ကွင်းထဲမှာ အသင်းဂျာစီ လက်ဆောင်ပေးခွင့်နဲ့ လက်မှတ်ရေးထိုးခွင့်ကို အက်သလက်တီကို ဘာကြောင့်ပိတ်ပင်ရတာလဲ

စိတ်မကောင်းခြင်းများစွာနဲ့ပဲ သတင်းစကား ပါးလိုက်ပါရစေ အက်သလက်တီ ကို ပရိသတ်တွေရေ။ ခင်ဗျားတို့ အစဉ်တစိုက်အားပေးလာတဲ့ မက်ဒရစ် အခြေစိုက်အသင်းဟာ ကလပ်မူဝါဒတွေကို ပြောင်းလဲလိုက်တာကြောင့် တချို့အကြောင်းအရာတွေဟာ ထိတို့ခွင့် မရှိတော့တာကို နားလည်ပေးပါ။

ဘောလုံးဆိုတာ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာနာမှု၊ စွန့်လွှတ်စွန့်စားမှုနဲ့ အနစ်နာခံမှုတွေအပါအဝင် လူပီသတဲ့ ကျင့်ဝတ်တွေကို ဖော်ဆောင်တဲ့နေရာ မှာ ခေတ်ရှေ့ပြေးလွန်းတဲ့ အားကစားနည်းပီပီ ကွင်းထဲမှာ ပရိသတ်တွေက ကစားသမားတစ်ဦးရဲ့ ဂျာစီကို တောင်းဆိုတဲ့အခါ တလေးတစားနဲ့ ပေးအပ် တာမျိုးတွေရှိသလို ဂျာစီကို အမြတ်တနိုးဝယ်ယူလာပြီး လက်မှတ်ရေးထိုး ခိုင်းတဲ့အခါမျိုးမှာလည်း

ကစားသမားတွေက တယုတယနဲ့ လက်မှတ်ထိုးပေး လေ့ရှိတာ ဘောလုံးရဲ့ ချစ်စရာဓလေ့တစ်ခုပါ။ ဒါပေမဲ့ အခုဆိုရင်တော့ အဲဒီ အလေ့အထကို ဖယ်ရှားပစ်ဖို့အတွက် ဥရောပ ထိပ်တန်းအသင်းတချို့ စတင် လုပ်ဆောင်လာနေပြီဖြစ်ပြီး အဲဒီအထဲမှာ အေဂျက်ဇ်အသင်းလည်း ပါဝင်နေ ပါတယ်။ အေဂျက်ဇ်အသင်းက ဘာကြောင့် ဒီလို လက်မှတ်ထိုးပေးဖို့ကို တားမြစ်သလဲဆိုရင်တော့

မီးဘေးအန္တရာယ်ကြုံလာတဲ့အခါမှာ မလိုလားအပ် တဲ့ အနှောင့်အယှက်တွေ ဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်ပြီး အက်သ လက်တီကိုရဲ့ အကြောင်းပြချက်ကတော့ ခြားနားကွဲပြားတာကို တွေ့ရပါ တယ်။ အက်သလက်တီကိုပရိသတ်တွေဟာ ကွင်းထဲကို ကတ်ထူပြားတွေ ယူဆောင်လာခွင့်ရှိပါတယ်။

အဲဒီကတ်ထူပြားမှာ စာတန်းရေးပြီး ကိုယ်နှစ် သက်တဲ့ ကစားသမားရဲ့ ဂျာစီကို တောင်းဆိုခွင့်ရှိပေမယ့် ကစားသမားက တိုက်ရိုက် ပေးအပ်တာမျိုးတော့ လုပ်ခွင့်မရှိတော့ပါဘူး။ ဂျာစီရယူလိုတဲ့ ပရိသတ်ဟာ ပွဲအပြီးမှာ အက်ပလီကေးရှင်းတစ်ခုထဲကို စာရင်းသွင်းဝင် ရောက်ရမှာဖြစ်ပြီး ကစားသမားအမည်ပေါက် ဂျာစီကို တောင်းဆိုရတော့မှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အက်သလက်တီကိုဟာ အဲဒီလိုမျိုး ဂျာစီ ပေးအပ်တဲ့ အစီအစဉ်ကို Momento Market အက်ပလီကေးရှင်းနဲ့ ပူးတွဲ လုပ် ဆောင်ခိုင်းလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ ကစားသမားတွေအတွက် တကယ့်ကို ကောင်းမွန်သင့်တော်တဲ့ အပြောင်းအလဲဖြစ်လာမှာလားဆိုတာ ကတော့ မသိသေးပါဘူး။

