ကြွက်ပေါတဲ့အခန်းထဲကနေ ဝင်ဘလေကွင်းထဲခြေချခွင့်ရတော့မယ့် ဇာတ်နာလွန်းခဲ့တဲ့ သူ့ရဲ့ဘဝကို ကာဆယ်ကြယ်ပွင့် ဘရူနိုဂွီမာရက်စ် ရင်ဖွင့်

ကာဆယ်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဂွီမာရက်စ်က ကြွက်ပေါတဲ့

အိပ်ယာထက်ကနေ ဝင်ဘလေကွင်းထဲအရောက်လှမ်းခဲ့ရာမှာ ဇာတ်နာလွန်းတဲ့

ဘဝကိုမျှဝေသွားခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။

ဘရာဇီးသားဟာ နယူးကာဆယ်ရဲ့ဆုဖလားငတ်မွတ်မှုကိုအဆုံးသတ်

ပေးဖို့အတွက် ဝင်ဘလေကွင်းထဲမှာ ယူနိုက်တက်ကိုအနိုင်ရဖို့

ကူညီပေးရမှာဖြစ်တယ်။ ဒီပွဲမတိုင်ခင်မှာပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတဲ့

ဂွီမာရက်စ်ဟာ ယူနိုက်တက်နဲ့ပွဲအတွက်အဆင်သင့်ဖြစ်နေပါတယ်။

သူ့ရဲ့အိပ်မက်တွေအကောင်အထည်ဖော်ဖို့အတွက် နက်နက်နဲနဲ

တူးဆွခဲ့ရတယ်လို့ ဘရာဇီးသားက ဖွင့်ဟလာတာပါ။

အသက် ၂၅ နှစ်အရွယ် ဘရူနိုဂွီမာရက်စ်ဟာ လူငယ်ကစားသမားဘဝမှာ

ဘရာဇီးထိပ်တန်းကလပ်တွေဖြစ်တဲ့ ဘိုတာဖိုဂိုနဲ့ ဖလူမီးနီးစ်

လူငယ်အသင်းတွေရဲ့အငြင်းပယ်ခံဖြစ်ခဲ့ပါတယ်။ အငှားယာဉ်မောင်းဖခင်နဲ့

မိခင်တို့ရဲ့ဖေးမမှုကြောင့်သာ ယုံကြည်မှုတွေရခဲ့သလို Audax São Paulo

အသင်းရဲ့ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့တာဖြစ်တယ်။

ဒါပေမယ့် အခွင့်အရေးကြီးကသိပ်တော့မဟန်ခဲ့ပါဘူး။

နေအိမ်ကထွက်ခွာခဲ့တဲ့နောက် ကျဉ်းကျပ်တဲ့အဆောင်တစ်ခုမှာ

အခြားဘောလုံးသမား ၁၈ ယောက်နဲ့အတူနေထိုင်ခဲ့ရပါတယ်။

ဒီအခန်းထဲ လက်ကိုင်ဖုန်းရှာဖွေရာမှာ ပရိုတင်းဖျော်ရည်သောက်နေတဲ့

ကြွက်ကြီးတစ်ကောင်နဲ့တွေ့ခဲ့ရတဲ့ အခိုက်အတန့်ကို ဘရာဇီးသားက

ပြန်ပြောင်းပြောပြခဲ့တာဖြစ်တယ်။ “ပလက်စတစ်ဖုန်းတစ်လုံးကို

လိုက်ရှာမယ့်အစား တစ်ခုခုတော့ခံစားရတယ်…အမွှေးထူတယ်။

ဒါပေမယ့် ချစ်စရာတော့မကောင်းဘူး။ ချစ်ဖို့ကောင်းတဲ့ အမွှေးတွေ

မဟုတ်ဘူး ဘရိုရေ။ သောက်တလွဲပုံစံ အမွှေးအမဲမျိုးကြီး။

နောက်တော့ အမြီးပါသလိုခံစားရတယ်။ ငါ့ဘဝမှာ အမြီးတစ်ခုလို

ခံစားလိုက်ရတယ်။ ဘရို ငါ့အော်သံကိုမင်းကြားနိုင်ရင်…

ဒီကြွက်ကလေးက ကျွန်တော့်ကိုကြည့်နေသလိုမျိုး ‘အို…ငါ့အိပ်ယာထဲ

ဘာလာလုပ်နေတာလဲ'” လို့ ဂွီမာရက်စ်က ဖွင့်ဟခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေက ငရဲမှာကျန်နေရစ်ခဲ့ပေမယ့် ဘရာဇီးသားကတော့

လက်ရှိဘဝနဲ့ အတိတ်ကိုပြန်လည်ပေါင်းစပ်ပေးခဲ့တာဖြစ်တယ်။

သူဟာ လူငယ်ဘဝမှာ တစ်လကို ဘရာဇီးငွေ ၄၀၀ သာရခဲ့ပြီး

၆၅ ပေါင်နဲ့ညီမျှတဲ့လစာတစ်ရပ်ကိုသာ ရရှိခဲ့တာပါ။

zawgyi

ႂကြက္ေပါတဲ့အခန္းထဲကေန ဝင္ဘေလကြင္းထဲေျခခ်ခြင့္ရေတာ့မယ့္ ဇာတ္နာလြန္းခဲ့တဲ့ သူ႔ရဲ႕ဘဝကို ကာဆယ္ၾကယ္ပြင့္ ဘ႐ူႏိုဂြီမာရက္စ္ ရင္ဖြင့္

