ကွင်းလယ်ဒိုင်ပြီးတော့ hand sanitiser ကိစ္စနဲ့ စပါး အလှည့်ရောက်လာပြန်တဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က စပါးအသင်းဟာမီဒီယာခန်းမထဲမှာ

ရေမလိုလက်သန့်ဆေးရည်(hand sanitiser) လေးတောင်မထားနိုင်လို့ဆိုပြီး

ဝေဖန်သွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးဟာ အိမ်ရှင်စပါးနဲ့ ၂-၂ သရေကျခဲ့ပြီး

ပြိုင်ဘက်တိုက်စစ်မှူး ဟယ်ရီကိန်းက ရောဘတ်ဆန်ကိုပြင်းထန်စွာဖျက်ထုတ်ခဲ့ပေမယ့်

အနီကတ်ပြသခံရခြင်းမရှိတာ၊ ရောဘတ်ဆန်အလှည့်ကျ တော့

အနီကတ်အပြခံခဲ့ရတာတွေကြောင့် ပွဲအပြီးမှာကလော့ပ်က ကွင်းလယ်ဒိုင်လူကြီးကို

ကွင်းအတွင်းမှာတင် ပြင်းထန်စွာ နဲ့ အော်ဟစ်ကြိမ်းမောင်းခဲ့တာပါ။

ပွဲပြီးလို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့အတွက် မီဒီယာခန်းမထဲဝင်ခဲ့ရာမှာ

ကလော့ပ်က ဘေး ဘီကိုကြည့်ပြီး hand sanitiser မထားတဲ့အပေါ်

မကျေမနပ်ဖြစ်ကာ ဝေဖန်မှုတွေလုပ်သွားတာဖြစ်ပါတယ်။

စပါးအသင်းမှာ ကိုဗစ်ဖြစ်တဲ့ ဦးစားပေးကစားသမားအနည်းဆုံး ၉ ဦးအထိရှိခဲ့တဲ့အပြင်

နည်းပြကွန်တီရဲ့လက်ထောက်တွေထဲမှာလည်းကိုဗစ် ဖြစ်ခဲ့တဲ့သူတွေရှိခဲ့လို့

ရန်းနက်စ်၊ ဘရိုက်တန်၊ လက်စတာ တို့နဲ့ပွဲတွေကိုရွှေ့ခဲ့ရပါတယ်။

မီဒီယာခန်းမထဲကိုဝင်လာပြီးနောက် ဘေးဘီကိုကြည့်ကာ

ကလော့ပ်က” စပါးမှာ ၁၃ ယောက်လောက် ကိုဗစ်ဖြစ်ခဲ့တယ်ဆိုတာ

ခင်ဗျားတို့သိကြတယ်နော်။ အခုတော့ဒီကုလားထိုင် ကိုကျွန်တော်ထိလိုက်ရပြီ။

ဒီလိုအခန်းထဲမှာ hand sanitiser လေးတောင် မထားနိုင်တာ

ဘာကြောင့်မှန်းမသိဘူး။ ဒါကိုထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။

ဒီလိုထားရင်ပိုကောင်းမယ်လို့လည်း ကျွန် တော်ရိုးရိုးသားသား

ယုံကြည်ပါတယ်” လို့ပြောသွားပါတယ်။

လီဗာပူးအသင်းဟာလည်း ကိုဗစ်ရိုက်ခတ်မှုဒဏ်ခံနေရပြီး

ကွင်းလယ်လူ အယ်ကန်တာရာဟာလည်း အသင်းမှာ ၄ ဦးမြောက်

ကိုဗစ်တွေ့တဲ့သူဖြစ်လို့ စပါးနဲ့ပွဲမှာမပါနိုင်ခဲ့ပါဘူး။ အခြားကိုဗစ်ဖြစ်ခဲ့သူ ၃ ဦးကတော့

ဗန်ဒိုက်ခ်၊ ဖာဘင်ဟိုနဲ့ ကာတစ်ဂျုံးစ် တို့ ဖြစ်ပါတယ်။ ကိုဗစ်ဟာ

ပရီးမီးယားလိဂ်ကိုများစွာရိုက်ခတ်နေပြီး ပြီးခဲ့တဲ့တစ်ပတ်က ၁၀ ပွဲမှာ ၆ ပွဲအထိ

ရွှေ့ဆိုင်းခဲ့ရပါတယ်။ ကလော့ပ်ဟာ ကစားသမားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့

တိုက်တွန်းလေ့ရှိသူဖြစ်ပြီး နောက်ဆိုရင် ဆေးမထိုးထားတဲ့သူ တွေကို

လီဗာပူးကခေါ်ယူမှာမဟုတ်ဘူးလို့တောင်ပြောထားတာပါ။

zawgyi

ကြင္းလယ္ဒိုင္ၿပီးေတာ့ hand sanitiser ကိစၥနဲ႔ စပါး အလွည့္ေရာက္လာျပန္တဲ့ ကေလာ့ပ္

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ့ပ္က စပါးအသင္းဟာမီဒီယာခန္းမထဲမွာ

