ကွင်းထဲဝင်လာတဲ့အဲဗာတန်ပရိသတ်နဲ့ အချင်းများခဲ့တဲ့ ဗီအဲရာဘက်ကနေ ပရိသတ်တွေ ကာကွယ်

အဲဗာတန်ကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲအပြီး

ကွင်းထဲဝင်လာတဲ့ အိမ်ရှင်ပရိသတ်တွေအနက် တစ်ဦးက
ပဲလေ့စ်အသင်းနည်းပြ ပက်ထရစ်ဗီအဲရာကို သွားစခဲ့ရာကနေ
ဗီအဲရာက ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ကန်ခဲ့တဲ့အပေါ်
ပရိသတ်တွေက သူ့ဘက်ကနေ ကာကွယ်နေကြပါတယ်။
အဲဗာတန်အသင်း ၂ဂိုးပြတ်အရေးနိမ့်နေရာကနေ

၃-၂ ဂိုးနဲ့ အံ့အားသင့်အနိုင်ရခဲ့ပြီးနောက် ကွင်းထဲကို
အဲဗာတန်ပရိသတ်အများအပြား ဝင်လာခဲ့တာဖြစ်ပြီး
အဲဒီမှာ ပရိသတ်တစ်ဦးက ဗီအဲရာကို သွားစခဲ့တာဖြစ်ပါတယ်။
အဲဒီမှာ ဗီအဲရာလည်း စိတ်မထိန်းနိုင်တော့ဘဲ
အဲဒီပရိသတ်ရဲ့ခြေထောက်ကို လှမ်းကန်လိုက်တာပါ။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဗီအဲရာက
”ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်ဘက်က ဘာမှပြောစရာမရှိပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။
ပရိသတ်တွေကလည်း လူမှုမီဒီယာမှာ
ဗီအဲရာဘက်ကနေ ကာကွယ်ခဲ့ကြပါတယ်။
”ပရိသတ်တွေ ကွင်းထဲ ဝင်လာပြီး

နည်းပြတွေ၊ ကစားသမားတွေကို ရိုင်းပျ
စော်ကားတွေ ရပ်တန့်သင့်ပါပြီ”
”ဗီအဲရာအနေနဲ့ အက်ဖ်အေရဲ့ အရေးယူမှု မခံရသင့်ပါဘူး။
အဲဒီဖြစ်ရပ်ကို ပြန်ကြည့်ရင် ခင်ဗျားလည်း သိနိုင်ပါတယ်။
သူ့ဘာသာသူ လမ်းလျှောက်လာတာကို

အဲဒီပရိသတ်က သွားစရာကနေ ဖြစ်သွာတာလေ။
ဘယ်လိုပဲဖြစ်ဖြစ် ကွင်းထဲ ပရိသတ်ဝင်တာတော့ ဘယ်လိုမှမဖြစ်သင့်ပါဘူး”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
အဲဗာတန်နည်းပြ လမ်းပတ်ကလည်း ဗီအဲရာဘက်ကနေ
ကာကွယ်သွားခဲ့ပြီး သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

Zawgyi

ကြင္းထဲ၀င္လာတဲ့အဲဗာတန္ပရိသတ္နဲ႔ အခ်င္းမ်ားခဲ့တဲ့ ဗီအဲရာဘက္ကေန ပရိသတ္ေတြ ကာကြယ္
အဲဗာတန္ကို ၃-၂ ဂုိးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပြဲအၿပီး

ကြင္းထဲ၀င္လာတဲ့ အိမ္ရွင္ပရိသတ္ေတြအနက္ တစ္ဦးက
ပဲေလ့စ္အသင္းနည္းျပ ပက္ထရစ္ဗီအဲရာကို သြားစခဲ့ရာကေန
ဗီအဲရာက ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ ကန္ခဲ့တဲ့အေပၚ
ပရိသတ္ေတြက သူ႕ဘက္ကေန ကာကြယ္ေနၾကပါတယ္။
အဲဗာတန္အသင္း ၂ဂိုးျပတ္အေရးနိမ့္ေနရာကေန

၃-၂ ဂိုးနဲ႔ အံ့အားသင့္အႏိုင္ရခဲ့ၿပီးေနာက္ ကြင္းထဲကို
အဲဗာတန္ပရိသတ္အမ်ားအျပား ၀င္လာခဲ့တာျဖစ္ၿပီး
အဲဒီမွာ ပရိသတ္တစ္ဦးက ဗီအဲရာကို သြားစခဲ့တာျဖစ္ပါတယ္။
အဲဒီမွာ ဗီအဲရာလည္း စိတ္မထိန္းႏိုင္ေတာ့ဘဲ
အဲဒီပရိသတ္ရဲ႕ေျခေထာက္ကို လွမ္းကန္လုိက္တာပါ။

အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ဗီအဲရာက
”ဒီကိစၥနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ့္ဘက္က ဘာမွေျပာစရာမရွိပါဘူး”လုိ႔ တု႔ံျပန္ခဲ့ပါတယ္။
ပရိသတ္ေတြကလည္း လူမႈမီဒီယာမွာ
ဗီအဲရာဘက္ကေန ကာကြယ္ခဲ့ၾကပါတယ္။
”ပရိသတ္ေတြ ကြင္းထဲ ၀င္လာၿပီး

နည္းျပေတြ၊ ကစားသမားေတြကို ရိုင္းပ်
ေစာ္ကားေတြ ရပ္တန္႔သင့္ပါၿပီ”
”ဗီအဲရာအေနနဲ႔ အက္ဖ္ေအရဲ႕ အေရးယူမႈ မခံရသင့္ပါဘူး။
အဲဒီျဖစ္ရပ္ကို ျပန္ၾကည့္ရင္ ခင္ဗ်ားလည္း သိႏိုင္ပါတယ္။
သူ႕ဘာသာသူ လမ္းေလွ်ာက္လာတာကို

အဲဒီပရိသတ္က သြားစရာကေန ျဖစ္သြာတာေလ။
ဘယ္လုိပဲျဖစ္ျဖစ္ ကြင္းထဲ ပရိသတ္၀င္တာေတာ့ ဘယ္လုိမွမျဖစ္သင့္ပါဘူး”လုိ႔
ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
အဲဗာတန္နည္းျပ လမ္းပတ္ကလည္း ဗီအဲရာဘက္ကေန
ကာကြယ္သြားခဲ့ၿပီး သူ႕အတြက္ စိတ္မေကာင္းျဖစ္မိတယ္လုိ႔ ဆုိပါတယ္။