
စပါးဟာ အသင်းကစားသမားတွေကြားထဲမှာ ကိုဗစ်ကူးစက်မှုပြသနာနဲ့
ရင်ဆိုင်နေရကြောင်း သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့က ကနဦးစစ်ဆေးမှုမှာ အသင်းကစားသမားတွေနဲ့
ကလပ်အဖွဲ့ဝင်တွေဟာ positive အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။
အခုတော့ positive ဟုတ်၊မဟုတ် သေချာစေမယ့်
စစ်ဆေးမှုတွေလုပ်ဦးမှာဖြစ်ကာ အဲဒါတွေပြီးမှ
ဘယ်လိုစီစဉ်မယ်ဆိုတာကို ဆုံးဖြတ်မှာပါ။
ကွန်တီရဲ့အသင်းဟာ ကြားရက်ထဲမှာ ရန်းနက်စ်နဲ့အနိုင်ရမှဖြစ်မယ့်
ယူရိုပါကွန်ဖရန့်လိဂ်ပွဲကစားရမှာဖြစ်ပြီး အဲဒါပြီးရင်တော့
လာမယ့်တနင်္ဂနွေ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်ကို ရင်ဆိုင်ရမှာပါ။
တကယ်လို့ နောက်ထပ်စစ်ဆေးမှုမှာ positive ရလဒ် အတည်ဆိုတဲ့အဖြေ
ထွက်လာမယ်ဆိုရင် အဲဒါက စပါးရဲ့လာမယ့်ပွဲတွေအတွက်
ပြင်ဆင်မှုတွေကို ထိခိုက်စေမှာ သေချာပါတယ်။
အဲဒီလန်ဒန်ကလပ်ဟာ ဒီရာသီမှာ ကိုဗစ်ပြသနာနဲ့ရင်ဆိုင်ရတာ
ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။
ရာသီအစောပိုင်းတုန်းကလည်း စပါးအသင်းမှာ
ကိုဗစ် positive နှစ်ယောက်ရှိခဲ့ပါတယ်။
စပါးဟာ ကွန်တီကို ခန့်အပ်ပြီး မကြာခင်ကမှ ပရီးမီးယားလိဂ်မှာ
နိုင်ပွဲဆက်လာတာဖြစ်ပြီး နောက်ဆုံးလိဂ် ၃ ပွဲဆက်နိုင်ထားတာပါ။
ဒါပေမဲ့ သူတို့ဟာ ယူရိုပါကွန်ဖရန့်လိဂ်မှာတော့ ကွန်တီလက်ထက်
တစ်ပွဲအပါအဝင် ၂ ပွဲရှုံထားပြီး နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင်
အုပ်စုနောက်ဆုံးပွဲမှာ အခြေအနေကောင်းဖို့ လိုပါတယ်။
zawgyi
ကွန်တီတော့ ကိုဗစ်နဲ့ တွေ့ပြီ