ဂျာစီကို အက်ပလီကေးရှင်းကနေတစ်ဆင့်ပဲ တောင်းဆိုလို့ရတော့မယ့်အကြောင်းကိုလည်း အက်သလက်တီကိုက အသင်းဝက်ဘ်ဆိုက်ကနေ တရားဝင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ပွဲပြီးတာနဲ့ ပရိသတ်တွေဟာ ကိုယ်နှစ်သက်တဲ့ ကစားသမားရဲ့ ဂျာစီကို တောင်းယူခွင့် ရှိတယ်လို့လည်း

သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက နောက်ခံလူ ဟာမိုဆို နဲ့ ပရိသတ်တွေကြား ထိပ်တိုက်တွေ့ခဲ့တဲ့ဖြစ်ရပ်ရှိခဲ့တဲ့အတွက်ကြောင့် အခု လိုမျိုး ကန့်သတ်မှုတွေလုပ်ဖို့ စိတ်ကူးရှိလာတာမျိုး ဖြစ်နိုင်ပေမယ့် လက်တွေ့ မှာတော့ အခက်အခဲတွေအများကြီး ရှိကောင်း ရှိနေနိုင်ပါတယ်။

(zawgyi)

စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ပဲ သတင္းစကား ပါးလိုက္ပါရေစ အက္သလက္တီ ကို ပရိသတ္ေတြေရ။ ခင္ဗ်ားတို႔ အစဥ္တစိုက္အားေပးလာတဲ့ မက္ဒရစ္ အေျခစိုက္အသင္းဟာ ကလပ္မူဝါဒေတြကို ေျပာင္းလဲလိုက္တာေၾကာင့္ တခ်ိဳ႕အေၾကာင္းအရာေတြဟာ ထိတို႔ခြင့္ မရွိေတာ့တာကို နားလည္ေပးပါ။ ေဘာလုံးဆိုတာ ခ်စ္ျခင္းေမတၱာ၊ ကိုယ္ခ်င္းစာနာမႈ၊ စြန႔္လႊတ္စြန႔္စားမႈနဲ႔

အနစ္နာခံမႈေတြအပါအဝင္ လူပီသတဲ့ က်င့္ဝတ္ေတြကို ေဖာ္ေဆာင္တဲ့ေနရာ မွာ ေခတ္ေရွ႕ေျပးလြန္းတဲ့ အားကစားနည္းပီပီ ကြင္းထဲမွာ ပရိသတ္ေတြက ကစားသမားတစ္ဦးရဲ႕ ဂ်ာစီကို ေတာင္းဆိုတဲ့အခါ တေလးတစားနဲ႔ ေပးအပ္ တာမ်ိဳးေတြရွိသလို ဂ်ာစီကို အျမတ္တႏိုးဝယ္ယူလာၿပီး လက္မွတ္ေရးထိုး ခိုင္းတဲ့အခါမ်ိဳးမွာလည္း ကစားသမားေတြက တယုတယနဲ႔