ကာဆယ္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏိုဂြီမာရက္စ္က ႂကြက္ေပါတဲ့

အိပ္ယာထက္ကေန ဝင္ဘေလကြင္းထဲအေရာက္လွမ္းခဲ့ရာမွာ ဇာတ္နာလြန္းတဲ့

ဘဝကိုမွ်ေဝသြားခဲ့တယ္လို႔ The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။

ဘရာဇီးသားဟာ နယူးကာဆယ္ရဲ႕ဆုဖလားငတ္မြတ္မႈကိုအဆုံးသတ္

ေပးဖို႔အတြက္ ဝင္ဘေလကြင္းထဲမွာ ယူႏိုက္တက္ကိုအႏိုင္ရဖို႔

ကူညီေပးရမွာျဖစ္တယ္။ ဒီပြဲမတိုင္ခင္မွာပြဲပယ္ျပစ္ဒဏ္က်ခံခဲ့ရတဲ့

ဂြီမာရက္စ္ဟာ ယူႏိုက္တက္နဲ႔ပြဲအတြက္အဆင္သင့္ျဖစ္ေနပါတယ္။

သူ႔ရဲ႕အိပ္မက္ေတြအေကာင္အထည္ေဖာ္ဖို႔အတြက္ နက္နက္နဲနဲ

တူးဆြခဲ့ရတယ္လို႔ ဘရာဇီးသားက ဖြင့္ဟလာတာပါ။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဘ႐ူႏိုဂြီမာရက္စ္ဟာ လူငယ္ကစားသမားဘဝမွာ

ဘရာဇီးထိပ္တန္းကလပ္ေတြျဖစ္တဲ့ ဘိုတာဖိုဂိုနဲ႔ ဖလူမီးနီးစ္

လူငယ္အသင္းေတြရဲ႕အျငင္းပယ္ခံျဖစ္ခဲ့ပါတယ္။ အငွားယာဥ္ေမာင္းဖခင္နဲ႔

မိခင္တို႔ရဲ႕ေဖးမမႈေၾကာင့္သာ ယုံၾကည္မႈေတြရခဲ့သလို Audax São Paulo

အသင္းရဲ႕ကမ္းလွမ္းမႈကိုလက္ခံရရွိခဲ့တာျဖစ္တယ္။

ဒါေပမယ့္ အခြင့္အေရးႀကီးကသိပ္ေတာ့မဟန္ခဲ့ပါဘူး။

ေနအိမ္ကထြက္ခြာခဲ့တဲ့ေနာက္ က်ဥ္းက်ပ္တဲ့အေဆာင္တစ္ခုမွာ

အျခားေဘာလုံးသမား ၁၈ ေယာက္နဲ႔အတူေနထိုင္ခဲ့ရပါတယ္။

ဒီအခန္းထဲ လက္ကိုင္ဖုန္းရွာေဖြရာမွာ ပ႐ိုတင္းေဖ်ာ္ရည္ေသာက္ေနတဲ့

ႂကြက္ႀကီးတစ္ေကာင္နဲ႔ေတြ႕ခဲ့ရတဲ့ အခိုက္အတန႔္ကို ဘရာဇီးသားက

ျပန္ေျပာင္းေျပာျပခဲ့တာျဖစ္တယ္။ “ပလက္စတစ္ဖုန္းတစ္လုံးကို

လိုက္ရွာမယ့္အစား တစ္ခုခုေတာ့ခံစားရတယ္…အေမႊးထူတယ္။

ဒါေပမယ့္ ခ်စ္စရာေတာ့မေကာင္းဘူး။ ခ်စ္ဖို႔ေကာင္းတဲ့ အေမႊးေတြ

မဟုတ္ဘူး ဘ႐ိုေရ။ ေသာက္တလြဲပုံစံ အေမႊးအမဲမ်ိဳးႀကီး။

ေနာက္ေတာ့ အၿမီးပါသလိုခံစားရတယ္။ ငါ့ဘဝမွာ အၿမီးတစ္ခုလို

ခံစားလိုက္ရတယ္။ ဘ႐ို ငါ့ေအာ္သံကိုမင္းၾကားႏိုင္ရင္…

ဒီႂကြက္ကေလးက ကြၽန္ေတာ့္ကိုၾကည့္ေနသလိုမ်ိဳး ‘အို…ငါ့အိပ္ယာထဲ

ဘာလာလုပ္ေနတာလဲ'” လို႔ ဂြီမာရက္စ္က ဖြင့္ဟခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ေတြက ငရဲမွာက်န္ေနရစ္ခဲ့ေပမယ့္ ဘရာဇီးသားကေတာ့

လက္ရွိဘဝနဲ႔ အတိတ္ကိုျပန္လည္ေပါင္းစပ္ေပးခဲ့တာျဖစ္တယ္။

သူဟာ လူငယ္ဘဝမွာ တစ္လကို ဘရာဇီးေငြ ၄၀၀ သာရခဲ့ၿပီး

၆၅ ေပါင္နဲ႔ညီမွ်တဲ့လစာတစ္ရပ္ကိုသာ ရရွိခဲ့တာပါ။