ကြောင်တောင်တောင်သွင်းဂိုး ပေးလိုက်ရလို့ ရှုံးခဲ့ရတာဆိုတဲ့ ကလော့ပ်

စနေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲကလိဒ်ကို ၂-၁ ဂိုးရ လဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ပရိသတ်တွေရဲ့ ဒေါသနဲ့ ထိပ်တိုက်ကြုံနေရပြီဖြစ် တဲ့ နည်းပြကလော့ပ်ဟာ အဲဒီပွဲစဉ်မှာ

ကြောင်တောင်တောင် သွင်းဂိုးနဲ့ ဦးဆောင်တာခံလိုက်ရတဲ့အတွက် ရှုံးပွဲကြုံခဲ့ရတာလို့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲစဉ်မှာ ကြိုးကြာနီတွေဟာ ပွဲချိန် ၄ မိနစ်မှာတောင် နောက်ခံလူ

ဂိုမက်စ်ရဲ့ အမှားကနေတစ်ဆင့် ဂိုးပေးလိုက်ရပြီး ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို ရိုဒရီဂိုက သွင်းယူခဲ့လို့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ရတာပါ။ လီဗာပူးဟာ ဧည့်သည်အသင်းကို

ချေပဂိုး လိုက်သွင်းနိုင်ခဲ့ပေမယ့် အနိုင်ဂိုးကို ထပ်ပြီး ခွင့်ပြုခဲ့ရတာကြောင့် ရှုံးပွဲ ကြုံခဲ့ရပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးပွဲ တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့်

လီဗာပူးဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့သလို ဒီညမှာ ကစားမယ့် ပွဲစဉ်မှာ အာဆင်နယ် ကသာ နော်တင်ဟမ်ကို အနိုင်ရခဲ့မယ်ဆိုရင်

လန်ဒန်ကလပ်နဲ့ ၁၅ မှတ်အထိကို ကွာဟတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အသင်းအနေနဲ့ အမှတ်ပေး ဇယား ထိပ်ပိုင်းကို ပြန်ပြီး တက်လှမ်းနိုင်ဖို့အတွက် တိုက်ပွဲဝင်ရတော့မယ်လို့

ကလော့ပ်က လိဒ်နဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။ ‘’ဒါက ဆက်တိုက် ရှုံးခဲ့တာပေါ့လေ။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ ထင်တယ်။ အဲဒီနောက်

ကြောင်တောင်တောင် ဂိုးတစ်ဂိုး ပေးလိုက်ရတယ်။ ကျွန် တော်တို့ ချေပဂိုး ပြန်သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ တချို့အရာတွေကြောင့် အဲဒီသွင်းဂိုးဟာ လုံခြုံမှု မပေးနိုင်ခဲ့ဘူး။

ပွဲကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ ရုန်းကန် ခဲ့ရပြီး ဘောလုံးဆုံးရှုံးမှုတွေ များလွန်းခဲ့တယ်။ ကလေးတွေ ကြိုးစားကြပါတယ်ဗျ။ ဘောလုံးပိုင်ဆိုင်မှု ကောင်းကောင်းရှိပြီး

အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ၁-၁ ဖြစ်နေချိန်မှာ ခံစစ်ကို အခု လိုမျိုး ကစားနေမယ်ဆိုရင်တော့ ဖင်ပွင့်သွားတာမျိုးပေါ့။

ကျွန်တော်တို့ တိုက်ပွဲဝင်ရမယ်။ ဒါက ကျွန်တော်တို့ လုပ်ကို လုပ်ရမယ့် အရာပါပဲ’’ လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယားရဲ့

အဆင့် ၉ နေရာကို ရောက်သွားပြီဖြစ်တဲ့ လီဗာပူးအပေါ် ပရိသတ်တွေ အလိုမကျဖြစ်နေပြီး ဇန်နဝါရီမှာ ကစားသမားခေါ်ယူအားဖြည့်ပေးဖို့ တောင်းဆိုနေကြပြီဖြစ်သလို

ကလော့ပ်ကိုလည်း ရာထူးကနေ ထွက်သွားပေးဖို့ တောင်းဆိုသူတွေလည်း ရှိလာနေပြီဖြစ်ပါတယ်။

(Zawgyi)

ေၾကာင္ေတာင္ေတာင္သြင္းဂိုး ေပးလိုက္ရလို႔ ရႈံးခဲ့ရတာဆိုတဲ့ ကေလာ့ပ္

စေနညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ တန္းဆင္းဇုန္ထဲကလိဒ္ကို ၂-၁ ဂိုးရ လဒ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ပရိသတ္ေတြရဲ႕ ေဒါသနဲ႔ ထိပ္တိုက္ႀကဳံေနရၿပီျဖစ္ တဲ့

