ကြွက်မနိုင်လို့ ကျီမီးနဲ့ရှို့တဲ့ မန်ယူပရိသတ်တွေဆိုပြီး ချဲလ်ဆီးပရိ သတ်တွေ ဝုန်းပြီ

ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခွဲခြားဆက်ဆံတဲ့ အပြုအမူတွေ လုပ်ဆောင် ခဲ့တဲ့ မန်ယူပရိသတ် တချို့ရဲ့ အပြုအမူအပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြစ်တင်ရှုတ်ချလိုက်ပြီဖြစ်ပါတယ်။

နောက်ပြီး ဒီလို အပြု အမူတွေဟာ ဘောလုံးအားကစားရပ်ဝန်းအတွက် လက်မခံနိုင်စရာ ဖြစ်ရ တယ်လို့လည်း ချဲလ်ဆီးအသင်းဘက်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီး-မန်ယူ ပွဲစဉ်မှာ ဧည့်သည် အသင်း ပရိသတ်တွေဟာ ပထမပိုင်းအပြီး တစ်ဖြတ်နားချိန်မှာ အခုလိုမျိုး ခွဲခြားဆက်ဆံတဲ့ အသုံးအနှုန်းတွေကို အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို အဖြစ်အပျက်မျိုးတွေရှိခဲ့တဲ့အတွက် ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာရော မန်ယူနည်းပြ အဲရစ်တန်ဟတ်ကပါ စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြော ခဲ့ပြီး ဒီလို လုပ်ရပ်မျိုးတွေကို နှိမ်နှင်းသွားမှာ ဖြစ်တယ်လို့ အက်ဖ်အေက ထုတ်ပြန်ပါတယ်။

‘’ယောက်ျား-ာသည်ဆိုတဲ့ အသုံးအနှုန်းကို သုံးခဲ့တဲ့အ တွက် အက်ဖ်အေက ပြင်းပြင်းထန်ထန်ကို ရှုတ်ချပါတယ်။

နောက်ပြီး ကျွန် တော်တို့ရဲ့ အားကစားပွဲတွေမှာ ဒါမျိုးတွေ မရှိအောင် သုတ်သင်ပစ်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။

အခုလို အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး ဗြိတိန်ရဲ့ အားကစားရေးရာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်သလို အစိုးရတရားရေးဌာနနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်’’ လို့ အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

နောက်ပြီး လိင် တူဆက်ဆံသူတွေအပေါ် အခုလိုမျိုး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ခွဲခြားဆက် ဆံတဲ့ အပြုအမူတွေလုပ်ခဲ့တဲ့ မန်ယူပရိသတ် တစ်ယောက်ချင်းစီတိုင်းကို လည်း ရှုတ်ချတယ်လို့ ချဲလ်ဆီးက ထုတ်ပြန်ခဲ့ပါတယ်။

‘’လုံးဝကို လက်ခံပေး လို့မရတဲ့ ခွဲခြားဆက်ဆံမှု ပုံစံမျိုးစုံကို ချဲလ်ဆီးအသင်းအနေနဲ့ တွေ့မြင်ခဲ့ရပြီး တချို့လူတွေ သုံးနှုန်းပြောဆိုခဲ့တဲ့ ဝေါဟာရတွေအပေါ်မှာ ချဲလ်ဆီးအသင်းက ရှုတ်ချပါတယ်။

ကျွန်တော်တို့ဟာ Stonewall’s Rainbow Lace လှုပ်ရှား မှုအပေါ် ထောက်ခံရတာကို ဂုဏ်ယူဝံ့ကြွားပြီး ဒီကနေ့ အဖြစ်အချက်က တော့ အားလုံးအတွက် ဘောလုံးပွဲတွေမှာ ကျွန်တော်တို့ ပိုပြီး အားစိုက်လုပ် ရတော့မယ်ဆိုတာ သက်သေပြနေပါတယ်’’ လို့ ချဲလ်ဆီးအသင်းကလည်း ကြေညာခဲ့ပါတယ်။

အခုလိုမျိုး မန်ယူပရိသတ်တချို့ရဲ့ လုပ်ရပ်ကြောင့် အိမ် ရှင်ပရိသတ်တွေကတော့ မန်ချက်စတာကလပ် အားပေးသူတချို့ဟာ ကြွက် မနိုင်လို့ ကျီမီးနဲ့ရှှို့တာလို့ စွပ်စွဲနေကြပြီဖြစ်ပါတယ်။

(Zawgyi)

ႂကြက္မႏိုင္လို႔ က်ီမီးနဲ႔ရႈိ႕တဲ့ မန္ယူပရိသတ္ေတြဆိုၿပီး ခ်ဲလ္ဆီးပရိ သတ္ေတြ ၀ုန္းပျီ

ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ခြဲျခားဆက္ဆံတဲ့ အျပဳအမူေတြ လုပ္ေဆာင္ ခဲ့တဲ့ မန္ယူပရိသတ္ တခ်ိဳ႕ရဲ႕ အျပဳအမူအေပၚ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြက ျပစ္တင္ရႈတ္ခ်လိုက္ၿပီျဖစ္ပါတယ္။

