
ပီအက်စ်ဂျီနဲ့ ရီယာ့ဒ် All-Star XI အသင်းရဲ့ပွဲစဉ်ကတော့





ခြေစမ်းပွဲဆိုတဲ့အဆင့်ကိုကျော်လွန်ခဲ့ပြီး သွင်းဂိုးတွေနဲ့
ဖမ်းစားနိုင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ ပြင်သစ်ဘီလူးကြီးတွေက





၅-၄ နဲ့အနိုင်ရခဲ့ပေမဲ့ နှစ်သင်းကြားကွာဟချက်က ဇာတ်လမ်းတစ်ပုဒ်
လုပ်ပြောလို့ရတဲ့အနေအထားမှာ မရှိခဲ့ပါဘူး။ ပွဲစဉ်ကတော့
မယုံနိုင်စရာပြင်းထန်မှု၊ ဒေါသကြီးမှုတွေနဲ့အတူ King Fahd





အားကစားကွင်းထဲက လေထုကအရမ်းကိုတောက်ပလွန်းခဲ့ပါတယ်။
ဒါပေမဲ့ ပွဲမစခင်မှာ ရော်နယ်ဒိုနဲ့ ရာမို့စ်တို့စကားတွေဖလှယ်ခဲ့တဲ့





ဖြစ်ရပ်ကိုတော့ ခေါင်းကြီးပိုင်းမှာဖော်ပြမှုတွေရှိလာပါတယ်။
ပေါ်တူဂီစူပါစတားက စပိန်နောက်ခံလူကို နားကပ်တစ်ဖက်
ပါလာတယ်လို့ သတိပေးနေပုံရပါတယ်။ ဘောလုံးသမားတွေကို





သူတို့ကိုယ်တိုင်နဲ့ အခြားကစားသမားတွေကို အန္တရာယ်
ဖြစ်စေနိုင်တာကြောင့် လက်ဝတ်ရတနာတွေကို ဝတ်ဆင်ခွင့်





မပေးပါဘူး။ ရော်နယ်ဒိုသတိပေးလိုက်တဲ့အချိန်မှာတော့
နှစ်ဦးသားအကြည့်ချင်းဖလှယ်ပြီးရယ်မာကာ ရာမို့စ်က
နားကပ်ကိုချွတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ကို





ဒီလိုမြင်ရတာအံ့အားသင့်စရာတော့မဟုတ်ပါဘူး။
ရီးရဲလ်အသင်းနဲ့အတူ နှစ်အတန်ကြာဖြတ်သန်းခဲ့ကြတဲ့





အချိန်တွေအတွင်းမှာ ဥရောပဘောလုံးကိုလွှမ်းမိုးနိုင်ခဲ့ကြ
သူတွေဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၈ မှာ လူကာမိုဒရစ်
ဘလွန်းဒီအော်ရရှိပြီးတဲ့နောက် သူတို့နှစ်ယောက်ကြား





အချိန်အတော်ကြာတဲ့အထိစကားအပြောအဆို
မလုပ်တော့ဘူးလို့လည်း ထင်ကြေးပေးခဲ့ကြပါသေးတယ်။





စပိန်သတင်းစာ Marca ရဲ့အဆိုအရတော့ ရာမို့စ်နဲ့
ရီးရဲလ်အသင်းသားအချို့ဟာ မိုဒရစ် ဘလွန်းဒီအော်ရတာနဲ့
ပက်သတ်လို့ ရော်နယ်ဒိုရဲ့တုံ့ပြန်ပုံကိုသဘောမကျခဲ့ဘူးလို့





သိရပါတယ်။ အဲ့ဒီညပွဲစဉ်မှာတော့ ရော်နယ်ဒိုနဲ့ ရာမို့စ်ကြားမှာ
ဘယ်လိုအကွဲအပြဲဇာတ်တမ်းမှမရှိဘူးဆိုတာသေချာ





သွားခဲ့တာဖြစ်တယ်။ ပွဲအပြီးမှာလည်း သူတို့နှစ်ယောက်ဟာ
ပြုံးပြုံးရွှင်ရွှင်နဲ့အချိန်အတော်ကြာရှိနေခဲ့ကြပါတယ်။
ပရိသတ်တွေကတော့ ရာမို့စ်နဲ့ပက်သတ်လို့ ဂရုစိုက်ပေးခဲ့တဲ့





ရော်နယ်ဒိုရဲ့လုပ်ရပ်ကို သဘောကျနေတာပါ။
zawgyi





ကြင္းထဲကို နားကပ္တစ္ဖက္ဝတ္လာမိေတာ့မယ့္ ရာမို႔စ္ကို ေရာ္နယ္ဒို သတိေပးခဲ့
ပီအက္စ္ဂ်ီနဲ႔ ရီယာ့ဒ္ All-Star XI အသင္းရဲ႕ပြဲစဥ္ကေတာ့
ေျခစမ္းပြဲဆိုတဲ့အဆင့္ကိုေက်ာ္လြန္ခဲ့ၿပီး သြင္းဂိုးေတြနဲ႔





