ကွန်တီကတော့ စပါးနဲ့ နိုင်ပွဲစပြီ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ရဲ့ နောက်ဆုံးပွဲမှာ

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း နည်းပြ အပြောင်းအလဲ

လုပ်ခဲ့တဲ့ စပါး အသင်း ဟာ ဒီရာသီ ရလဒ်ကောင်းတွေ ရှာဖွေနိုင်ဖို့

ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက် အသင်း ကို

အိမ်ကွင်းမှာ ၂ – ၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ကွန်တီကတော့ သူ့ရဲ့ လက်စွဲတော်ကစားကွက် ၃-၄-၁-၂ ပုံစံနဲ့ပဲ

ပွဲထွက်လာခဲ့ပြီး လတ်တလောအနေအထားအရတော့ ကွင်းလယ်မှာ

ဟို့ချ်ဘာ့ချ်နဲ့တွဲမယ့် နောက်တစ်ယောက်အတွက်ပဲ စဉ်းစားစရာရှိတော့ပုံပါပဲ။

လိဒ်စ်ကဘမ်းဖို့ဒ်၊ အေလင်းတို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ

သူတို့အတွက် အတောင့်တင်းဆုံးလို့ဆိုနိုင်မယ့် လူစာရင်းကိုပဲ ပွဲထုတ်ခဲ့တာပါ။

ပွဲကစားချိန် အစောပိုင်းမိနစ်တွေမှာ လိဒ်စ်က ပိုမိုဖိအားပေးနိုင်ခဲ့ပြီး

ဒန်နီယဲယ်ဂျိမ်းစ်၊ ဟာရီဆင်တို့ရဲ့ တောင်ပံတွေကနေ အဓိကထား

ထိုးဖောက်ခဲ့ပါတယ်။ စပါးက တဖြည်းဖြည်းပြန်လည်ဖိအားပေးလာတဲ့နောက်

ပွဲက လျင်လျင်မြန်မြန်နဲ့ ပိုကြည့်ကောင်းလာခဲ့ပါတယ်။ပထမပိုင်းပြီးခါနီးမှာ

လိဒ်စ်တို့ မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့ပြီး ဟာရီဆင်ရဲ့

ရုန်းကန်ဖြတ်တင်ပေးမှုကတစ်ဆင့် ဒန်နီယဲယ်ဂျိမ်းစ် ပိတ်သွင်းခဲ့တာပါ။

ပွဲကစားချိန် (၅၇) မိနစ်မှာတော့ စပါးတို့ ချေပဂိုးရခဲ့ပြီး လူးကပ်စ်မော်ရာ

ချပေးလိုက်တဲ့ ဘောလုံးကို ဟို့ချ်ဘာ့ချ်က ကန်သွင်းယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ စပါးတို့ ပိုမိုဖိကစားလာခဲ့သလို အနိုင်ဂိုးရဖို့

တိုက်စစ်ဆင်လာခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ လိဒ်စ်ဂိုးဧရိယာထိပ်မှာ

ရရှိခဲ့တဲ့ ဖရီးကစ်ကို ဒိုင်ယာ ကန်သွင်းရာမှာ ဘောလုံးက လူတံတိုင်းနဲ့ထိပြီး

တိုင်မှန်ပြီး ပြန်ထွက်လာတာကို နောက်က ပြေးဝင်လာခဲ့တဲ့ ရက်ဂီယွန်က

ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ ပြန်လည် Come Back နိုင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲကာလ မတိုင်ခင် ၊ အဲဗာတန်ကို ဂိုးမရှိ သရေသာ