လက္မွတ္ထိုးေပး ေလ့ရွိတာ ေဘာလုံးရဲ႕ ခ်စ္စရာဓေလ့တစ္ခုပါ။ ဒါေပမဲ့ အခုဆိုရင္ေတာ့ အဲဒီ အေလ့အထကို ဖယ္ရွားပစ္ဖို႔အတြက္ ဥေရာပ ထိပ္တန္းအသင္းတခ်ိဳ႕ စတင္ လုပ္ေဆာင္လာေနၿပီျဖစ္ၿပီး အဲဒီအထဲမွာ ေအဂ်က္ဇ္အသင္းလည္း ပါဝင္ေန ပါတယ္။ ေအဂ်က္ဇ္အသင္းက ဘာေၾကာင့္ ဒီလို လက္မွတ္ထိုးေပးဖို႔ကို တားျမစ္သလဲဆိုရင္ေတာ့ မီးေဘးအႏၲရာယ္ႀကဳံလာတဲ့အခါမွာ

မလိုလားအပ္ တဲ့ အေႏွာင့္အယွက္ေတြ ျဖစ္မွာစိုးရိမ္တဲ့အတြက္ေၾကာင့္ ျဖစ္ၿပီး အက္သ လက္တီကိုရဲ႕ အေၾကာင္းျပခ်က္ကေတာ့ ျခားနားကြဲျပားတာကို ေတြ႕ရပါ တယ္။ အက္သလက္တီကိုပရိသတ္ေတြဟာ ကြင္းထဲကို ကတ္ထူျပားေတြ ယူေဆာင္လာခြင့္ရွိပါတယ္။ အဲဒီကတ္ထူျပားမွာ စာတန္းေရးၿပီး ကိုယ္ႏွစ္ သက္တဲ့ ကစားသမားရဲ႕ ဂ်ာစီကို ေတာင္းဆိုခြင့္ရွိေပမယ့္

ကစားသမားက တိုက္႐ိုက္ ေပးအပ္တာမ်ိဳးေတာ့ လုပ္ခြင့္မရွိေတာ့ပါဘူး။ ဂ်ာစီရယူလိုတဲ့ ပရိသတ္ဟ ပြဲအၿပီးမွာ အက္ပလီေကးရွင္းတစ္ခုထဲကို စာရင္းသြင္းဝင္ ေရာက္ရမွာျဖစ္ၿပီး ကစားသမားအမည္ေပါက္ ဂ်ာစီကို ေတာင္းဆိုရေတာ့မွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အက္သလက္တီကိုဟာ

အဲဒီလိုမ်ိဳး ဂ်ာစီ ေပးအပ္တဲ့ အစီအစဥ္ကို Momento Market အက္ပလီေကးရွင္းနဲ႔ ပူးတြဲ လုပ္ ေဆာင္ခိုင္းလို႔ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလုပ္ရပ္ဟာ ကစားသမားေတြအတြက္ တကယ့္ကို ေကာင္းမြန္သင့္ေတာ္တဲ့ အေျပာင္းအလဲျဖစ္လာမွာလားဆိုတာ ကေတာ့ မသိေသးပါဘူး။ ဂ်ာစီကို အက္ပလီေကးရွင္းကေနတစ္ဆင့္ပဲ ေတာင္းဆိုလို႔ရေတာ့မယ့္အေၾကာင္းကိုလည္း

အက္သလက္တီကိုက အသင္းဝက္ဘ္ဆိုက္ကေန တရားဝင္ ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။ ပြဲၿပီးတာနဲ႔ ပရိသတ္ေတြဟာ ကိုယ္ႏွစ္သက္တဲ့ ကစားသမားရဲ႕ ဂ်ာစီကို ေတာင္းယူခြင့္ ရွိတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္တုန္းက ေနာက္ခံလူ ဟာမိုဆို နဲ႔ ပရိသတ္ေတြၾကား

ထိပ္တိုက္ေတြ႕ခဲ့တဲ့ျဖစ္ရပ္ရွိခဲ့တဲ့အတြက္ေၾကာင့္ အခု လိုမ်ိဳး ကန႔္သတ္မႈေတြလုပ္ဖို႔ စိတ္ကူးရွိလာတာမ်ိဳး ျဖစ္ႏိုင္ေပမယ့္ လက္ေတြ႕ မွာေတာ့ အခက္အခဲေတြအမ်ားႀကီး ရွိေကာင္း ရွိေနႏိုင္ပါတယ္။