ကွင်းထဲကထွက်သွားတဲ့ ရော်နယ်ဒိုကိစ္စ မနက်ဖြန်ဆွေးနွေးမယ်ဆိုတဲ့ တန်ဟတ်

မန်ယူက စပါးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် မိနစ် ၉၀ တောင်မရှိသေးဘဲနဲ့ ကွင်းထဲက ထွက်သွားခဲ့တဲ့ စီရော်နယ်ဒိုရဲ့ကိစ္စကို မနက်ဖြန်မှာ ဆွေးနွေးမယ်လို့ နည်းပြအဲရစ်တန်ဟတ်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ သရေကျတဲ့ပွဲစဉ်မှာ ခြေစွမ်း မပြနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုဟာ စပါးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အရန် ခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

နောက်ပြီး အဆင့် ၃ နေရာက စပါးကို ဖရက်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သရဲနီတွေ သင်ခန်းစာ ကောင်း ကောင်းပေးတဲ့ပွဲကိုလည်း ပေါ်တူဂီသားက တစ်ချိန်လုံး ထိုင်ကြည့်နေခဲ့ရတာပါ။

နည်းပြတန်ဟတ်ဟာ လူစားလဲမှုတွေ လုပ်တဲ့နေရာမှာလည်း အီလန်ဂါ၊ တွမ်မီနေးနဲ့ အဲရစ်ဆင်တို့ကိုသာ ထည့်သွင်းခဲ့ပြီး စီရော်နယ်ဒိုကိုတော့ အရန် ခုံမှာပဲ အချိန်ကုန်စေခဲ့ပါတယ်။

ဒါကြောင့် စီရော်နယ်ဒိုဟာ ပွဲပြီးတဲ့အချိန် အထိ မစောင့်တောဘဲ အသင်းရဲ့ အဝတ်လဲခန်းထဲကို တချိုးတည်း လစ်ထွက်သွားခဲ့တာပါ။

အမှန်ကတော့ သူထွက်သွားတဲ့အချိန်မှာ မန်ယူဟာ လူစားလဲခွင့် ၂ ကြိမ် ကျန်နေပါသေးတယ်။ ဒါကို ပေါ်တူဂီတိုက်စစ်မှူးက မျက်ကွက်ပြု မသိချင်ယောင်ဆောင်ပြီး လစ်သွားခဲ့တဲ့အပေါ် နည်းပြတန် ဟတ်တစ်ယောက် ဒေါသထွက်ခဲ့ပါတယ်။

ဒါကြောင့် ဒီကိစ္စကို မနက်ဖြန်မှာ ဆွေးနွေးမယ်လို့ တန်ဟတ်က Amazon Prime သတင်းအစီအစဉ်ကို ပွဲအပြီး မှာ ပြောဆိုခဲ့ပါတယ်။

‘’ဒီကိစ္စကို မနက်ဖြန်မှာ ကျွန်တော် ဆွေးနွေးသွားပါ မယ်။ ဒီနေ့မှာတော့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် ကျေနပ်နေတာ ပါ။

ဒီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ကျေနပ်ရသလို အောင်ပွဲလည်း ခံနေတာပါ။ အခု ဒီကိစ္စကနေပြီး ကျွန်တော်တို့ သတိပြန်လည်ရမယ်။ ရှေ့မှာ ချဲလ်ဆီးနဲ့ ကစားမယ့် ပွဲကြီးတစ်ပွဲ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ဟာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ်’’ လို့ တန်ဟတ်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ကြင္းထဲကထြက္သြားတဲ့ ေရာ္နယ္ဒုိကိစၥ မနက္ျဖန္ေဆြးေႏြးမယ္ဆုိတဲ့ တန္ဟတ္

