ကွင်းလယ်ဒိုင်ကို ကူညီပေးခဲ့တဲ့ ဟာလန်းရဲ့ လုပ်ဆောင်မှုက ပရိသတ်တွေကြားမှာ ချီးမွမ်းခန်း ဖွင့်စရာဖြစ်နေ

မန်စီးတီးအတွက် ကိုပင်ဟေဂင်လို ချန်ပီယံလိဂ်ပြိုင်ဘက်မျိုးက အရမ်းများ လွယ်ကူလွန်းနေတယ်လို့များ ဟာလန်းတစ်ယောက် ထင်နေလားတော့ မသိ ပါဘူး။

ဂိုးသွင်းဖို့ တိုက်စစ်ဆင်နေတဲ့ နေရာမှာတောင် အပိုအလုပ်တွေ ထပ် ဆောင်းလုပ်ပေးပြီးမှ ဂိုးသွင်းဖို့

ပင်နယ်တီဧရိယာထဲကို နေရာသွားယူခဲ့တဲ့ ဟာလန်းကို ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ကန်ဆယ်လိုရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဟာလန်းက မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းနိုင်ခဲ့တယ်။

အဲဒီနောက် ဒုတိယဂိုးရဖို့အတွက် တိုက်စစ်ဆင်နေချိန်မှာ ပရိသတ်တွေဟာ ဟာလန်းကို အာရုံကျနေခဲ့တာပါ။

မန်စီးတီး တိုက်စစ်ဆင်နေချိန်အတွင်း ကိုပင်ဟေဂင် ကွင်းဘက်ခြမ်းမှာ ကွင်းလယ်ဒိုင် ရမ်ဆက်စ်ဟာ ကစားသမားတစ်ယောက်နဲ့

ပြေးလွှားနေရင်း ထိမိသွားကာ သူ့ရဲ့ခါးကြားမှာ ထိုးထားတဲ့ Foam စပရေးဘူးဟာ ပြုတ်ကျသွားခဲ့ပါတယ်။

ဒါကို ရမ်ဆက်စ်က သိခဲ့ပုံမပေါ်ပါဘူး။ ကိုပင်ဟေဂင်ကစားသမားတယောက်က ဒီဘူးကို တွေ့ခဲ့ပေမယ့် မကောက်ပေးဘဲ

ကန်ထုတ်ခဲ့လိုက်ပေမယ့် ဟာလန်းကတော့ ဒါကို ကောက်ယူကာ ဒိုင်လူကြီးဆီကို အရောက်သွားပြီးတော့မှ ပစ်ပေးလိုက်ပြီးတဲ့နောက်

ဂိုးသွင်းဖို့အတွက် ပြိုင်ဘက်ပင်နယ်တီဧရိယာထဲကို နေရာသွားယူခဲ့တာဖြစ်ပါတယ်။

ဟာလန်း ကို တစ်ချိန်လုံး လိုက်ကြည့်နေခဲ့ကြတဲ့ မန်စီးတီးပရိသတ်တွေဟာ ဒီအဖြစ် အပျက်ကို မြင်တွေ့ခဲ့ပြီးတဲ့နောက် တွစ်တာပေါ်မှာ ချီးမွမ်းခန်း ဖွင့်ခဲ့ကြပါ တယ်။

‘’ဟာလန်းက ပင်နယ်တီဧရီယာဆီကို ပြေးသွားတယ်၊ နောက်ပြီး ပြန် ပြေးလာတယ်။

ဒိုင်လူကြီးအတွက် အရာဝတ္ထုတစ်ခုကို ကောက်ပြီး အဲဒီ နောက် ဒိုင်ဆီကိုလည်း ပြေးလိုက်သေးတယ်။

သူ့ကိုပြန်ပေးတယ်။ ပြီးတော့ မှ ဖြတ်တင်ဘောကို ဂိုးသွင်းဖို့ ကြိုးစားခဲ့တာကို ဘယ်သူများ မြင်လိုက်ကြ သေးလဲဗျ’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ‘’ဟာလန်းတို့များ ဒိုင်လူကြီးကို ကူညီဖို့ အချိန် တောင် ရလိုက်သေးတယ်’’ လို့ ရေးသားခဲ့ပါတယ်။

အဲဒီနောက် တစ်မိနစ်ပဲ ကြာပါတယ်။ နေရာယူမှန်တဲ့ ဟာလန်းဟာ မန်စီးတီးအတွက် ဒုတိယဂိုးကို ၆ ကိုက်စည်းအတွင်းကနေပြီး သွင်းယူပေးသွားခဲ့ပါတယ်။

ဒါကြောင့် ဟာလန်း ဟာ ကိုပင်ဟေဂင်နဲ့ပွဲစဉ်မှာလည်း ဟက်ထရစ်သွင်းဂိုးရတော့မယ်လို့ အား လုံးက မျှော်လင့်ခဲ့ကြပေမယ့်လည်း

နည်းပြ ဂွါဒီယိုလာက လူစားလဲပစ်ခဲ့တာ ကြောင့် ပထမပိုင်း သွင်းဂိုး နှစ်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

zawgyi

ကြင္းလယ္ဒိုင္ကို ကူညီေပးခဲ့တဲ့ ဟာလန္းရဲ႕ လုပ္ေဆာင္မႈက ပရိသတ္ေတြၾကားမွာ ခ်ီးမြမ္းခန္း ဖြင့္စရာျဖစ္ေန

