





ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ပြင်သစ်ကိုရှုံးနိမ့်ပြီးတဲ့နောက်
ပွဲပြီးအင်တာဗျူးမှာ ယူနိုက်တက်နောက်ခံလူမက်ဂွိုင်းယားက





ကွင်းလယ်ဒိုင်နဲ့ပတ်သတ်တဲ့ သူ့ရဲ့အမြင်တွေကိုဆန်းသစ်ရိုးသားစွာ
ဝေဖန်သွားခဲ့ပါတယ်။ ဘရာဇီးလူမျိုးကွင်းလယ်ဒိုင်ဟာ အင်္ဂလန်ကို
ပင်နယ်တီနှစ်ကြိမ်ကန်ခွင့်ပြုခဲ့ပေမဲ့ ပွဲချိန်တစ်လျှောက်လုံးအတိုင်းအတာမှာတော့





သူ့ရဲ့ဆုံးဖြတ်ချက်အများစုက ဆောက်ဂိတ်အသင်းအတွက် လက်ခံဖို့
ခက်ခဲတဲ့အနေအထားတွေရှိခဲ့တာပါ။ ပွဲချိန်အစောပိုင်းမှာ ဟယ်ရီကိန်းအပေါ်





အူပါမီကာနိုရဲ့ပြစ်ဒဏ်ကျူးလွန်မှုကအလွန်ရှင်းပေမဲ့ ဆမ်ပါရီယိုဘက်က
ပျက်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် မေဆန်မောင်ကို သီယိုဟာနန်ဒက်ဇ်
ဆောင့်တွန်းလိုက်တဲ့ဖြစ်စဉ်မှာလည်း ပြစ်ဒဏ်ဘောပေးဖို့ချိတုံချတုံတွေ





ဖြစ်နေပြီး အင်္ဂလန်ကစားသမားတွေဝိုင်းဝန်းတောင်းဆိုမှသာ
VAR ပြန်ကြည့်ပြီး ပင်နယ်တီကန်ခွင့်ပြုခဲ့တာဖြစ်တယ်။





ITV နဲ့ပွဲပြီးအင်တာဗျူးမှာတော့ မက်ဂွိုင်းယားက “ကွင်းလယ်ဒိုင်ရဲ့
စွမ်းဆောင်ရည်ကို ကျွန်တော်တကယ်ပဲမရှင်းပြတတ်တော့ပါဘူး။
သူ့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုပမာဏက တကယ့်ကိုမယုံနိုင်စရာပါပဲ။





တကယ့်ကို အားနည်းလွန်းတယ်” လို့ ပြောဆိုခဲ့ပါတယ်။
beIN Sports နဲ့အင်တာဗျူးမှာလည်း ယူနိုက်တက်နောက်ခံလူဟာ





ကွင်းလယ်ဒိုင်ကိုဝေဖန်ခဲ့တာတွေ့ရပါတယ်။ ဆက်လက်ပြီး
မက်ဂွိုင်းယားက ဒီပွဲမှာအင်္ဂလန်အသာရတယ်ဆိုတာကို ပွဲကြည့်ရှုသူတိုင်း
နားလည်ကြလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြင်သစ်ကတော့





ဂိုးရဖို့အတွက်ကျဉ်းမြောင်းတဲ့အနေအထားကနေ ၂ဂိုးရအောင်
သွင်းသွားနိုင်တာဖြစ်ပြီး အခုလိုအခွင့်အရေးရအောင်ယူတတ်တဲ့ပုံစံကြောင့်





ဗိုလ်စွဲဖို့ရေပန်းစားတာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
zawgyi





ကြင္းလယ္ဒိုင္ရဲ႕ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ပမာဏကမယုံႏိုင္ေလာက္စရာပဲလို႔ မက္ဂြိဳင္းယား ေဝဖန္လိုက္
ကမာၻ႔ဖလားကြာတားဖိုင္နယ္မွာ ျပင္သစ္ကိုရႈံးနိမ့္ၿပီးတဲ့ေနာက္