မန္ယူက စပါးကုိ ၂-၀ ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ပြဲစဥ္မွာ ပြဲခ်ိန္ မိနစ္ ၉၀ ေတာင္ မရွိေသးဘဲနဲ႔ ကြင္းထဲက ထြက္သြားခဲ့တဲ့ စီေရာ္နယ္ဒုိရဲ႕ကိစၥကုိ မနက္ျဖန္မွာ ေဆြးေႏြးမယ္လုိ႔ နည္းျပအဲရစ္တန္ဟတ္က ေျပာဆုိလုိက္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ သေရက်တဲ့ပြဲစဥ္မွာ ေျခစြမ္း မျပႏုိင္ခဲ့တာေၾကာင့္ စီေရာ္နယ္ဒုိဟာ စပါးနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ အရန္ ခုံမွာပဲ အခ်ိန္ကုန္ခဲ့ရပါတယ္။

ေနာက္ၿပီး အဆင့္ ၃ ေနရာက စပါးကုိ ဖရက္နဲ႔ ဖာနန္ဒက္စ္တုိ႔ရဲ႕ သြင္းဂုိးေတြနဲ႔အတူ သရဲနီေတြ သင္ခန္းစာ ေကာင္း ေကာင္းေပးတဲ့ပြဲကုိလည္း ေပၚတူဂီသားက တစ္ခ်ိန္လုံး ထုိင္ၾကည့္ေနခဲ့ရတာပါ။

နည္းျပတန္ဟတ္ဟာ လူစားလဲမႈေတြ လုပ္တဲ့ေနရာမွာလည္း အီလန္ဂါ၊ တြမ္မီေနးနဲ႔ အဲရစ္ဆင္တုိ႔ကုိသာ ထည့္သြင္းခဲ့ၿပီး စီေရာ္နယ္ဒုိကုိေတာ့ အရန္ ခုံမွာပဲ အခ်ိန္ကုန္ေစခဲ့ပါတယ္။

ဒါေၾကာင့္ စီေရာ္နယ္ဒုိဟာ ပြဲၿပီးတဲ့အခ်ိန္ အထိ မေစာင့္ေတာဘဲ အသင္းရဲ႕ အ၀တ္လဲခန္းထဲကုိ တခ်ဳိးတည္း လစ္ ထြက္သြားခဲ့တာပါ။

အမွန္ကေတာ့ သူထြက္သြားတဲ့အခ်ိန္မွာ မန္ယူဟာ လူစားလဲခြင့္ ၂ ႀကိမ္ က်န္ေနပါေသးတယ္။

ဒါကုိ ေပၚတူဂီတုိက္စစ္မွဴးက မ်က္ကြက္ျပဳ မသိခ်င္ေယာင္ေဆာင္ၿပီး လစ္သြားခဲ့တဲ့အေပၚ နည္းျပတန္ ဟတ္တစ္ေယာက္ ေဒါသထြက္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီကိစၥကုိ မနက္ျဖန္မွာ ေဆြးေႏြးမယ္လုိ႔ တန္ဟတ္က Amazon Prime သတင္းအစီအစဥ္ကုိ ပြဲအၿပီး မွာ ေျပာဆုိခဲ့ပါတယ္။

‘’ဒီကိစၥကုိ မနက္ျဖန္မွာ ကၽြန္ေတာ္ ေဆြးေႏြးသြားပါ မယ္။ ဒီေန႔မွာေတာ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ေက်နပ္ေနတာပါ။

ဒီစြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ စိတ္ေက်နပ္ ရသလုိ ေအာင္ပြဲလည္း ခံေနတာပါ။ အခု ဒီကိစၥကေနၿပီး ကၽြန္ေတာ္တုိ႔ သတိျပန္လည္ရမယ္။ ေရွ႕မွာ ခ်ဲလ္ဆီးနဲ႔ ကစားမယ့္ ပြဲႀကီးတစ္ပြဲ ရွိေနပါ တယ္။ ပရီးမီးယားလိဂ္ဟာ အရမ္းကုိ စိတ္လႈပ္ရွားစရာ ေကာင္းလြန္းတယ္’’ လုိ႔ တန္ဟတ္က ေျပာဆုိသြားခဲ့ပါတယ္။