မန္စီးတီးအတြက္ ကိုပင္ေဟဂင္လို ခ်န္ပီယံလိဂ္ၿပိဳင္ဘက္မ်ိဳးက အရမ္းမ်ား လြယ္ကူလြန္းေနတယ္လို႔မ်ား ဟာလန္းတစ္ေယာက္ ထင္ေနလားေတာ့ မသိ ပါဘူး။

ဂိုးသြင္းဖို႔ တိုက္စစ္ဆင္ေနတဲ့ ေနရာမွာေတာင္ အပိုအလုပ္ေတြ ထပ္ ေဆာင္းလုပ္ေပးၿပီးမွ ဂိုးသြင္းဖို႔

ပင္နယ္တီဧရိယာထဲကို ေနရာသြားယူခဲ့တဲ့ ဟာလန္းကို ဗုဒၶဟူးညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ကန္ဆယ္လိုရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ ဟာလန္းက မန္စီးတီးအတြက္ အဖြင့္ဂိုး သြင္းႏိုင္ခဲ့တယ္။

အဲဒီေနာက္ ဒုတိယဂိုးရဖို႔အတြက္ တိုက္စစ္ဆင္ေနခ်ိန္မွာ ပရိသတ္ေတြဟာ ဟာလန္းကို အာ႐ုံက်ေနခဲ့တာပါ။

မန္စီးတီး တိုက္စစ္ဆင္ေနခ်ိန္အတြင္း ကိုပင္ေဟဂင္ ကြင္းဘက္ျခမ္းမွာ ကြင္းလယ္ဒိုင္ ရမ္ဆက္စ္ဟာ ကစားသမားတစ္ေယာက္နဲ႔

ေျပးလႊားေနရင္း ထိမိသြားကာ သူ႔ရဲ႕ခါးၾကားမွာ ထိုးထားတဲ့ Foam စပေရးဘူးဟာ ျပဳတ္က်သြားခဲ့ပါတယ္။

ဒါကို ရမ္ဆက္စ္က သိခဲ့ပုံမေပၚပါဘူး။ ကိုပင္ေဟဂင္ကစားသမားတေယာက္က ဒီဘူးကို ေတြ႕ခဲ့ေပမယ့္ မေကာက္ေပးဘဲ

ကန္ထုတ္ခဲ့လိုက္ေပမယ့္ ဟာလန္းကေတာ့ ဒါကို ေကာက္ယူကာ ဒိုင္လူႀကီးဆီကို အေရာက္သြားၿပီးေတာ့မွ ပစ္ေပးလိုက္ၿပီးတဲ့ေနာက္

ဂိုးသြင္းဖို႔အတြက္ ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲကို ေနရာသြားယူခဲ့တာျဖစ္ပါတယ္။

ဟာလန္း ကို တစ္ခ်ိန္လုံး လိုက္ၾကည့္ေနခဲ့ၾကတဲ့ မန္စီးတီးပရိသတ္ေတြဟာ ဒီအျဖစ္ အပ်က္ကို ျမင္ေတြ႕ခဲ့ၿပီးတဲ့ေနာက္ တြစ္တာေပၚမွာ ခ်ီးမြမ္းခန္း ဖြင့္ခဲ့ၾကပါ တယ္။

‘’ဟာလန္းက ပင္နယ္တီဧရီယာဆီကို ေျပးသြားတယ္၊ ေနာက္ၿပီး ျပန္ ေျပးလာတယ္။

ဒိုင္လူႀကီးအတြက္ အရာဝတၳဳတစ္ခုကို ေကာက္ၿပီး အဲဒီ ေနာက္ ဒိုင္ဆီကိုလည္း ေျပးလိုက္ေသးတယ္။

သူ႔ကိုျပန္ေပးတယ္။ ၿပီးေတာ့ မွ ျဖတ္တင္ေဘာကို ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့တာကို ဘယ္သူမ်ား ျမင္လိုက္ၾက ေသးလဲဗ်’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ ‘’ဟာလန္းတို႔မ်ား ဒိုင္လူႀကီးကို ကူညီဖို႔ အခ်ိန္ ေတာင္ ရလိုက္ေသးတယ္’’ လို႔ ေရးသားခဲ့ပါတယ္။

အဲဒီေနာက္ တစ္မိနစ္ပဲ ၾကာပါတယ္။ ေနရာယူမွန္တဲ့ ဟာလန္းဟာ မန္စီးတီးအတြက္ ဒုတိယဂိုးကို ၆ ကိုက္စည္းအတြင္းကေနၿပီး သြင္းယူေပးသြားခဲ့ပါတယ္။

ဒါေၾကာင့္ ဟာလန္း ဟာ ကိုပင္ေဟဂင္နဲ႔ပြဲစဥ္မွာလည္း ဟက္ထရစ္သြင္းဂိုးရေတာ့မယ္လို႔ အား လုံးက ေမွ်ာ္လင့္ခဲ့ၾကေပမယ့္လည္း

နည္းျပ ဂြါဒီယိုလာက လူစားလဲပစ္ခဲ့တာ ေၾကာင့္ ပထမပိုင္း သြင္းဂိုး ႏွစ္ဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။