ကြွက်ကလေးရဲ့ပွဲထွက်ချိန်

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကို ၃-၂ဂိုးနဲ့ရှုံးခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ

မန်စီးတီးကို ပထမနေရာ ဖယ်ပေးလိုက်ရသလို ချန်ပီယံလိဂ်မှာလည်း ဇင်းနစ်နဲ့

၃ဂိုးစီ သရေကျခဲ့တာကြောင့် အုပ်စုဒုတိယနေရာသာ ရရှိခဲ့ပါတယ်။

ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ

ယခုနှစ် ဘောလုံး ရာသီမှာ မကြာခဏ ဒဏ်ရာရခြင်း ၊ ကြံ့ခိုင်မှု မပြည့်ခြင်းတွေ

ကြောင့် ပွဲထွက်ခွင့် အနည်းငယ်သာ ရထားပါသေးတယ် ။ ဂျူဗင်တပ်စ် အသင်းကို

၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် ၊ ၎င်းဟာ အခုအချိန်

အထိ ပြန်လည် သက်သာလာခြင်း မရှိသေးပါဘူး ။

ယနေ့ည ကစားမယ့် လိဒ်စ်ယူနိုက်တက် အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ် မှာ လက်ခံ

ကစားရမယ့် ပရီးမီးယားလိဂ်ပွဲ ကိုတော့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ

ဂျော်ဂျင်ဟို ပြန်လည် ပါဝင်ပေးနိုင်မယ်လို့ သိရပေမယ့် ၊ ၎င်းဟာလည်း နောက်ကျော

ဒဏ်ရာကနေ အပြည့်အဝ ပြန်ကောင်းခြင်းတော့ မရှိသေးပါဘူး ။

တူချယ်လ် က ” အန်ဂိုလို မပါဝင်ပဲ ကစားရတဲ့ ပွဲတိုင်းမှာ ကျွန်တော်တို့ အမြဲတမ်း

စိုးရိမ်ကြရပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ကမ္ဘာမှာ တမူထူးခြားတဲ့ ကစားသမား

တစ်ဦး ဖြစ်လို့ပါ ။ ဒါက ကျွန်တော့်ရဲ့ တစ်ဦးတည်း အမြင်ပါ ။ ခင်ဗျားဟာ ဒုတိယ

အန်ဂိုလို ဖြစ်လာမယ့်သူမျိုး ထပ်မြင်ဖို့ မလွယ်ပါဘူး ။ ”

“သူ အခုလို မကြာခဏ ဒဏ်ရာ ရနေတာကို ကျွန်တော် စိုးရိမ်နေပါတယ် ။ ရက်

နည်းနည်းပါးပါးပဲ သူ့ကို စောင့်ရတယ် ဆိုရင်တော့ ကျွန်တော် စိတ်ပူနေမှာ

မဟုတ်ပါဘူး ။ အခုက သူ ဒဏ်ရာရပြီး နားနေရတာ အတော်လေး ကြာနေပါပြီ ။

လာမယ့် အင်္ဂါနေ့ ထရိန်နင် အမှီတော့ သူ ပြန်လာဖို့ မျှော်လင့်ပါတယ် ။ ” လို့

ပြောကြားခဲ့ပါတယ် ။

Zawgyi

ႂကြက္ကေလးရဲ႕ပြဲထြက္ခ်ိန္

ခ်ဲလ္ဆီးအသင္းဟာ ဝက္စ္ဟမ္းကို ၃-၂ဂိုးနဲ႔ရႈံးခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ

မန္စီးတီးကို ပထမေနရာ ဖယ္ေပးလိုက္ရသလို ခ်န္ပီယံလိဂ္မွာလည္း ဇင္းနစ္နဲ႔

၃ဂိုးစီ သေရက်ခဲ့တာေၾကာင့္ အုပ္စုဒုတိယေနရာသာ ရရွိခဲ့ပါတယ္။

ခ်ဲလ္ဆီး အသင္းရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ အန္ဂိုလို ကန္ေတဟာ

ယခုႏွစ္ ေဘာလုံး ရာသီမွာ မၾကာခဏ ဒဏ္ရာရျခင္း ၊ ႀကံ့ခိုင္မႈ မျပည့္ျခင္းေတြ

ေၾကာင့္ ပြဲထြက္ခြင့္ အနည္းငယ္သာ ရထားပါေသးတယ္ ။ ဂ်ဴဗင္တပ္စ္ အသင္းကို

၄ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ဒဏ္ရာရခဲ့ၿပီးေနာက္ ၊ ၎ဟာ အခုအခ်ိန္

အထိ ျပန္လည္ သက္သာလာျခင္း မရွိေသးပါဘူး ။

ယေန႔ည ကစားမယ့္ လိဒ္စ္ယူႏိုက္တက္ အသင္းကို စတမ္းဖို႔ဒ္ဘရစ္ခ်္ မွာ လက္ခံ

ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲ ကိုေတာ့ အီတလီ လက္ေ႐ြးစင္ ကြင္းလယ္လူ

ေဂ်ာ္ဂ်င္ဟို ျပန္လည္ ပါဝင္ေပးႏိုင္မယ္လို႔ သိရေပမယ့္ ၊ ၎ဟာလည္း ေနာက္ေက်ာ

ဒဏ္ရာကေန အျပည့္အဝ ျပန္ေကာင္းျခင္းေတာ့ မရွိေသးပါဘူး ။

တူခ်ယ္လ္ က ” အန္ဂိုလို မပါဝင္ပဲ ကစားရတဲ့ ပြဲတိုင္းမွာ ကြၽန္ေတာ္တို႔ အၿမဲတမ္း

စိုးရိမ္ၾကရပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ သူဟာ ကမာၻမွာ တမူထူးျခားတဲ့ ကစားသမား

တစ္ဦး ျဖစ္လို႔ပါ ။ ဒါက ကြၽန္ေတာ့္ရဲ႕ တစ္ဦးတည္း အျမင္ပါ ။ ခင္ဗ်ားဟာ ဒုတိယ

အန္ဂိုလို ျဖစ္လာမယ့္သူမ်ိဳး ထပ္ျမင္ဖို႔ မလြယ္ပါဘူး ။ ”

“သူ အခုလို မၾကာခဏ ဒဏ္ရာ ရေနတာကို ကြၽန္ေတာ္ စိုးရိမ္ေနပါတယ္ ။ ရက္

နည္းနည္းပါးပါးပဲ သူ႔ကို ေစာင့္ရတယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္ စိတ္ပူေနမွာ

မဟုတ္ပါဘူး ။ အခုက သူ ဒဏ္ရာရၿပီး နားေနရတာ အေတာ္ေလး ၾကာေနပါၿပီ ။

လာမယ့္ အဂၤါေန႔ ထရိန္နင္ အမွီေတာ့ သူ ျပန္လာဖို႔ ေမွ်ာ္လင့္ပါတယ္ ။ ” လို႔

ေျပာၾကားခဲ့ပါတယ္ ။