





ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီ
အသင်းဟာ အာဂျင်တီးနားကြယ်ပွင့်ကို အနိမ့်ဆုံး ၂၀၂၄ နှစ်ကုန်ပိုင်းအထိ





ဆက်ထိန်းဖို့မျှော်လင့်နေတယ်လို့ စပိန်သတင်းစာ Marca က
ဖော်ပြလိုက်ပါတယ်။ မက်ဆီဟာ ဒီရာသီကုန်မှာ ပါရီကလပ်နဲ့
သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းဥက္ကဌအယ်လ်ခီလိုင်ဖီကတော့





စာချုပ်သစ်ကိစ္စအတွက်လမ်းကြောင်းဖွင့်ပေးလိုက်ပြီဖြစ်တယ်။
မက်ဆီရဲ့မိသားစုဝင်တွေကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအဆုံးသတ်





အကျိုးဆက်ကိုကြည့်ပြီး အနာဂတ်ကိုဆုံးဖြတ်သွားဖို့ရှိနေတယ်လို့
Marca သတင်းစာကဆိုပါတယ်။ ပြင်သစ်သတင်းဌာန RMC နဲ့
တွေ့ဆုံမှုမှာတော့ ပီအက်စ်ဂျီဥက္ကဌအယ်လ်ခီလိုင်ဖီက





“အသင်းနဲ့အတူ မက်ဆီပျော်ရွှင်နေတယ်ဆိုတာကို ကျွန်တော်အကြိမ်
တစ်ထောင်မကပြောခဲ့ပြီးသားပါ။ ဆက်နေမယ်လို့ထင်တယ်” လို့





ဆိုခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စာချုပ်သစ်ကိစ္စ
ဆွေးနွေးမယ်လို့လည်း အယ်လ်ခီလိုင်ဖီက အတည်ပြုပေးခဲ့တာဖြစ်တယ်။
ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ကစားကွင်းသစ်အတွက်





ရင်းနှီးလိုစိတ်မရှိဘူးလို့ အယ်လ်ခီလိုင်ဖီက ဖွင့်ဟခဲ့ပါတယ်။
“ကစားကွင်းသစ်အတွက် ယူရိုသန်း ၅၀၀၊ ၆၀၀ လောက်အထိ





မသုံးချင်ပါဘူး။ အရေးအကြီးဆုံးက ကစားကွင်းဆိုတာသိပါတယ်။
ဒီကစားကွင်းနဲ့ငွေမရှာချင်ဘူး၊ ကုန်တိုက်လည်းမသွားချင်ဘူး။
ပါရီမြို့တော်ဝန်ကို လေးစားသလို သူမနဲ့ရင်နှီးတဲ့ဆက်ဆံရေးရှိပြီး





ပါရီမြို့ဘက်ကလည်း ကျွန်တော်တို့ကိုလေးစားဖို့တောင်းဆိုချင်
ပါတယ်” လို့ အယ်လ်ခီလိုင်ဖီက ဖွင့်ဟလိုက်ပါတယ်။





zawgyi
ကြင္းသစ္ေဆာက္ဖို႔မရွိေပမဲ့ မက္ဆီကိုသက္တမ္းတိုးခ်င္တယ္လို႔ အယ္လ္ခီလိုင္ဖီ ေျပာဆိုလိုက္





ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မက္ဆီေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီ
အသင္းဟာ အာဂ်င္တီးနားၾကယ္ပြင့္ကို အနိမ့္ဆုံး ၂၀၂၄ ႏွစ္ကုန္ပိုင္းအထိ





ဆက္ထိန္းဖို႔ေမွ်ာ္လင့္ေနတယ္လို႔ စပိန္သတင္းစာ Marca က
ေဖာ္ျပလိုက္ပါတယ္။ မက္ဆီဟာ ဒီရာသီကုန္မွာ ပါရီကလပ္နဲ႔
သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အသင္းဥကၠဌအယ္လ္ခီလိုင္ဖီကေတာ့





စာခ်ဳပ္သစ္ကိစၥအတြက္လမ္းေၾကာင္းဖြင့္ေပးလိုက္ၿပီျဖစ္တယ္။
မက္ဆီရဲ႕မိသားစုဝင္ေတြကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲအဆုံးသတ္





အက်ိဳးဆက္ကိုၾကည့္ၿပီး အနာဂတ္ကိုဆုံးျဖတ္သြားဖို႔ရွိေနတယ္လို႔
Marca သတင္းစာကဆိုပါတယ္။ ျပင္သစ္သတင္းဌာန RMC နဲ႔
ေတြ႕ဆုံမႈမွာေတာ့ ပီအက္စ္ဂ်ီဥကၠဌအယ္လ္ခီလိုင္ဖီက





“အသင္းနဲ႔အတူ မက္ဆီေပ်ာ္႐ႊင္ေနတယ္ဆိုတာကို ကြၽန္ေတာ္အႀကိမ္
တစ္ေထာင္မကေျပာခဲ့ၿပီးသားပါ။ ဆက္ေနမယ္လို႔ထင္တယ္” လို႔





ဆိုခဲ့ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ စာခ်ဳပ္သစ္ကိစၥ
ေဆြးေႏြးမယ္လို႔လည္း အယ္လ္ခီလိုင္ဖီက အတည္ျပဳေပးခဲ့တာျဖစ္တယ္။
ဒါေပမဲ့ အျခားတစ္ဖက္မွာေတာ့ ကစားကြင္းသစ္အတြက္





ရင္းႏွီးလိုစိတ္မရွိဘူးလို႔ အယ္လ္ခီလိုင္ဖီက ဖြင့္ဟခဲ့ပါတယ္။
“ကစားကြင္းသစ္အတြက္ ယူ႐ိုသန္း ၅၀၀၊ ၆၀၀ ေလာက္အထိ





မသုံးခ်င္ပါဘူး။ အေရးအႀကီးဆုံးက ကစားကြင္းဆိုတာသိပါတယ္။
ဒီကစားကြင္းနဲ႔ေငြမရွာခ်င္ဘူး၊ ကုန္တိုက္လည္းမသြားခ်င္ဘူး။
ပါရီၿမိဳ႕ေတာ္ဝန္ကို ေလးစားသလို သူမနဲ႔ရင္ႏွီးတဲ့ဆက္ဆံေရးရွိၿပီး





ပါရီၿမိဳ႕ဘက္ကလည္း ကြၽန္ေတာ္တို႔ကိုေလးစားဖို႔ေတာင္းဆိုခ်င္
ပါတယ္” လို႔ အယ္လ္ခီလိုင္ဖီက ဖြင့္ဟလိုက္ပါတယ္။