
မနေ့ည (သောကြာည) ကတော့ ရွေးချယ်မှု ရာနှုန်းပြည့်မှန်ခဲ့ ပါတယ်။
အင်တာမီလန် နိုင်ပွဲပြန်ရရုံသာမက ကြေးပါအောင် သင့်နေပြီဆိုပြီး
သုံးသပ်တင်ပြခဲ့ရာမှာ ၅ဂိုးပြတ်နိုင်ခဲ့တာမို့ အ တိုင်းထက်အလွန်ပါပဲ။
ဒီကနေ့ည(စနေည)မှာလည်း ဆက်ပြီး အောင်ပွဲခံနိုင်အောင်
အကောင်းဆုံး သုံးသပ်ရွေးချယ်ထားပါ တယ်။
အူဒီးနီးစ် ဆမ်ဒိုးရီးယား
ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲမှာ မိနစ် ၉၀ နိုင်ပွဲ ၁ပွဲသာရှိခဲ့ပေမယ့်
လာဇီယိုနဲ့ အေစီမီလန်ကို အူဒီးနီးစ် သရေကစားနိုင်ခဲ့တယ်။
အူဒီးနီးစ်ရဲ့ ဒီရာသီအိမ်ကွင်းခြေစွမ်းကလည်း တည်ငြိမ်မှုရှိပြီး
ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး ၉ပွဲမှာ ၁ပွဲသာရှုံးခဲ့တယ်။
ဆမ်ဒိုး ရီးယားက အိမ်ကွင်း ၂ပွဲဆက်နိုင်ထားပေမယ့်
ပြိုင်ပွဲစုံအဝေး ကွင်း ၅ပွဲဆက်ရှုံးခဲ့ရာမှာတော့ ၁ဂိုးသာသွင်းနိုင်ခဲ့တာပါ။
အ မှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေသလို
ရမှတ် လည်းတူနေတဲ့ ၂သင်း ရင်ဆိုင်ရမယ့်ပွဲမှာ
အူဒီးနီးစ်က အိမ် ရှင်ဖြစ်ရုံလေးနဲ့ ၁+၈၀ ပေးထားရတာကတော့ ပြင်းပါတယ်။
အူဒီးနီးစ် နိုင်ပွဲပြန်ရဖို့များတယ်။
ရွေးချယ်မှု – အူဒီးနီးစ်
ရိုးမား အတ္တလန္တာ
စပီဇီယာကို နာကျင်အချိန်ပိုဂိုးနဲ့နိုင်ခဲ့ပေမယ့် ရိုးမားတိုက်စစ်
အဆုံးသတ် တော်တော်ညံ့ခဲ့ပါတယ်။
ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်သာခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှု
၃၁ကြိမ်လုပ် နိုင်ခဲ့တာတောင် ပင်နယ်တီလက်ဆောင်ရလို့သာ နိုင်ခဲ့တာပါ။
အတ္တလန္တာကတော့ အိုလံပီယာကို့စ်နဲ့ဆမ်ဒိုးရီးယားကို ဂိုးပြတ် နိုင်ပြီး
လမ်းကြောင်းမှန်ပေါ်ပြန်ရောက်စပြုလာပါပြီ။
၂ပွဲဆက်ဂိုး မပေးခဲ့ရတဲ့ခံစစ်ကလည်း အဆုံးသတ်အားနည်းတဲ့
ရိုးမားတိုက် စစ်ကိုထိန်းနိုင်ဖို့များတယ်။ နောက်ဆုံး ၂ပွဲမှာ ၇ဂိုးသွင်းနိုင်ခဲ့ပေ မယ့်
အိုလံပီကိုမှာလည်း အတ္တလန္တာ ဂိုးရဖို့ ရုန်းကန်ရမှာပါ။
ဂိုး ပေါင်းဈေးကလည်း ၃+၁၅ ကနေ ၃+၆၅ ကို ကျလာတာမို့
ဂိုး အောက်စွန့်စားရွေးပေးချင်တယ်။
ရွေးချယ်မှု – ဂိုးအောက်
ကက်ဂလီယာရီ လာဇီယို
ကက်ဂလီယာရီ ကြွေတက်နေတာ ငြင်းမရပါဘူး။
လိဂ်နောက် ဆုံး ၈ပွဲမှာဆိုရင် ၄ပွဲနိုင်၊ ၃ပွဲသရေ၊ ၁ပွဲသာရှုံးခဲ့ပြီး
တန်းဆင်း ဇုန်ကလွတ်လာပါပြီ။ နောက်ဆုံးအိမ်ကွင်း ၃ပွဲမှာ
နာပိုလီနဲ့ ဖီ အိုကိုသရေ၊ ဘိုလော့ဂ်နာကိုနိုင်ခဲ့တာမို့ ခြေမမှန်တဲ့
လာဇီယို ကိုလည်း ကောင်းကောင်းဒုက္ခပေးနိုင်မှာပါ။
လာဇီယိုက ယူရို ပါလိဂ်ကနေထွက်ခဲ့ရသလို စီးရီးအေ
နောက်ဆုံး ၂ပွဲမှာလည်း ၁မှတ်သာရခဲ့တာပါ။
လာဇီယိုဘော်ဒီဈေး =၆၀ ကလည်း အ နည်းငယ်ပျော့နေပါတယ်။
ကက်ဂလီယာရီ သရေရသွားမယ် ဆိုရင် အံ့သြစရာမရှိပါဘူး။
ရွေးချယ်မှု – ကက်ဂလီယာရီ
zawgyi
ကြေးပြင်းတဲ့ အူဒီးနီးစ် နိုင်ပွဲပြန်ရမယ်၊ ရိုးမား – အတ္တလန္တာပွဲ ဂိုးအောက် အဖြေရှာကြည့်မိတဲ့ စနေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
ရိုးမား အတ္တလန္တာ
ကက်ဂလီယာရီ လာဇီယို