ကွင်းထဲကဘောလုံးကို လသာဆောင်ထဲရောက်အောင် ကန်ထည့်ခဲ့တဲ့ ဗယ်လ်ဗာဒီ

ဗယ်လီကာနိုကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာတော့ ရီးရဲလ်အတွက် ပွဲဆက်ဂိုးသွင်းပေးနေတဲ့ ဗယ်လ်ဗာဒီကန်ချက်က ဂိုးပိုက်ထဲမရောက်ခဲ့ဘဲ

သူများအိမ်လသာဆောင်ထဲရောက်သွားခဲ့ပါတယ်။ ဒီရာသီလာလီဂါမှာ အထင်ကြီးလောက်စရာခြေစွမ်းပြသခဲ့တဲ့ ရီးရဲလ်ဟာ

ဗယ်လီကာနိုကိုမထင်မှတ်ဘဲရှုံးသွားခဲ့တာဖြစ် တယ်။ ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ဗယ်လေကာနိုအသင်းဟာ သမိုင်းဝင်နိုင်ပွဲအတွက်

အလွန်ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။ ပရိသတ် ၁၄၀၀၀ သာဝင်ဆံ့တဲ့ ဗယ်လီကာနိုရဲ့ ကွင်းပတ်ချာလည်မှာတော့ လူနေအိမ်အများစု ရှိနေခဲ့တာဖြစ်တယ်။

ဒါကြောင့် ရီးရဲလ်နဲ့ပွဲစဉ်မှာ ရယ်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကို အမှတ်မထင်မြင်တွေ့ခဲ့ရတာပါ။ ပြီးခဲ့တဲ့ ရာသီမှာ ရီးရဲလ်အတွက် ၄ ဂိုးသာသွင်းနိုင်တဲ့

ဥရုဂွေးကွင်းလယ်လူဗယ်လ်ဗာဒီဟာ ဒီရာသီမှာအမြင့်ဆုံးခြေစွမ်းပြနေပြီး သူ့ရဲ့အားပါလှတဲ့ကန်ချက်တွေက ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုးဖြစ်နေပါတယ်။

ဒီပွဲမှာတော့ ဗယ်လ်ဗာဒီရဲ့ကန်ချက်ဟာ ကွင်းပြင်အထိလျှံထွက်ခဲ့ပြီး လသာဆောင်ပေါ်က လူငယ် ၃ယောက် ထဲက တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ အဆုံးသတ်ခဲ့တာဖြစ်တယ်။

အသက် ၂၄နှစ်အရွယ်ကစားသမားဟာ သူ့ကန်ချက်ကိုစိတ်ပျက်ခဲ့ပေမဲ့ လသာဆောင်ပေါ်က လူငယ်တွေကတော့ ဆုတံဆိပ်တစ်ခုရသလိုဖြစ်ခဲ့ပြီး ဝမ်းသာအားရဖြစ်ခဲ့တာပါ။

ဒါကိုမြင်ခဲ့တဲ့ ပရိသတ်တစ်ယောက်က “ဘရို…ဗယ်လ်ဗာဒီသာ ငါ့လသာဆောင်ထဲကန်ထည့်ခဲ့မယ် ဆိုရင် သေလောက်အောင်ကိုပျော်မိမှာ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒုတိယတစ် ယောက်ကတော့ “ဒီလိုအဖြစ်အပျက်မျိုးတစ်ခါမှ မမြင်ဖူးဘူး” လို့ တွစ်တာမှာ ရေးသားခဲ့သလို တတိယတစ်ယောက်က “ဒီဘောလုံးပြန်ရဖို့တော့

အခွင့်အရေးမရှိ နိုင်ဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ရီးရဲလ်နည်းပြအန်ဆလော့တီကတော့ ဒီပွဲမှာ ကစားသမားတွေအာရုံစိုက်မှုမလျော့ခဲ့ပေမဲ့

ပွဲဆက်များပြီးလန်းဆန်းတက်ကြွမှုမရှိ ခဲ့ဘူးလို့ ဆိုသွားပါတယ်။

(Zawgyi)

