ကွင်းတွင်းကျူးကျော်ဝင်ရောက်လာသူကြောင့် ဒဏ်ရာရသွားနိုင်တဲ့အခြေအနေကို ရော်နယ်ဒို သတိကြီးကြီးရှောင်တိမ်းခဲ့ရ

အယ်လ်နက်ဆာတိုက်စစ်မှူးရော်နယ်ဒိုဟာ ကွင်းအတွင်းကျူးကျော်ဝင်ရောက်လာသူ

တစ်ယောက်ကြောင့် ဒဏ်ရာရသွားနိုင်တဲ့ အနေအထားတစ်ရပ်ကြုံခဲ့တယ်လို့

The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ်

ပေါ်တူဂီစူပါစတားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့ပြီးနောက်

အယ်လ်နက်ဆာအတွက် အကျိုးသက်ရောက်မှုတွေပြုလုပ်ပေးထားနိုင်ပြီဖြစ်တယ်။

အခုဆိုရင်တော့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အတွက် ၄ပွဲ ကစားအပြီးမှာ

၅ ဂိုးသွင်း၊ ၂ ကြိမ် ဖန်တီးပေးထားနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့

GOAT တစ်ယောက်ဟာ Al-Taawoun နဲ့ပွဲစဉ်မတိုင်ခင်မှာ ဒဏ်ရာရဖို့အတော်လေး

နီးနီးစပ်စပ်ရှိခဲ့တာဖြစ်တယ်။ ပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်မှာ

ပရိသတ်တစ်ယောက်ဟာ ချန်ပီယံလိဂ်ဆုဖလားနဲ့ ဘလွန်းဒီအော်ဆု ၅ကြိမ်ရှင်ကို

တွေ့ဆုံခွင့်ရဖို့မျှော်လင့်ချက်နဲ့ ကွင်းထဲပြေးဝင်လာခဲ့ပါတယ်။

ပရိသတ်ဟာ အားကုန်ပြေးလာခဲ့တာကြောင့် အယ်လ်နက်ဆာကြယ်ပွင့်တွေနဲ့

အတူရှိနေတဲ့ ရော်နယ်ဒိုရဲ့ရှေ့တည့်တည့်မှာခြေချော်လဲကျခဲ့တာဖြစ်တယ်။

ရော်နယ်ဒိုဟာ သူ့ရှေ့မှာအရှိန်ပြင်းပြင်းလဲကျလာတဲ့ ပရိသတ်ကိုရှောင်ထွက်

သွားနိုင်ခဲ့သလို သူ့နောက်လိုက်နေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးနဲ့ပါ မထိခိုက်အောင်

သတိရှိရှိရှောင်ထွက်သွားနိုင်ခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာ ဒဏ်ရာရဖို့နီးစပ်ခဲ့တဲ့

ရော်နယ်ဒိုဟာ ဒီအခြေအနေတွေကိုမျက်ကွယ်ပြုနိုင်ခဲ့ပြီး Al-Taawoun နဲ့

ပွဲစဉ်မှာရရှိခဲ့တဲ့သွင်းဂိုး ၂ ဂိုး စလုံးကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်တယ်။

zawgyi

ကြင္းတြင္းက်ဴးေက်ာ္ဝင္ေရာက္လာသူေၾကာင့္ ဒဏ္ရာရသြားႏိုင္တဲ့အေျခအေနကို ေရာ္နယ္ဒို သတိႀကီးႀကီးေရွာင္တိမ္းခဲ့ရ

အယ္လ္နက္ဆာတိုက္စစ္မႉးေရာ္နယ္ဒိုဟာ ကြင္းအတြင္းက်ဴးေက်ာ္ဝင္ေရာက္လာသူ

တစ္ေယာက္ေၾကာင့္ ဒဏ္ရာရသြားႏိုင္တဲ့ အေနအထားတစ္ရပ္ႀကဳံခဲ့တယ္လို႔

The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။ အသက္ ၃၈ ႏွစ္အ႐ြယ္

ေပၚတူဂီစူပါစတားဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္လာခဲ့ၿပီးေနာက္

အယ္လ္နက္ဆာအတြက္ အက်ိဳးသက္ေရာက္မႈေတြျပဳလုပ္ေပးထားႏိုင္ၿပီျဖစ္တယ္။

အခုဆိုရင္ေတာ့ ေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္အတြက္ ၄ပြဲ ကစားအၿပီးမွာ

၅ ဂိုးသြင္း၊ ၂ ႀကိမ္ ဖန္တီးေပးထားႏိုင္ပါတယ္။ အျခားတစ္ဖက္မွာေတာ့

GOAT တစ္ေယာက္ဟာ Al-Taawoun နဲ႔ပြဲစဥ္မတိုင္ခင္မွာ ဒဏ္ရာရဖို႔အေတာ္ေလး

နီးနီးစပ္စပ္ရွိခဲ့တာျဖစ္တယ္။ ပြဲမစတင္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ

ပရိသတ္တစ္ေယာက္ဟာ ခ်န္ပီယံလိဂ္ဆုဖလားနဲ႔ ဘလြန္းဒီေအာ္ဆု ၅ႀကိမ္ရွင္ကို

ေတြ႕ဆုံခြင့္ရဖို႔ေမွ်ာ္လင့္ခ်က္နဲ႔ ကြင္းထဲေျပးဝင္လာခဲ့ပါတယ္။

ပရိသတ္ဟာ အားကုန္ေျပးလာခဲ့တာေၾကာင့္ အယ္လ္နက္ဆာၾကယ္ပြင့္ေတြနဲ႔

အတူရွိေနတဲ့ ေရာ္နယ္ဒိုရဲ႕ေရွ႕တည့္တည့္မွာေျခေခ်ာ္လဲက်ခဲ့တာျဖစ္တယ္။

ေရာ္နယ္ဒိုဟာ သူ႔ေရွ႕မွာအရွိန္ျပင္းျပင္းလဲက်လာတဲ့ ပရိသတ္ကိုေရွာင္ထြက္

သြားႏိုင္ခဲ့သလို သူ႔ေနာက္လိုက္ေနတဲ့ လုံၿခဳံေရးဝန္ထမ္းတစ္ဦးနဲ႔ပါ မထိခိုက္ေအာင္

သတိရွိရွိေရွာင္ထြက္သြားႏိုင္ခဲ့ပါတယ္။ ပြဲမတိုင္ခင္မွာ ဒဏ္ရာရဖို႔နီးစပ္ခဲ့တဲ့

ေရာ္နယ္ဒိုဟာ ဒီအေျခအေနေတြကိုမ်က္ကြယ္ျပဳႏိုင္ခဲ့ၿပီး Al-Taawoun နဲ႔

ပြဲစဥ္မွာရရွိခဲ့တဲ့သြင္းဂိုး ၂ ဂိုး စလုံးကိုဖန္တီးေပးႏိုင္ခဲ့တာျဖစ္တယ္။