ေရမလိုလက္သန႔္ေဆးရည္(hand sanitiser) ေလးေတာင္မထားႏိုင္လို႔ဆိုၿပီး

ေဝဖန္သြားခဲ့ပါတယ္။ ဒီပြဲမွာ လီဗာပူးဟာ အိမ္ရွင္စပါးနဲ႔ ၂-၂ သေရက်ခဲ့ၿပီး

ၿပိဳင္ဘက္တိုက္စစ္မႉး ဟယ္ရီကိန္းက ေရာဘတ္ဆန္ကိုျပင္းထန္စြာဖ်က္ထုတ္ခဲ့ေပမယ့္

အနီကတ္ျပသခံရျခင္းမရွိတာ၊ ေရာဘတ္ဆန္အလွည့္က် ေတာ့

အနီကတ္အျပခံခဲ့ရတာေတြေၾကာင့္ ပြဲအၿပီးမွာကေလာ့ပ္က ကြင္းလယ္ဒိုင္လူႀကီးကို

ကြင္းအတြင္းမွာတင္ ျပင္းထန္စြာ နဲ႔ ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့တာပါ။

ပြဲၿပီးလို႔ သတင္းစာရွင္းလင္းပြဲလုပ္ဖို႔အတြက္ မီဒီယာခန္းမထဲဝင္ခဲ့ရာမွာ

ကေလာ့ပ္က ေဘး ဘီကိုၾကည့္ၿပီး hand sanitiser မထားတဲ့အေပၚ

မေက်မနပ္ျဖစ္ကာ ေဝဖန္မႈေတြလုပ္သြားတာျဖစ္ပါတယ္။ စပါးအသင္းမွာ

ကိုဗစ္ျဖစ္တဲ့ ဦးစားေပးကစားသမားအနည္းဆုံး ၉ ဦးအထိရွိခဲ့တဲ့အျပင္

နည္းျပကြန္တီရဲ႕လက္ေထာက္ေတြထဲမွာလည္းကိုဗစ္ ျဖစ္ခဲ့တဲ့သူေတြရွိခဲ့လို႔

ရန္းနက္စ္၊ ဘ႐ိုက္တန္၊ လက္စတာ တို႔နဲ႔ပြဲေတြကိုေ႐ႊ႕ခဲ့ရပါတယ္။

မီဒီယာခန္းမထဲကိုဝင္လာၿပီးေနာက္ ေဘးဘီကိုၾကည့္ကာ

ကေလာ့ပ္က” စပါးမွာ ၁၃ ေယာက္ေလာက္ ကိုဗစ္ျဖစ္ခဲ့တယ္ဆိုတာ

ခင္ဗ်ားတို႔သိၾကတယ္ေနာ္။ အခုေတာ့ဒီကုလားထိုင္ ကိုကြၽန္ေတာ္ထိလိုက္ရၿပီ။

ဒီလိုအခန္းထဲမွာ hand sanitiser ေလးေတာင္ မထားႏိုင္တာ

ဘာေၾကာင့္မွန္းမသိဘူး။ ဒါကိုထားသင့္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။

ဒီလိုထားရင္ပိုေကာင္းမယ္လို႔လည္း ကြၽန္ ေတာ္႐ိုး႐ိုးသားသား

ယုံၾကည္ပါတယ္” လို႔ေျပာသြားပါတယ္။

လီဗာပူးအသင္းဟာလည္း ကိုဗစ္႐ိုက္ခတ္မႈဒဏ္ခံေနရၿပီး

ကြင္းလယ္လူ အယ္ကန္တာရာဟာလည္း အသင္းမွာ ၄ ဦးေျမာက္

ကိုဗစ္ေတြ႕တဲ့သူျဖစ္လို႔ စပါးနဲ႔ပြဲမွာမပါႏိုင္ခဲ့ပါဘူး။ အျခားကိုဗစ္ျဖစ္ခဲ့သူ ၃ ဦးကေတာ့

ဗန္ဒိုက္ခ္၊ ဖာဘင္ဟိုနဲ႔ ကာတစ္ဂ်ဳံးစ္ တို႔ ျဖစ္ပါတယ္။ ကိုဗစ္ဟာ

ပရီးမီးယားလိဂ္ကိုမ်ားစြာ႐ိုက္ခတ္ေနၿပီး ၿပီးခဲ့တဲ့တစ္ပတ္က ၁၀ ပြဲမွာ ၆ ပြဲအထိ

ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ ကေလာ့ပ္ဟာ ကစားသမားေတြကို ကိုဗစ္ကာကြယ္ေဆးထိုးဖို႔

တိုက္တြန္းေလ့ရွိသူျဖစ္ၿပီး ေနာက္ဆိုရင္ ေဆးမထိုးထားတဲ့သူ ေတြကို

လီဗာပူးကေခၚယူမွာမဟုတ္ဘူးလို႔ေတာင္ေျပာထားတာပါ။