ကြင္းထဲကေဘာလုံးကို လသာေဆာင္ထဲေရာက္ေအာင္ကန္ထည့္ခဲ့တဲ့ ဗယ္လ္ဗာဒီ

ဗယ္လီကာႏိုကို အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာေတာ့ ရီးရဲလ္အတြက္ ပြဲဆက္ဂိုးသြင္းေပးေနတဲ့ ဗယ္လ္ဗာဒီကန္ခ်က္က ဂိုးပိုက္ထဲမေရာက္ခဲ့ဘဲ သူမ်ားအိမ္လသာေဆာင္ထဲေရာက္သြားခဲ့ပါတယ္။

ဒီရာသီလာလီဂါမွာ အထင္ႀကီးေလာက္စရာေျခစြမ္းျပသခဲ့တဲ့ ရီးရဲလ္ဟာ ဗယ္လီကာႏိုကိုမထင္မွတ္ဘဲရႈံးသြားခဲ့တာျဖစ္ တယ္။ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ဗယ္ေလကာႏိုအသင္းဟာ

သမိုင္းဝင္ႏိုင္ပြဲအတြက္ အလြန္ေပ်ာ္႐ႊင္စြာေအာင္ပြဲခံခဲ့ၾကပါတယ္။ ပရိသတ္ ၁၄၀၀၀ သာဝင္ဆံ့တဲ့ ဗယ္လီကာႏိုရဲ႕ကြင္းပတ္ခ်ာလည္မွာေတာ့ လူေနအိမ္အမ်ားစုရွိေနခဲ့တာျဖစ္တယ္။

ဒါေၾကာင့္ ရီးရဲလ္နဲ႔ပြဲစဥ္မွာ ရယ္စရာေကာင္းတဲ့အျဖစ္အပ်က္တစ္ခုကို အမွတ္မထင္ျမင္ေတြ႕ခဲ့ရတာပါ။

ၿပီးခဲ့တဲ့ ရာသီမွာ ရီးရဲလ္အတြက္ ၄ဂိုးသာသြင္းႏိုင္တဲ့ ဥ႐ုေဂြးကြင္းလယ္လူဗယ္လ္ဗာဒီဟာ ဒီရာသီမွာအျမင့္ဆုံးေျခစြမ္းျပေနၿပီး

သူ႔ရဲ႕အားပါလွတဲ့ကန္ခ်က္ေတြက ၿပိဳင္ဘက္ ေတြအတြက္အိပ္မက္ဆိုးျဖစ္ေနပါတယ္။ ဒီပြဲမွာေတာ့ ဗယ္လ္ဗာဒီရဲ႕ကန္ခ်က္ဟာ ကြင္းျပင္အထိလွ်ံထြက္ခဲ့ၿပီး

တစ္စုံတစ္ေယာက္ရဲ႕လသာေဆာင္ေပၚက လူငယ္ ၃ေယာက္ လက္ထဲမွာအဆုံးသတ္ခဲ့တာျဖစ္တယ္။ အသက္ ၂၄ႏွစ္အ႐ြယ္ကစားသ မား သူ႔ကန္ခ်က္ကိုစိတ္ပ်က္ခဲ့ေပမဲ့

လသာေဆာင္ေပၚကလူငယ္ေတြကေတာ့ဆုတံ ဆိပ္တစ္ခုရသလိုျဖစ္ခဲ့ၿပီး ဝမ္းသာအားရျဖစ္ခဲ့တာပါ။ ဒါကိုျမင္ခဲ့တဲ့ ပရိသတ္တစ္ေယာက္က “ဘ႐ို…ဗယ္လ္ဗာဒီသာ ငါ့လသာေဆာင္ထဲကန္ထည့္ခဲ့မယ္

ဆိုရင္ ေသေလာက္ေအာင္ကိုေပ်ာ္မိမွာ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒုတိယတစ္ ေယာက္ကေတာ့ “ဒီလိုအျဖစ္အပ်က္မ်ိဳးတစ္ခါမွ မျမင္ဖူးဘူး” လို႔ တြစ္တာမွာ ေရးသားခဲ့သလို တတိယတစ္ေယာက္က

“ဒီေဘာလုံးျပန္ရဖို႔ေတာ့ အခြင့္အေရးမရွိ ႏိုင္ဘူး” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ရီးရဲလ္နည္းျပအန္ဆေလာ့တီကေတာ့ ဒီပြဲမွာ ကစားသမားေတြအာ႐ုံစိုက္မႈမေလ်ာ့ခဲ့ေပမဲ့

ပြဲဆက္မ်ားၿပီးလန္းဆန္းတက္ႂကြမႈမရွိ ခဲ့ဘူးလို႔ ဆိုသြားပါတယ္။