ေနာက္ၿပီး ဒီလို အျပဳ အမူေတြဟာ ေဘာလုံးအားကစားရပ္ဝန္းအတြက္ လက္မခံႏိုင္စရာ ျဖစ္ရ တယ္လို႔လည္း ခ်ဲလ္ဆီးအသင္းဘက္က တရားဝင္ ထုတ္ျပန္ခဲ့ပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်ဲလ္ဆီး-မန္ယူ ပြဲစဥ္မွာ ဧည့္သည္ အသင္း ပရိသတ္ေတြဟာ ပထမပိုင္းအၿပီး တစ္ျဖတ္နားခ်ိန္မွာ အခုလိုမ်ိဳး ခြဲျခားဆက္ဆံတဲ့ အသုံးအႏႈန္းေတြကို ေအာ္ဟစ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီလို အျဖစ္အပ်က္မ်ိဳးေတြရွိခဲ့တဲ့အတြက္ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ေပၚတာေရာ မန္ယူနည္းျပ အဲရစ္တန္ဟတ္ကပါ စိတ္မေကာင္းျဖစ္ရတယ္လို႔ ထုတ္ေျပာ ခဲ့ၿပီး ဒီလို လုပ္ရပ္မ်ိဳးေတြကို ႏွိမ္ႏွင္းသြားမွာ ျဖစ္တယ္လို႔ အက္ဖ္ေအက ထုတ္ျပန္ပါတယ္။

‘’ေယာက္်ား-ာသည္ဆိုတဲ့ အသုံးအႏႈန္းကို သုံးခဲ့တဲ့အ တြက္ အက္ဖ္ေအက ျပင္းျပင္းထန္ထန္ကို ရႈတ္ခ်ပါတယ္။ ေနာက္ၿပီး ကြၽန္ ေတာ္တို႔ရဲ႕ အားကစားပြဲေတြမွာ ဒါမ်ိဳးေတြ မရွိေအာင္ သုတ္သင္ပစ္ဖို႔အတြက္ စိတ္ပိုင္းျဖတ္ထားၿပီးျဖစ္ပါတယ္။

အခုလို အသုံးအႏႈန္းေတြနဲ႔ပတ္သက္ၿပီး ၿဗိတိန္ရဲ႕ အားကစားေရးရာ ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္သလို အစိုးရတရားေရးဌာနနဲ႔လည္း အနီးကပ္ ပူးေပါင္းေဆာင္႐ြက္သြားမွာ ျဖစ္ပါ တယ္’’ လို႔ အက္ဖ္ေအရဲ႕ ထုတ္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။

ေနာက္ၿပီး လိင္ တူဆက္ဆံသူေတြအေပၚ အခုလိုမ်ိဳး စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ ခြဲျခားဆက္ ဆံတဲ့ အျပဳအမူေတြလုပ္ခဲ့တဲ့ မန္ယူပရိသတ္ တစ္ေယာက္ခ်င္းစီတိုင္းကို လည္း ရႈတ္ခ်တယ္လို႔ ခ်ဲလ္ဆီးက ထုတ္ျပန္ခဲ့ပါတယ္။

‘’လုံးဝကို လက္ခံေပး လို႔မရတဲ့ ခြဲျခားဆက္ဆံမႈ ပုံစံမ်ိဳးစုံကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေတြ႕ျမင္ခဲ့ရၿပီး တခ်ိဳ႕လူေတြ သုံးႏႈန္းေျပာဆိုခဲ့တဲ့ ေဝါဟာရေတြအေပၚမွာ ခ်ဲလ္ဆီးအသင္း က ရႈတ္ခ်ပါတယ္။

ကြၽန္ေတာ္တို႔ဟာ Stonewall’s Rainbow Lace လႈပ္ရွား မႈအေပၚ ေထာက္ခံရတာကို ဂုဏ္ယူဝံ့ႂကြားၿပီး ဒီကေန႔ အျဖစ္အခ်က္က ေတာ့ အားလုံးအတြက္ ေဘာလုံးပြဲေတြမွာ ကြၽန္ေတာ္တို႔ ပိုၿပီး အားစိုက္လုပ္ ရေတာ့မယ္ဆိုတာ သက္ေသျပေနပါတယ္’’ လို႔ ခ်ဲလ္ဆီးအသင္းကလည္း ေၾကညာခဲ့ပါတယ္။

အခုလိုမ်ိဳး မန္ယူပရိသတ္တခ်ိဳ႕ရဲ႕ လုပ္ရပ္ေၾကာင့္ အိမ္ ရွင္ပရိသတ္ေတြကေတာ့ မန္ခ်က္စတာကလပ္ အားေပးသူတခ်ိဳ႕ဟာ ႂကြက္ မႏိုင္လို႔ က်ီမီးနဲ႔ရွႈိ႕တာလို႔ စြပ္စြဲေနၾကၿပီျဖစ္ပါတယ္။