နည္းျပကေလာ့ပ္ဟာ အဲဒီပြဲစဥ္မွာ ေၾကာင္ေတာင္ေတာင္ သြင္းဂိုးနဲ႔ ဦးေဆာင္တာခံလိုက္ရတဲ့အတြက္ ရႈံးပြဲႀကဳံခဲ့ရတာလို႔ ေျပာဆိုလိုက္ပါတယ္။

ဒီပြဲစဥ္မွာ ႀကိဳးၾကာနီေတြဟာ ပြဲခ်ိန္ ၄ မိနစ္မွာေတာင္ ေနာက္ခံလူ ဂိုမက္စ္ရဲ႕ အမွားကေနတစ္ဆင့္ ဂိုးေပးလိုက္ရၿပီး ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ထဲကို ႐ိုဒရီဂိုက

သြင္းယူခဲ့လို႔ ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ေနခဲ့ရတာပါ။ လီဗာပူးဟာ ဧည့္သည္အသင္းကို ေခ်ပဂိုး လိုက္သြင္းႏိုင္ခဲ့ေပမယ့္ အႏိုင္ဂိုးကို ထပ္ၿပီး ခြင့္ျပဳခဲ့ရတာေၾကာင့္ ရႈံးပြဲ ႀကဳံခဲ့ရၿပီး

ပရီးမီးယားလိဂ္ ၂ ပြဲဆက္တိုက္ ရႈံးပြဲ ေတြ႕ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီရလဒ္ေၾကာင့္ လီဗာပူးဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္စီးတီးနဲ႔

၁၃ မွတ္အထိ ကြာဟသြားခဲ့သလို ဒီညမွာ ကစားမယ့္ ပြဲစဥ္မွာ အာဆင္နယ္ ကသာ ေနာ္တင္ဟမ္ကို အႏိုင္ရခဲ့မယ္ဆိုရင္ လန္ဒန္ကလပ္နဲ႔ ၁၅ မွတ္အထိ ကို ကြာဟေတာ့မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သူတို႔အသင္းအေနနဲ႔ အမွတ္ေပး ဇယား ထိပ္ပိုင္းကို ျပန္ၿပီး တက္လွမ္းႏိုင္ဖို႔အတြက္ တိုက္ပြဲဝင္ရေတာ့မယ္လို႔ ကေလာ့ပ္က လိဒ္နဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

‘’ဒါက ဆက္တိုက္ ရႈံးခဲ့ တာေပါ့ေလ။ ကြၽန္ေတာ္တို႔ ပြဲကို ေကာင္းေကာင္းစတင္ႏိုင္ခဲ့တယ္လို႔ ထင္ တယ္။ အဲဒီေနာက္ ေၾကာင္ေတာင္ေတာင္

ဂိုးတစ္ဂိုး ေပးလိုက္ရတယ္။ ကြၽန္ ေတာ္တို႔ ေခ်ပဂိုး ျပန္သြင္းႏိုင္ခဲ့တယ္။ ဒါေပမဲ့ တခ်ိဳ႕အရာေတြေၾကာင့္ အဲဒီ သြင္းဂိုးဟာ လုံၿခဳံမႈ မေပးႏိုင္ခဲ့ဘူး။

ပြဲကို ထိန္းခ်ဳပ္ဖို႔ ကြၽန္ေတာ္တို႔ ႐ုန္းကန္ ခဲ့ရၿပီး ေဘာလုံးဆုံးရႈံးမႈေတြ မ်ားလြန္းခဲ့တယ္။ ကေလးေတြ ႀကိဳးစားၾကပါ တယ္ဗ်။

ေဘာလုံးပိုင္ဆိုင္မႈ ေကာင္းေကာင္းရွိၿပီး အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အဆုံးမွာေတာ့ ၁-၁ ျဖစ္ေနခ်ိန္မွာ ခံစစ္ကို အခု

လိုမ်ိဳး ကစားေနမယ္ဆိုရင္ေတာ့ ဖင္ပြင့္သြားတာမ်ိဳးေပါ့။ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ရမယ္။ ဒါက ကြၽန္ေတာ္တို႔ လုပ္ကို လုပ္ရမယ့္ အရာပါပဲ’’ လို႔

ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။ ဒီရႈံးပြဲေၾကာင့္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၉ ေနရာကို ေရာက္သြားၿပီျဖစ္တဲ့ လီဗာပူးအေပၚ ပရိသတ္ေတြ

အလိုမက်ျဖစ္ေနၿပီး ဇန္နဝါရီမွာ ကစားသမားေခၚယူအားျဖည့္ေပးဖို႔ ေတာင္းဆိုေနၾကၿပီျဖစ္သလို ကေလာ့ပ္ကိုလည္း ရာထူးကေန ထြက္သြားေပးဖို႔ ေတာင္းဆိုသူေတြလည္း ရွိလာေနၿပီျဖစ္ပါတယ္။