ကစားနိုင်ခဲ့လို့ ၊ ကွန်တီနဲ့ စပါးတို့ အတွက် မနေ့ည က နိုင်ပွဲ ဟာ

လိုအပ်တာထက် ပိုပြီး အရေးပါတဲ့ပုံ ပေါ်ခဲ့ပါတယ် ။ ဒီရလဒ်ကြောင့်

ယင်း အနောက် လန်ဒန် ကလပ် ဟာ အဆင့် ၇ သို့ တက်လှမ်းလာနိုင်ခဲ့ပြီး ၊

ဝက်စ်ဟမ်းနဲ့ ၄မှတ် အကွာကို ပြန်ရောက်လာပါတယ်။

zawgyi

ကြန္တီကေတာ့ စပါးနဲ႔ ႏိုင္ပြဲစၿပီ

မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၂ရဲ႕ ေနာက္ဆုံးပြဲမွာ

ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္ အတြင္း နည္းျပ အေျပာင္းအလဲ

လုပ္ခဲ့တဲ့ စပါး အသင္း ဟာ ဒီရာသီ ရလဒ္ေကာင္းေတြ ရွာေဖြႏိုင္ဖို႔

႐ုန္းကန္ေနရတဲ့ လိဒ္စ္ယူႏိုက္တက္ အသင္း ကို

အိမ္ကြင္းမွာ ၂ – ၁ ရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

ကြန္တီကေတာ့ သူ႔ရဲ႕ လက္စြဲေတာ္ကစားကြက္ ၃-၄-၁-၂ ပုံစံနဲ႔ပဲ

ပြဲထြက္လာခဲ့ၿပီး လတ္တေလာအေနအထားအရေတာ့ ကြင္းလယ္မွာ

ဟို႔ခ်္ဘာ့ခ်္နဲ႔တြဲမယ့္ ေနာက္တစ္ေယာက္အတြက္ပဲ စဥ္းစားစရာရွိေတာ့ပုံပါပဲ။

လိဒ္စ္ကဘမ္းဖို႔ဒ္၊ ေအလင္းတို႔ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ

သူတို႔အတြက္ အေတာင့္တင္းဆုံးလို႔ဆိုႏိုင္မယ့္ လူစာရင္းကိုပဲ ပြဲထုတ္ခဲ့တာပါ။

ပြဲကစားခ်ိန္ အေစာပိုင္းမိနစ္ေတြမွာ လိဒ္စ္က ပိုမိုဖိအားေပးႏိုင္ခဲ့ၿပီး

ဒန္နီယဲယ္ဂ်ိမ္းစ္၊ ဟာရီဆင္တို႔ရဲ႕ ေတာင္ပံေတြကေန အဓိကထား

ထိုးေဖာက္ခဲ့ပါတယ္။ စပါးက တျဖည္းျဖည္းျပန္လည္ဖိအားေပးလာတဲ့ေနာက္

ပြဲက လ်င္လ်င္ျမန္ျမန္နဲ႔ ပိုၾကည့္ေကာင္းလာခဲ့ပါတယ္။ပထမပိုင္းၿပီးခါနီးမွာ

လိဒ္စ္တို႔ မထင္မွတ္ဘဲ ဦးေဆာင္ဂိုးရခဲ့ၿပီး ဟာရီဆင္ရဲ႕

႐ုန္းကန္ျဖတ္တင္ေပးမႈကတစ္ဆင့္ ဒန္နီယဲယ္ဂ်ိမ္းစ္ ပိတ္သြင္းခဲ့တာပါ။

ပြဲကစားခ်ိန္ (၅၇) မိနစ္မွာေတာ့ စပါးတို႔ ေခ်ပဂိုးရခဲ့ၿပီး လူးကပ္စ္ေမာ္ရာ

ခ်ေပးလိုက္တဲ့ ေဘာလုံးကို ဟို႔ခ်္ဘာ့ခ်္က ကန္သြင္းယူခဲ့တာပါ။

အဲဒီေနာက္ပိုင္းမွာေတာ့ စပါးတို႔ ပိုမိုဖိကစားလာခဲ့သလို အႏိုင္ဂိုးရဖို႔

တိုက္စစ္ဆင္လာခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ လိဒ္စ္ဂိုးဧရိယာထိပ္မွာ

ရရွိခဲ့တဲ့ ဖရီးကစ္ကို ဒိုင္ယာ ကန္သြင္းရာမွာ ေဘာလုံးက လူတံတိုင္းနဲ႔ထိၿပီး

တိုင္မွန္ၿပီး ျပန္ထြက္လာတာကို ေနာက္က ေျပးဝင္လာခဲ့တဲ့ ရက္ဂီယြန္က

ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ျပန္လည္ Come Back ႏိုင္ခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ႏိုင္ငံတကာ ပြဲကာလ မတိုင္ခင္ ၊ အဲဗာတန္ကို ဂိုးမရွိ သေရသာ

ကစားႏိုင္ခဲ့လို႔ ၊ ကြန္တီနဲ႔ စပါးတို႔ အတြက္ မေန႔ည က ႏိုင္ပြဲ ဟာ

လိုအပ္တာထက္ ပိုၿပီး အေရးပါတဲ့ပုံ ေပၚခဲ့ပါတယ္ ။ ဒီရလဒ္ေၾကာင့္

ယင္း အေနာက္ လန္ဒန္ ကလပ္ ဟာ အဆင့္ ၇ သို႔ တက္လွမ္းလာႏိုင္ခဲ့ၿပီး ၊

ဝက္စ္ဟမ္းနဲ႔ ၄မွတ္ အကြာကို ျပန္ေရာက္လာပါတယ္။