ဖမ္းစားႏိုင္ခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာ ျပင္သစ္ဘီလူးႀကီးေတြက
၅-၄ နဲ႔အႏိုင္ရခဲ့ေပမဲ့ ႏွစ္သင္းၾကားကြာဟခ်က္က ဇာတ္လမ္းတစ္ပုဒ္





လုပ္ေျပာလို႔ရတဲ့အေနအထားမွာ မရွိခဲ့ပါဘူး။ ပြဲစဥ္ကေတာ့
မယုံႏိုင္စရာျပင္းထန္မႈ၊ ေဒါသႀကီးမႈေတြနဲ႔အတူ King Fahd
အားကစားကြင္းထဲက ေလထုကအရမ္းကိုေတာက္ပလြန္းခဲ့ပါတယ္။





ဒါေပမဲ့ ပြဲမစခင္မွာ ေရာ္နယ္ဒိုနဲ႔ ရာမို႔စ္တို႔စကားေတြဖလွယ္ခဲ့တဲ့
ျဖစ္ရပ္ကိုေတာ့ ေခါင္းႀကီးပိုင္းမွာေဖာ္ျပမႈေတြရွိလာပါတယ္။





ေပၚတူဂီစူပါစတားက စပိန္ေနာက္ခံလူကို နားကပ္တစ္ဖက္
ပါလာတယ္လို႔ သတိေပးေနပုံရပါတယ္။ ေဘာလုံးသမားေတြကို
သူတို႔ကိုယ္တိုင္နဲ႔ အျခားကစားသမားေတြကို အႏၲရာယ္





ျဖစ္ေစႏိုင္တာေၾကာင့္ လက္ဝတ္ရတနာေတြကို ဝတ္ဆင္ခြင့္
မေပးပါဘူး။ ေရာ္နယ္ဒိုသတိေပးလိုက္တဲ့အခ်ိန္မွာေတာ့





ႏွစ္ဦးသားအၾကည့္ခ်င္းဖလွယ္ၿပီးရယ္မာကာ ရာမို႔စ္က
နားကပ္ကိုခြၽတ္လိုက္ပါတယ္။ သူတို႔ႏွစ္ေယာက္ကို
ဒီလိုျမင္ရတာအံ့အားသင့္စရာေတာ့မဟုတ္ပါဘူး။





ရီးရဲလ္အသင္းနဲ႔အတူ ႏွစ္အတန္ၾကာျဖတ္သန္းခဲ့ၾကတဲ့
အခ်ိန္ေတြအတြင္းမွာ ဥေရာပေဘာလုံးကိုလႊမ္းမိုးႏိုင္ခဲ့ၾက





သူေတြျဖစ္တယ္။ ဒါေပမဲ့ ၂၀၁၈ မွာ လူကာမိုဒရစ္
ဘလြန္းဒီေအာ္ရရွိၿပီးတဲ့ေနာက္ သူတို႔ႏွစ္ေယာက္ၾကား
အခ်ိန္အေတာ္ၾကာတဲ့အထိစကားအေျပာအဆို





မလုပ္ေတာ့ဘူးလို႔လည္း ထင္ေၾကးေပးခဲ့ၾကပါေသးတယ္။
စပိန္သတင္းစာ Marca ရဲ႕အဆိုအရေတာ့ ရာမို႔စ္နဲ႔





ရီးရဲလ္အသင္းသားအခ်ိဳ႕ဟာ မိုဒရစ္ ဘလြန္းဒီေအာ္ရတာနဲ႔
ပက္သတ္လို႔ ေရာ္နယ္ဒိုရဲ႕တုံ႔ျပန္ပုံကိုသေဘာမက်ခဲ့ဘူးလို႔
သိရပါတယ္။ အဲ့ဒီညပြဲစဥ္မွာေတာ့ ေရာ္နယ္ဒိုနဲ႔ ရာမို႔စ္ၾကားမွာ





ဘယ္လိုအကြဲအၿပဲဇာတ္တမ္းမွမရွိဘူးဆိုတာေသခ်ာ
သြားခဲ့တာျဖစ္တယ္။ ပြဲအၿပီးမွာလည္း သူတို႔ႏွစ္ေယာက္ဟာ





ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔အခ်ိန္အေတာ္ၾကာရွိေနခဲ့ၾကပါတယ္။
ပရိသတ္ေတြကေတာ့ ရာမို႔စ္နဲ႔ပက္သတ္လို႔ ဂ႐ုစိုက္ေပးခဲ့တဲ့
ေရာ္နယ္ဒိုရဲ႕လုပ္ရပ္ကို သေဘာက်ေနတာပါ။