ပြဲၿပီးအင္တာဗ်ဴးမွာ ယူႏိုက္တက္ေနာက္ခံလူမက္ဂြိဳင္းယားက
ကြင္းလယ္ဒိုင္နဲ႔ပတ္သတ္တဲ့ သူ႔ရဲ႕အျမင္ေတြကိုဆန္းသစ္႐ိုးသားစြာ
ေဝဖန္သြားခဲ့ပါတယ္။ ဘရာဇီးလူမ်ိဳးကြင္းလယ္ဒိုင္ဟာ အဂၤလန္ကို





ပင္နယ္တီႏွစ္ႀကိမ္ကန္ခြင့္ျပဳခဲ့ေပမဲ့ ပြဲခ်ိန္တစ္ေလွ်ာက္လုံးအတိုင္းအတာမွာေတာ့
သူ႔ရဲ႕ဆုံးျဖတ္ခ်က္အမ်ားစုက ေဆာက္ဂိတ္အသင္းအတြက္ လက္ခံဖို႔





ခက္ခဲတဲ့အေနအထားေတြရွိခဲ့တာပါ။ ပြဲခ်ိန္အေစာပိုင္းမွာ ဟယ္ရီကိန္းအေပၚ
အူပါမီကာႏိုရဲ႕ျပစ္ဒဏ္က်ဴးလြန္မႈကအလြန္ရွင္းေပမဲ့ ဆမ္ပါရီယိုဘက္က
ပ်က္ကြက္ခဲ့ပါတယ္။ ဒါ့အျပင္ ေမဆန္ေမာင္ကို သီယိုဟာနန္ဒက္ဇ္





ေဆာင့္တြန္းလိုက္တဲ့ျဖစ္စဥ္မွာလည္း ျပစ္ဒဏ္ေဘာေပးဖို႔ခ်ိတုံခ်တုံေတြ
ျဖစ္ေနၿပီး အဂၤလန္ကစားသမားေတြဝိုင္းဝန္းေတာင္းဆိုမွသာ





VAR ျပန္ၾကည့္ၿပီး ပင္နယ္တီကန္ခြင့္ျပဳခဲ့တာျဖစ္တယ္။
ITV နဲ႔ပြဲၿပီးအင္တာဗ်ဴးမွာေတာ့ မက္ဂြိဳင္းယားက “ကြင္းလယ္ဒိုင္ရဲ႕
စြမ္းေဆာင္ရည္ကို ကြၽန္ေတာ္တကယ္ပဲမရွင္းျပတတ္ေတာ့ပါဘူး။





သူ႔ရဲ႕ ဆုံးျဖတ္ခ်က္မွားယြင္းမႈပမာဏက တကယ့္ကိုမယုံႏိုင္စရာပါပဲ။
တကယ့္ကို အားနည္းလြန္းတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။





beIN Sports နဲ႔အင္တာဗ်ဴးမွာလည္း ယူႏိုက္တက္ေနာက္ခံလူဟာ
ကြင္းလယ္ဒိုင္ကိုေဝဖန္ခဲ့တာေတြ႕ရပါတယ္။ ဆက္လက္ၿပီး
မက္ဂြိဳင္းယားက ဒီပြဲမွာအဂၤလန္အသာရတယ္ဆိုတာကို ပြဲၾကည့္ရႈသူတိုင္း





နားလည္ၾကလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ျပင္သစ္ကေတာ့
ဂိုးရဖို႔အတြက္က်ဥ္းေျမာင္းတဲ့အေနအထားကေန ၂ဂိုးရေအာင္





သြင္းသြားႏိုင္တာျဖစ္ၿပီး အခုလိုအခြင့္အေရးရေအာင္ယူတတ္တဲ့ပုံစံေၾကာင့္
ဗိုလ္စြဲဖို႔ေရပန္းစားတာျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။