားတဲ့
နည်းစနစ်စည်းမျဉ်း တစ်ခုကို မှတ်မှတ်ရရပြန်လည်ပြောဆိုခဲ့ပါတယ်။
အက်ရှ်လေယန်းဟာ ၂၀၂၀ တုန်းက ယူနိုက်တက်ကထွက်ပြီး အင်တာကို
ပြောင်းရွှေ့ခဲ့သူလည်းဖြစ်ပြီးအဲ့သည့်ရာသီမှာတင် ကွန်တီနှင့်အတူ
စီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ကွန်တီကကစားသမားတွေကို ကွင်းထဲမှာ မရပ်မနားပြေးလွှားစေတဲ့သူဖြစ်ပြီး
ငြင်းဆန်တဲ့သူကို အရန်ခုံဆီကို ပို့လေ့ရှိကြောင်း ပြောသွားခဲ့ပါတယ်။
ကွန်တီရဲ့နည်းစနစ်တွေကို သဘောကျနေတဲ့ အဘွန်လဟော်က ကွန်တီနဲကပတ်သက်ပြီး
သူ မှတ်မိနေတဲ့ အင်တာဗျူးတစ်ခုက အကြောင်းကိုလည်း ပြောပြသွားပါသေးတယ်။
“ကျူပ်ကတော့ကွန်တီကိုကြိုက်တယ်။ သူ့ရဲ့သီယာရီဟင်နရီအင်တာဗျူးကိုကြိုက်ခဲ့တယ်။
အဲဒီအင်တာဗျူးမှာ ဟင်နရီက ‘ခင်ဗျားရဲ့နည်းဗျူဟာကို ကစားသမားတစ်ယောက်က
မလိုက်နာရင်ဘာလုပ်မလဲ?’လို့ မေးခဲ့တာဗျ အဲ့ဒါကို ကွန်တီကရုပ်တည်တည်နဲ့
‘ဒီကောင်တွေကိုသတ်ပစ်မှာသေချာတာပေါ့ဗျာ’ ဆိုပြီး ဖြေချလိုက်တယ်။
ဒီလိုပြန်ဖြေခဲ့တာကို ဟင်နရီကရယ်နေခဲ့တယ်။ ဒါပေမယ့်ကွန်တီက
တကယ့်ကိုလုပ်မယ့်သူဗျာ။ သူက ‘နည်းပြကိုလေးစားရမယ်။
နည်းစနစ်ပိုင်းကိုလေးစားရမယ်။ အလုပ်ကြိုးစားရမယ်’လို့ပြောခဲ့တယ်။
ဒါကြောင့် ကွန်တီနဲ့ပတ်သက်ပြီးသူ့လက်အောက်မှာကစားခဲ့မယ်ဆိုရင်
သူက “ကစားကွင်းထဲမှာ မနားတမ်းပြေးခိုင်နေမှာပါပဲ”
” မပြေးနိုင်တော့ဘူးဆိုရင် သူ့အသင်းမှာကစားရတော့မှာ မဟုတ်ပါဘူး။”
” ဒီတော့ သူပြောတာမလုပ်နိုင်တဲ့သူ ဆိုရင်တော့ အထွေးအထူး
အကြောင်းပြချက်ပေးနေမှာမဟုတ်ဘဲအရန်ခုံကို ရောက်သွားပါလိမ့်မယ်။”
” ရော်နယ်ဒိုဘဲဖြစ်ဖြစ်၊ဂရင်းဝုဒ်ဘဲဖြစ်ဖြစ်၊ ပေါ့ဘာပဲဖြစ်ဖြစ်
အလုပ်မကြိုးစားဘူးဆိုရင် အရံခုံမှာ ထိုင်နေရပါလိမ့်မယ်” လို့ပြောကြားသွားပါတယ်။
zawgyi
ကြန္တီသာ ယူႏိုက္တက္နည္းျပျဖစ္လာခဲ့ရင္ အသက္ (၃၆)ႏွစ္ ရွိလာၿပီျဖစ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို အတြက္ သတင္းေကာင္းျဖစ္ေစမွာ မဟုတ္ဘူး
