ကွင်းထဲကအထွက် ဒေါသတကြီးပြုမူခဲ့မှုအတွက် ရော်နယ်ဒို ပြန်လည်တောင်းပန်

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အဲဗာတန်နဲ့ပွဲအပြီး

ဥမင်လိုဏ်ခေါင်းထဲ အဝင်မှာ ဒေါသတကြီးပြုမူခဲ့မှုအတွက်
ပြန်လည်တောင်းပန်ခဲ့ပြီး သူ့အနေနဲ့ ပရိသတ်တစ်ဦးရဲ့ဖုန်းကို
ရိုက်ချခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။
ယူနိုက်တက်ကလည်း အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး
ရော်နယ်ဒိုအနေနဲ့ အဲဗာတန်ကို ၁-၀ ဂိုးနဲ့

အရေးနိမ့်ခဲ့ရပြီးနောက် ကွင်းထဲကပြန်အထွက်မှာ
သူ့ရဲ့ဒေါသကို ပေါက်ကွဲတဲ့အနေနဲ့
ပရိသတ်တစ်ဦးရဲ့ဖုန်းကို လက်နဲ့ရိုက်ချလိုက်တဲ့ပုံစံမျိုး တွေ့မြင်ခဲ့ရပါတယ်။
အဲဒီနောက် ရော်နယ်ဒိုက လူမှုမီဒီယာကနေ
ပြန်လည်တောင်းပန်သွားခဲ့ပြီး အားကစားဆိုင်ရာ

တရားမျှတမှုအတွက် အဲဒီပရိသတ်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ
ဘောလုံးပွဲတစ်ပွဲ လာကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
”အခု ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အရာလို ခက်ခဲတဲ့
ကာလတွေမှာ စိတ်ခံစားချက်ကို ထိန်းနိုင်ဖို့ဆိုတာ
ဘယ်တော့မှမလွယ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့

လှပတဲ့ဘောလုံးပွဲတွေကို ချစ်မြတ်နိုးတဲ့ လူငယ်တိုင်းကို
လေးစားရမယ်၊ စိတ်ရှည်ရမယ်၊ သူတို့အတွက် ကိုယ်က
အကောင်းဆုံးဥပမာဖြစ်နေရပါမယ်။
ကျွန်တော့်ရဲ့လုပ်ရပ်အတွက်လည်း တောင်းပန်လိုပါတယ်။
တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ

ပွဲလာကြည့်ဖို့ အဲဒီပရိသတ်ကို ဖိတ်ခေါ်လိုပါတယ်”လို့
ရော်နယ်ဒိုက သူ့ရဲ့လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

Zawgyi

ကြင္းထဲကအထြက္ ေဒါသတႀကီးျပဳမူခဲ့မႈအတြက္ ေရာ္နယ္ဒို ျပန္လည္ေတာင္းပန္
ယူႏုိက္တက္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ အဲဗာတန္နဲ႔ပြဲအၿပီး
ဥမင္လုိဏ္ေခါင္းထဲ အ၀င္မွာ ေဒါသတႀကီးျပဳမူခဲ့မႈအတြက္
ျပန္လည္ေတာင္းပန္ခဲ့ၿပီး သူ႕အေနနဲ႔ ပရိသတ္တစ္ဦးရဲ႕ဖုန္းကို
ရိုက္ခ်ခဲ့တယ္ဆိုၿပီး စြပ္စြဲခံေနရပါတယ္။

ယူႏိုက္တက္ကလည္း အဲဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနၿပီး
ေရာ္နယ္ဒိုအေနနဲ႔ အဲဗာတန္ကို ၁-၀ ဂိုးနဲ႔
အေရးနိမ့္ခဲ့ရၿပီးေနာက္ ကြင္းထဲကျပန္အထြက္မွာ
သူ႕ရဲ႕ေဒါသကို ေပါက္ကြဲတဲ့အေနနဲ႔
ပရိသတ္တစ္ဦးရဲ႕ဖုန္းကို လက္နဲ႔ရိုက္ခ်လုိက္တဲ့ပုံစံမ်ိဳး ေတြ႕ျမင္ခဲ့ရပါတယ္။

အဲဒီေနာက္ ေရာ္နယ္ဒိုက လူမႈမီဒီယာကေန
ျပန္လည္ေတာင္းပန္သြားခဲ့ၿပီး အားကစားဆုိင္ရာ
တရားမွ်တမႈအတြက္ အဲဒီပရိသတ္ကို အုိးထရက္ဖို႔ဒ္ကြင္းမွာ
ေဘာလုံးပြဲတစ္ပြဲ လာၾကည့္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။
”အခု ကၽြန္ေတာ္တုိ႔ရင္ဆုိင္ေနရတဲ့အရာလို ခက္ခဲတဲ့

ကာလေတြမွာ စိတ္ခံစားခ်က္ကို ထိန္းႏိုင္ဖို႔ဆုိတာ
ဘယ္ေတာ့မွမလြယ္ပါဘူး။ ဘယ္လုိပဲျဖစ္ျဖစ္ ကၽြန္ေတာ္တုိ႔အေနနဲ႔
လွပတဲ့ေဘာလုံးပဲြေတြကို ခ်စ္ျမတ္ႏိုးတဲ့ လူငယ္တုိင္းကို
ေလးစားရမယ္၊ စိတ္ရွည္ရမယ္၊ သူတို႔အတြက္ ကိုယ္က
အေကာင္းဆုံးဥပမာျဖစ္ေနရပါမယ္။

ကၽြန္ေတာ့္ရဲ႕လုပ္ရပ္အတြက္လည္း ေတာင္းပန္လုိပါတယ္။
တကယ္လုိ႔ ျဖစ္ႏိုင္မယ္ဆိုရင္ အိုးထရက္ဖို႔ဒ္မွာ
ပြဲလာၾကည့္ဖို႔ အဲဒီပရိသတ္ကို ဖိတ္ေခၚလုိပါတယ္”လုိ႔
ေရာ္နယ္ဒိုက သူ႕ရဲ႕လူမႈမီဒီယာမွာ ေရးသားခဲ့ပါတယ္။