ကွန်ဆာ ရင်ခွင်ထဲကို ရည်းစားတစ်ယောက်လို ညုတုတုနဲ့ တိုးဝှေ့ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် ဝေဖန်ခံနေရ

ယူနိုက်တက်ဟာ ဗီလာကိုအနိုင်ယူပြီး ကာရာဘောင်းဖလားစတုတ္ထအဆင့်ကိုတက် လှမ်းနိုင်ခဲ့ပြီဖြစ်ပေမဲ့ ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ အပြုအမူကတော့စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရှုံးကြွေးကိုချက်ချင်းပြန်ဆပ်နိုင်ခဲ့တာက ကျေနပ်စရာဖြစ်သလို ဘရူနိုဖာနန်ဒက်စ်က မန်ယူအတွက်အရေးပါတဲ့ တတိယအနိုင်ဂိုးကိုသွင်းပေးခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ပေါ်တူဂီသားရဲ့ ဟန်ဆောင်ဒိုင်ဗင်ကတော့ အွန်လိုင်းပရိသတ်တွေအဖို့ပြောစရာကြီးဖြစ်ခဲ့တာပါ။ ပရိသတ်တစ်ယောက်က ဒီဗီဒီယိုမှတ်တမ်းကို ဆိုရှယ်မီဒီယာပေါ်မျှဝေခဲ့ပြီး

“ရှက်စရာပဲလို့” တံဆိပ်ကပ်ဝေဖန်ခဲ့ပါတယ်။ တကယ်တမ်းပြန်ကြည့်ချိန်မှာလည်း ဘရူနိုဟာ ဘောလုံးမလာခင်ကတည်းက ကွန်ဆာကို တစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်

ချစ်သူတစ်ယောက်လို အတင်းကြီးဝင်တိုးပြီးလှဲချလိုက်တာကို အရှင်းသားမြင်ခဲ့ရပါတယ်။ ဒါကိုမြင်ခဲ့ရတဲ့နောက် အွန်လိုင်းပရိသတ်တွေဟာ ယူနိုက်တက်ကွင်းလယ်လူကို

စတင်သရော်တော့တာပါပဲ။ “ကွန်ဆာနဲ့ မထိခင်ကတည်းက သူဒိုင်ဗင်ပစ်ဖို့လုပ်နေတာပါ” လို့ ဗီဒီယိုဖိုင်အောက်မှာ ပရိသတ်တစ်ယောက်က စတင်မှတ်ချက်ပေးခဲ့သလို

ဒုတိယတစ်ယောက်က “စိတ်ပျက်စရာကောင်းလောက်အောင်ကို လှလှလေး လှဲချလိုက်ပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့

“မော်ဒန်ခေတ်ဘောလုံးပွဲစဉ်တွေအတွက်တော့ ဥပမာတစ်ခုပဲ” လို့ ဝေဖန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ကွင်းလယ်ဒိုင် အသေအချာမမြင်ခဲ့တဲ့အတွက် ကွန်ဆာရင်ကိုတိုးဝှေ့ခဲ့တဲ့

ဘရူနိုဟာ အဝါကတ်ပြစ်ဒဏ်ကိုရှောင်ရှားနိုင်ခဲ့ပါတယ်။

(Zawgyi)

ကြန္ဆာ ရင္ခြင္ထဲကို ရည္းစားတစ္ေယာက္လို ညဳတုတုနဲ႔ တိုးေဝွ႔ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ ေဝဖန္ခံေနရ

ယူႏိုက္တက္ဟာ ဗီလာကိုအႏိုင္ယူၿပီးကာရာေဘာင္းဖလားစတုတၳအဆင့္ကိုတက္ လွမ္းႏိုင္ခဲ့ၿပီျဖစ္ေပမဲ့ ဒီပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အျပဳအမူကေတာ့စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရႈံးေႂကြးကိုခ်က္ခ်င္းျပန္ဆပ္ႏိုင္ခဲ့တာကေက်နပ္စရာျဖစ္သလို ဘ႐ူႏိုဖာနန္ဒက္စ္က မန္ယူအတြက္အေရးပါတဲ့ တတိယအႏိုင္ဂိုးကိုသြင္းေပးခဲ့တာျဖစ္တယ္။

ဒါေပမဲ့ ေပၚတူဂီသားရဲ႕ဟန္ေဆာင္ဒိုင္ဗင္ကေတာ့ အြန္လိုင္းပရိသတ္ေတြအဖို႔ေျပာစရာႀကီးျဖစ္ခဲ့တာပါ။ ပရိသတ္တစ္ေယာက္က ဒီဗီဒီယိုမွတ္တမ္းကို ဆိုရွယ္မီဒီယာေပၚမွ်ေဝခဲ့ၿပီး

“ရွက္စရာပဲလို႔” တံဆိပ္ကပ္ေဝဖန္ခဲ့ပါတယ္။ တကယ္တမ္းျပန္ၾကည့္ခ်ိန္မွာလည္း ဘ႐ူႏိုဟာ ေဘာလုံးမလာခင္ကတည္းက ကြန္ဆာကို တစ္ခ်က္ၾကည့္လိုက္ၿပီးတဲ့ေနာက္

ခ်စ္သူတစ္ေယာက္လိုအတင္းႀကီးဝင္တိုးၿပီးလွဲခ်လိုက္တာကိုအရွင္းသားျမင္ခဲ့ရပါတယ္။ ဒါကိုျမင္ခဲ့ရတဲ့ေနာက္ အြန္လိုင္းပရိသတ္ေတြဟာ

ယူႏိုက္တက္ကြင္းလယ္လူ ကိုစတင္သေရာ္ေတာ့တာပါပဲ။ “ကြန္ဆာနဲ႔ မထိခင္ကတည္းက သူဒိုင္ဗင္ပစ္ဖို႔လုပ္ေနတာပါ” လို႔ ဗီဒီယိုဖိုင္ေအာက္မွာ

ပရိသတ္တစ္ေယာက္ကစတင္မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က “စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ကို လွလွေလးလွဲခ်လိုက္ပါတယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

တတိယတစ္ေယာက္ကေတာ့ “ေမာ္ဒန္ေခတ္ေဘာလုံးပြဲစဥ္ေတြအတြက္ေတာ့ ဥပမာတစ္ခုပဲ” လို႔ ေဝဖန္ခဲ့ပါတယ္။

ဒီျဖစ္စဥ္ကို ကြင္းလယ္ဒိုင္အေသအခ်ာမျမင္ခဲ့တဲ့အတြက္ ကြန္ဆာ ရင္ကိုတိုးေဝွ႔ခဲ့တဲ့ ဘ႐ူႏိုဟာ အဝါကတ္ျပစ္ဒဏ္ကိုေရွာင္ရွားႏိုင္ခဲ့ပါတယ္။