ယူႏိုက္တက္မွာ ထိုင္ခုံလႈပ္ေနတဲ့ ဆိုးလ္ရွားေနရာကို
ေရာက္လာႏိုင္ေျခရွိတဲ့သူေတြထဲမွာ ကြန္တီဟာထိပ္ဆုံးကေန ေရပန္းစားေနပါတယ္။
တကယ္လို႔ကြန္တီသာ ယူႏိုက္တက္နည္းျပျဖစ္လာခဲ့ရင္ အသက္ (၃၆)ႏွစ္ ရွိလာၿပီျဖစ္တဲ့
ခရစၥတီယာႏိုေရာ္နယ္ဒို အတြက္ သတင္းေကာင္းျဖစ္ေစမွာ မဟုတ္ပါဘူး။
ေရာ္နယ္ဒိုဟာ တိုက္စစ္ပိုင္းမွာ သူ႔ရဲ႕ အေတြ႕အႀကဳံေတြအရ ေနရာယူကစားၿပီး
ဂိုးသြင္းႏိုင္မွာေသခ်ာေပမယ့္ကစားကြက္မွာ ေျပးအားလိုက္ပါၿပီး
အၿမဲတမ္းကစားႏိုင္ေတာ့မွာ မဟုတ္ေတာ့တာေၾကာင့္
အန္တီနီယိုကြန္တီသာ ဆိုးလ္ရွားေနရာမွာ အစားထိုးခန႔္အပ္လာခဲ့မယ္ဆိုရင္
အရန္ခုံကို အပို႔ခံရမယ့္အေရးႏွင့္ရင္ဆိုင္လာရဖို႔ရွိေနပါတယ္။
အိုးထရက္ဖို႔ဒ္မွာ လီဗာပူးကို (၅-ဝ) ဂိုးနဲ႔ ရႈံးနိမ့္ၿပီးေနာက္
ဖိအာေတြနဲ႔ ႀကဳံေနရတဲ့ ဆိုးလ္ရွား ေနရာမွာ အစားထိုးခန႔္အပ္ျခင္းခံရဖို႔
ဒီ အီတလီလူမ်ိဳး နည္းျပဟာ ထိပ္ဆုံးက ေရပန္းစားေနပါတယ္။
ယူႏိုက္တက္ဟာ ေနာက္ဆုံးေလးပြဲမွာ သုံးပြဲရႈံးနိမ့္ထားမႈနဲ႔အတူထိပ္ဆုံးက
ခ်ဲလ္ဆီးႏွင့္ရမွတ္၈မွတ္အထိကြာဟေနပါတယ္။
ယူႏိုက္တက္ပရိသတ္ေတြက အသင္းရဲ႕ ရႈံးနိမ့္မႈကို အျပစ္ဆိုေနခဲ့တာမဟုတ္ပဲ
4-3-2-1 ကစားကြက္နဲ႔ တိုင္ပတ္ေနတဲ့ ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာကိုသာ
သေဘာမက် ျဖစ္ေနၾကတာေၾကာင့္ မၾကာေတာ့မယ့္အခ်ိန္မွာ ဆိုးလ္ရွားအေနနဲ႔
ယူႏိုက္တက္ နည္းျပေနရာကေန ထြက္ခြာရဖို႔နီးစပ္ေနပါတယ္။
ဇီဒန္း၊ ဘရန္ဒန္ေရာ္ဂ်ာ၊ အဲရစ္တင္ဟက္တို႔ဟာ ယူႏိုက္တက္နည္းျပအျဖစ္
ေရပန္းစားေနၾကေပမယ့္အခုအခ်ိန္မွာ ကြန္တီကေတာ့ ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။
talkSPORT အင္တာဗ်ဴး ပ႐ိုဂရမ္မွာ ဗီလာကစားသမားေဟာင္း ဂါဘရီရယ္အဘြန္လေဟာ္က
သူ႔ ကစားေဖာ္ေဟာင္း အက္ရွ္ေလယန္းကို ကြန္တီလက္ေအာက္မွာ
