ကွင်းထဲမှာပျော်အောင်ထားပြီး ဂရုတစိုက်ဆွဲခေါ်လာနိုင်ရင် မက်ဆီကို ၂၀၂၆ ကမ္ဘာ့ဖလားအထိ မျှော်လင့်နိုင်တယ်လို့ စကာလိုနီ ယုံကြည်

အာဂျင်တီးနားကြယ်ပွင့်မက်ဆီဟာ ဘောလုံးလောကနဲ့ပတ်သတ်တဲ့လူတိုင်းကို ပျော်ရွှင်မှုပေးစွမ်းနိုင်သူဖြစ်တယ်လို့ နည်းပြစကာလိုနီက ချီးကျူးသွားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ မက်ဆီက ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပေမဲ့ စကာလိုနီကတော့ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ လာမယ့် ၄ နှစ်မှာကျင်းပမယ့်

၂၀၂၆ ကမ္ဘာ့ဖလားအထိ ပါဝင်ကစားပေးနိုင်သေးတယ်လို့ ယုံကြည်နေတာဖြစ်တယ်။ ဒီလိုဖြစ်လာဖို့အတွက် ကစားသမားဘက်က ‘ဂငယ်ကွေ့’ လိုခက်ခဲတဲ့

အလှည့်အပြောင်းတစ်ခုကိုကျော်ဖြတ်ရဖို့ရှိပေမဲ့ မျှော်လင့်လို့ရဆဲဖြစ်တယ်လို့ စကာလိုနီက ဆိုခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ အာဂျင်တီးနားအသင်းဟာ

၃၅ပွဲ ဆက်မရှုံးတဲ့စံချိန်တစ်ခုပိုင်ဆိုင်ထားပြီး ကာတာကမ္ဘာ့ဖလားအတွက်အသင့်ရှိနေ တာဖြစ်တယ်။ CNN Radio နဲ့တွေ့ဆုံမှုမှာ စကာလိုနီက

“မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်မလာဖို့မျှော်လင့်ပါတယ်။ သူကွင်းထဲမှာပျော်ရွှင်နေပြီး လူအများကိုလည်းပျော်ရွှင်အောင်လုပ်ပေးနိုင်ပါတယ်။

ငါ့တို့ဘက်က ဂရုတစိုက်နဲ့ဆွဲခေါ်လာနိုင်မယ်ဆိုရင် သူ့ဆီကနောက်ထပ်ဂိမ်းတွေ ထပ်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးလောကဟာ

ဒါကိုတောင်းဆိုနေလို့ပါ” လို့ ပြောဆိုထားပါတယ်။ အသက် ၃၅နှစ်အရွယ် မက်ဆီဟာ လက်ရှိမှာအမြင့်ဆုံးစွမ်းဆောင်ရည်အတွက်ကြိုးစားပေး

နိုင်စွမ်းရှိပေမဲ့ အသက် ၄၀ပြည့်ခါနီးအရွယ် မှာထပ်တူကျအောင်လုပ်ပြနိုင်ဖို့က အတော်လေးသံသယဖြစ်စရာတွေရှိနေပါတယ်။

လက်ရှိအာဂျင်တီးနားတိုက်စစ်မှာ လော်တာရိုမာတီနက်ဇ်၊ ဂျူလီယာအဲလ်ဗာရက်ဇ်၊ ဒိုင်ဘာလာ၊ ဆီမြွန်နီနဲ့ ဂျိုအာကွင်း ကော်ရီရာတို့လို

မျိုးဆက်တစ်ခုပိုင်ဆိုင်ထားပြီးဖြစ်လို့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အသက် ၄၀ ထဲဝင်ရောက်ဖို့ရှိနေတဲ့ မက်ဆီကိုနေရာပေးကစားဖို့ဆို တာအလွန်ပဲခက်ခဲပါလိမ့်မယ်။

“ဒီနေရာမှာ စိုးရိမ်စိတ်နဲ့ အာရုံခံမှုတွေထပ်တူကျ တယ်လို့ခံစားနေရပါတယ်…ဒါကနောက်ဆုံးဖြစ်မှာပါ” လို့ Star Plus နဲ့တွေ့ဆုံမှုမှာ မက်ဆီက ဖွင့်ဟထားပါတယ်။

(Zawgyi)

ကြင္းထဲမွာေပ်ာ္ေအာင္ထားၿပီး ဂ႐ုတစိုက္ဆြဲေခၚလာႏိုင္ရင္ မက္ဆီကို ၂၀၂၆ ကမာၻ႔ဖလားအထိ ေမွ်ာ္လင့္ႏိုင္တယ္လို႔ စကာလိုနီ ယုံၾကည္