ဘယ္လိုကစားခဲ့ရသလဲဆိုတာကိုေမးျမန္းခဲ့ရာမွာလည္း
အက္ရွ္ေလယန္က ကြန္တီရဲ႕ ကစားသမားေတြအေပၚမွာထားတဲ့
နည္းစနစ္စည္းမ်ဥ္း တစ္ခုကို မွတ္မွတ္ရရျပန္လည္ေျပာဆိုခဲ့ပါတယ္။
အက္ရွ္ေလယန္းဟာ ၂၀၂၀ တုန္းက ယူႏိုက္တက္ကထြက္ၿပီး အင္တာကို
ေျပာင္းေ႐ႊ႕ခဲ့သူလည္းျဖစ္ၿပီးအဲ့သည့္ရာသီမွာတင္ ကြန္တီႏွင့္အတူ
စီးရီးေအဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
ကြန္တီကကစားသမားေတြကို ကြင္းထဲမွာ မရပ္မနားေျပးလႊားေစတဲ့သူျဖစ္ၿပီး
ျငင္းဆန္တဲ့သူကို အရန္ခုံဆီကို ပို႔ေလ့ရွိေၾကာင္း ေျပာသြားခဲ့ပါတယ္။
ကြန္တီရဲ႕နည္းစနစ္ေတြကို သေဘာက်ေနတဲ့ အဘြန္လေဟာ္က ကြန္တီနဲကပတ္သက္ၿပီး
သူ မွတ္မိေနတဲ့ အင္တာဗ်ဴးတစ္ခုက အေၾကာင္းကိုလည္း ေျပာျပသြားပါေသးတယ္။
“က်ဴပ္ကေတာ့ကြန္တီကိုႀကိဳက္တယ္။ သူ႔ရဲ႕သီယာရီဟင္နရီအင္တာဗ်ဴးကိုႀကိဳက္ခဲ့တယ္။
အဲဒီအင္တာဗ်ဴးမွာ ဟင္နရီက ‘ခင္ဗ်ားရဲ႕နည္းဗ်ဴဟာကို ကစားသမားတစ္ေယာက္က
မလိုက္နာရင္ဘာလုပ္မလဲ?’လို႔ ေမးခဲ့တာဗ် အဲ့ဒါကို ကြန္တီက႐ုပ္တည္တည္နဲ႔
‘ဒီေကာင္ေတြကိုသတ္ပစ္မွာေသခ်ာတာေပါ့ဗ်ာ’ ဆိုၿပီး ေျဖခ်လိုက္တယ္။
ဒီလိုျပန္ေျဖခဲ့တာကို ဟင္နရီကရယ္ေနခဲ့တယ္။ ဒါေပမယ့္ကြန္တီက
တကယ့္ကိုလုပ္မယ့္သူဗ်ာ။ သူက ‘နည္းျပကိုေလးစားရမယ္။
နည္းစနစ္ပိုင္းကိုေလးစားရမယ္။ အလုပ္ႀကိဳးစားရမယ္’လို႔ေျပာခဲ့တယ္။
ဒါေၾကာင့္ ကြန္တီနဲ႔ပတ္သက္ၿပီးသူ႔လက္ေအာက္မွာကစားခဲ့မယ္ဆိုရင္
သူက “ကစားကြင္းထဲမွာ မနားတမ္းေျပးခိုင္ေနမွာပါပဲ”
” မေျပးႏိုင္ေတာ့ဘူးဆိုရင္ သူ႔အသင္းမွာကစားရေတာ့မွာ မဟုတ္ပါဘူး။”
” ဒီေတာ့ သူေျပာတာမလုပ္ႏိုင္တဲ့သူ ဆိုရင္ေတာ့ အေထြးအထူး
အေၾကာင္းျပခ်က္ေပးေနမွာမဟုတ္ဘဲအရန္ခုံကို ေရာက္သြားပါလိမ့္မယ္။”
” ေရာ္နယ္ဒိုဘဲျဖစ္ျဖစ္၊ဂရင္းဝုဒ္ဘဲျဖစ္ျဖစ္၊ ေပါ့ဘာပဲျဖစ္ျဖစ္
အလုပ္မႀကိဳးစားဘူးဆိုရင္ အရံခုံမွာ ထိုင္ေနရပါလိမ့္မယ္” လို႔ေျပာၾကားသြားပါတယ္။