အာဂ်င္တီးနားၾကယ္ပြင့္မက္ဆီဟာ ေဘာလုံးေလာကနဲ႔ပတ္သတ္တဲ့လူတိုင္းကိုေပ်ာ္႐ႊင္မႈေပးစြမ္းႏိုင္သူျဖစ္တယ္လို႔ နည္းျပစကာလိုနီက ခ်ီးက်ဴးသြားပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားဟာ

သူ႔ရဲ႕ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္တယ္လို႔ မက္ဆီက ထုတ္ေဖာ္ေျပာဆိုထားၿပီးျဖစ္ေပမဲ့ စကာလိုနီကေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ လာမယ့္ ၄ႏွစ္မွာက်င္းပမယ့္ ၂၀၂၆

ကမာၻ႔ဖလားအထိပါဝင္ကစားေပးႏိုင္ေသးတယ္လို႔ ယုံၾကည္ေနတာျဖစ္တယ္။ ဒီလိုျဖစ္လာဖို႔အတြက္ ကစားသမားဘက္က ‘ဂငယ္ေကြ႕’ လိုခက္ခဲတဲ့

အလွည့္အေျပာင္းတစ္ခုကိုေက်ာ္ျဖတ္ရဖို႔ရွိေပမဲ့ ေမွ်ာ္လင့္လို႔ရဆဲျဖစ္တယ္လို႔ စကာလိုနီက ဆိုခဲ့တာျဖစ္တယ္။ လက္ရွိမွာေတာ့ အာဂ်င္တီးနားအသင္းဟာ ၃၅ပြဲ

ဆက္မရႈံးတဲ့စံခ်ိန္တစ္ခုပိုင္ဆိုင္ထားၿပီး ကာတာကမာၻ႔ဖလားအတြက္အသင့္ရွိေန တာျဖစ္တယ္။ CNN Radio နဲ႔ေတြ႕ဆုံမႈမွာ စကာလိုနီက “မက္ဆီရဲ႕ေနာက္ဆုံးကမာၻ႔

ဖလားျဖစ္မလာဖို႔ေမွ်ာ္လင့္ပါတယ္။ သူကြင္းထဲမွာေပ်ာ္႐ႊင္ေနၿပီး လူအမ်ားကိုလည္းေပ်ာ္႐ႊင္ေအာင္လုပ္ေပးႏိုင္ပါတယ္။

ငါ့တို႔ဘက္က ဂ႐ုတစိုက္နဲ႔ဆြဲေခၚလာႏိုင္မယ္ဆိုရင္ သူ႔ဆီကေနာက္ထပ္ဂိမ္းေတြထပ္ရႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဘာလုံးေလာကဟာ

ဒါကိုေတာင္းဆိုေနလို႔ပါ” လို႔ ေျပာဆိုထားပါတယ္။ အသက္ ၃၅ႏွစ္အ႐ြယ္ မက္ဆီဟာ လက္ရွိမွာအျမင့္ဆုံးစြမ္းေဆာင္ရည္အတြက္ႀကိဳးစားေပး ႏိုင္စြမ္းရွိေပမဲ့

အသက္ ၄၀ျပည့္ခါနီးအ႐ြယ္မွာထပ္တူက်ေအာင္လုပ္ျပႏိုင္ဖို႔က အေတာ္ေလးသံသယျဖစ္စရာေတြရွိေနပါတယ္။ လက္ရွိအာဂ်င္တီးနားတိုက္စစ္မွာ ေလာ္တာ႐ိုမာတီနက္ဇ္၊

ဂ်ဴလီယာအဲလ္ဗာရက္ဇ္၊ ဒိုင္ဘာလာ၊ ဆီႁမြန္နီနဲ႔ ဂ်ိဳအာကြင္းေကာ္ရီရာတို႔လို မ်ိဳးဆက္တစ္ခုပိုင္ဆိုင္ထားၿပီးျဖစ္လို႔ ၂၀၂၆ ကမာၻ႔ဖလားမွာ အသက္ ၄၀ထဲဝင္ေရာက္ဖို႔ရွိေနတဲ့

မက္ဆီကိုေနရာေပးကစားဖို႔ဆို တာအလြန္ပဲခက္ခဲပါလိမ့္မယ္။ “ဒီေနရာမွာ စိုးရိမ္စိတ္နဲ႔ အာ႐ုံခံမႈေတြထပ္တူက်

တယ္လို႔ခံစားေနရပါတယ္…ဒါကေနာက္ဆုံးျဖစ္မွာပါ” လို႔ Star Plus နဲ႔ေတြ႕ဆုံမႈမွာ မက္ဆီက ဖြင့္ဟထားပါတယ္။